Print

HIV / AIDS ရောဂါပိုးရဲ့သဘာဝ

  12-Oct-2017
Preview Image


HIV / AIDS ဖြစ်ရင် ဘယ်လိုကြောင့် ကိုယ်ခံအားတွေ ကျဆင်းသွားရပါလဲ။

 လူတွေရဲ့ ပတ်ဝန်းကျင်မှာ လူတွေကို ခုက္ခပေးနိုင်တဲ့ ရောဂါအမျိုးမျိုးရှိနေပါတယ်။ နေ့စဉ်သွားလာလှုပ်ရှားရင်း၊ စားရင်းသောက်ရင်းကနေ အဲဒီရောဂါပိုးတွေ ခန္ဓာကိုယ်ထဲ ရောက်လာတတ်ပါတယ်။ ဒါပေမဲ့ ကိုယ်ခံအားကောင်းနေရင် လူတွေမှာ ဘာရောဂါမှဖြစ်မလာပါဘူး။ ဖျားတာ၊ နာတာ၊ အအေးမိချောင်းဆိုးတာတွေဟာ ခဏသာဖြစ်တတ်ပြီး ရက်ပိုင်းအတွင်း ပျောက်ကင်းသွားတာများပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သွေးထဲမှာရှိတဲ့ သွေးဖြူဥတွေက အပြင်ကဝင်လာတဲ့ ရောဂါပိုးတွေကို ဖျက်ဆီးတိုက်ဖျက်ပေးနေလို့ပဲ ဖြစ်ပါတယ်။ သွေးဖြူဥတွေနဲ့ ဖွဲ့စည်းထားတဲ့ ခုခံမှုစွမ်းအားစနစ်ကြောင့် ကိုယ်ခံအားတွေ ရှိနေပြီး လူတွေမှာ တော်ရုံတန်ရုံရောဂါ မဖြစ်နိုင်ပါဘူး။ အိတ်ချ်အိုင်ဗွီပိုးတွေ ပွားများထုတ်လုပ်ပြီး သွေးဖြူဥတွေကို ပျက်စီးစေပါတယ်။ သွေးဖြူဥတွေ ပျက်စီးတာများလာတဲ့ အခါမှာတော့ ဝင်လာတဲ့ အခြားရောဂါပိုးတွေကို တိုက်ဖျက်နိုင်စွမ်း မရှိတော့ပါဘူး။ ခုခံမှုစွမ်းအားစနစ် ပျက်စီးသွားပြီး ကိုယ်ခံအားတွေလည်း လျော့ကျတဲ့ လူတွေမှာ အဆုတ်တီဘီရောဂါ၊ ဝမ်းပျက်ဝမ်းလျှော ရောဂါ၊ အပြင်းစား ရေယုန်၊ ဦးနှောက်ရောင်ရောဂါစတဲ့ စိုးရိမ်စရာကောင်းတဲ့ ရောဂါတွေ အလွယ်တကူ ဖြစ်လာပါတယ်။ 


အိတ်ချ်အိုင်ဗွီပိုးဟာ လူ့ခန္ဓကိုယ်ရဲ့ ပြင်ပမှာ ဘယ်လောက်ကြာကြာအသက်ရှင်နိုင်ပါသလဲ။

 အိတ်ချ်အိုင်ဗွီပိုးဟာ လူ့ခန္ဓာကိုယ်ရဲ့ ပြင်ပမှာ ကြာကြာအသက်မရှင်နိုင်ပါဘူး။ ပြင်ပက နေရောင်တို့၊ လေတို့နဲ့ ထိရင် သေသွားပါတယ်။ ခန္ဓာကိုယ်အပြင်ဘက်ရောက်လာတဲ့ သွေးတွေ၊ အရည်တွေ ခြောက်ခန်းသွားချိန်မှာ ပိုးလည်းသေသွားပါပြီ။ အပြင်မှာဘယ်လောက် အသက်ရှင်နိုင်မလဲဆိုတာ အရည်ကျသွားတဲ့နေရာရဲ့ စွတ်စိုမှု၊ နေရောင်ထိတွေ့မှုနဲ့ အရည်ပမာဏ အနည်းအများ (ဥပမာ - သွေးပုလင်း၊ သွေးကွက်၊ သွေးစက်) ပေါ်မှာ မူတည်ပြီး၊  စက္ကန့်ပိုင်း၊ မိနစ်ပိုင်း၊ ရက်ပိုင်း စသည်ဖြင့် ကွာခြားသွားနိုင်ပါတယ်။  ဒါကြောင့် အပြင်ရောက်ပြီး ဘယ်လောက်ကြာတဲ့သွေး (ဒါမှမဟုတ်) အရည်ပဲဖြစ်ဖြစ် အလွယ်တကူ မကိုင်တွယ်သင့်ပါဘူး။ ကိုင်တွယ်ရင် ကာကွယ်မှုယူရပါမယ်။ သတိပြုရမယ့် အချက်ကတော့ အိတ်ချ်အိုင်ဗွီပိုးဟာ အလွယ်တကူမကူးစက်နိုင်ပါဘူး။ လိင်ဆက်ဆံတာ၊ သွေးသွင်းတာ၊ ပိုးမသတ်ထားတဲ့ ဆေးထိုးအပ်တွေနဲ့ ဆေးထိုးတာတွေ ဆီကသာ အဓိကကူးစက်မှာဖြစ်ပါတယ်။ 


AIDS ရောဂါကာကွယ်နည်းများ

လိင်ဆက်ဆံမှုမှ ရောဂါမကူးစက်အောင် ကာကွယ်နည်းများ 

၁။ လိင်ဆက်ဆံမှုမှ ရှောင်ကြဉ်ခြင်း၊

၂။ လိင်အပျော်အပါးမှ ရှောင်ကြဉ်ခြင်း၊

၃။ တစ်လင်တစ်မယားစနစ်ကို ကျင့်သုံးခြင်း၊

၄။ စိတ်ချရသောသူနှင့်သာ လိင်ဆက်ဆံခြင်း၊

၅။ လိင်ဆက်ဆံတိုင်း ကွန်ဒုံးကို အသုံးပြုခြင်း၊

၆။ HIV ပိုး စစ်ပြီးမှ လက်ထပ်ခြင်း၊ စသည်တို့ဖြစ်ပါသည်။


Credit:Dr.Oliver



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18