Print

ကိုယ်ဝန်ဆောင်ဝမ်းချုပ်ခြင်းကို ကာကွယ်ပေးသော အစားအစာများ

  17-Apr-2018
Preview Image

၁။ အာလူး

 အာလူးထဲတွင် အာဟာရဓာတ်ပြည့်ဝစွာ ပါဝင်သည့် သန္ဓေသားဖွံ့ဖြိုးမှုကို တိုးတက်စေရန် ကူညီပေးနိုင်သည်။ ကိုယ်ဝန်ဆောင်မိခင်၏ ကျန်းမာရေးကို ကောင်းမွန်စေနိုင်သည်။ အာလူးထဲတွင် ဆယ်လူးကို့စ်ဓာတ် ပါဝင်ခြင်းကြောင့် အူမကြီးကို ကျန်းမာစေမည်။ ကိုလက်စထရောကို ချပေးနိုင်သည်။ အူလမ်းကြောင်းတွင် ပိတ်ဆို့နေသော အညစ်အကြေးများကို ရှင်းထုတ်၍ အူလမ်းကြောင်းကို ပွင့်စေနိုင်သည်။ 


၂။ ပြောင်းဖူး

 ပြောင်းဖူးသည် ကျန်းမာရေးကို ကောင်းစေသော အစားအစာတစ်မျိုးဖြစ်သည်။ အူမကြီးကို ထိုးဆွပေးနိုင်သည်။ ဆယ်လူလို့စ်ဓာတ် ပြည့်ဝစွာပါဝင်သောကြောင့် ဝမ်းချုပ်ခြင်းကို မဖြစ်စေရန် ပြုလုပ်ပေးနိုင်သည်။ 


၃။ ပဲဝါ

 ပဲဝါထဲတွင် ပရိုတင်းနှင့် ဆယ်လူလို့စ်ဓာတ် မြင့်မားစွာပါဝင်ပါသည်။ ပဲဝါလေးသည် သန္ဓေသားကို ဖွံ့ဖြိုးစေနိုင်သည်။ အူမကြီးကို ထိုးဆွပေးနိုင်သဖြင့် ဝမ်းမချုပ်စေနိုင်ပါ။


၄။ ပိန်းဥ

 ပိန်းဥထဲတွင် အာဟာရဓာတ်ပြည့်ဝစွာ ပါဝင်သည်။ အစာချေစနစ်ကို ကောင်းမွန်စေရန် ကာကွယ်ပေးနိုင်သည်။ အူမကြီးကို ထိုးဆွပေးနိုင်၍ ဝမ်းသွားစေရန် ကူညီပေးနိုင်သည်။ သွေးကြောနံရံများတွင် ကပ်နေသော အဆီများကို ချပေးနိုင်သည်။


၅။ စတော်ဘယ်ရီ

 စတော်ဘယ်ရီထဲတွင် ပရိုတင်းဓာတ် အပြည့်အဝပါဝင်သည်။ လူ့ခန္ဓာကိုယ်မှ လိုအပ်သော ဗီတာမင်နှင့် သတ္တုဓာတ် များလည်းပါဝင်ပါသည်။ စတော်ဘယ်ရီထဲတွင် အသည်းကို ကောင်းစေသော ဓာတ်များလည်း ပါဝင်သည်။ အဓိကအားဖြင့် ဆယ်လူးလို့စ်ဓာတ် ပါဝင်ခြင်းကြောင့် အစာကိုကြေစေနိုင်သည်။ အူမကြီးကိုစွတ်စိုစေသည်။ ဝမ်းကိုသွားစေနိုင်မည်။


၆။ ရွှေပဲ 

 ရွှေပဲထဲတွင် အမိုင်နိုင်အက်ဆစ်နှင့် ပရိုတင်းဓာတ်တို့ ပါဝင်သည်။ ဗီတာမင်၊ သတ္တုဓာတ်များလည်း ပါဝင်သည်။ ရွှေပဲကို မကြာခဏစားပေးပါက သရက်ရွက်၊ အစာအိမ်ကို ကျန်းမာစေနိုင်သည်။ အသားအရေကိုလှပစေနိုင်သည်။ အားကို တိုးစေနိုင်သည်။ ရွှေပဲထဲတွင် ဆယ်လူလို့စ်ဓာတ် ပြည့်ဝစွာပါဝင်ခြင်းကြောင့် ဝမ်းကိုကောင်းစေနိုင်သည်။ 


၇။ နဂါးမောက်သီး

 နဂါးမောက်သီးထဲတွင် သတ္တုဓာတ်၊ ကယ်လ်ဆီယမ်ဓာတ်၊ မီးစုန်းဓာတ်၊ သံဓာတ်၊ ပိုတက်ဆီယမ်၊ ဆိုဒီယမ်ဓာတ်၊ ဇင့်ဓာတ်၊ မဂ္ဂနီဆီယမ်ဓာတ်တို့ ပြည့်ဝစွာပါသည်။ 


၈။ ခရမ်းချဉ်သီး

 ခရမ်းချဉ်သီးထဲတွင် အာဟာရဓာတ်ပြည့်ဝစွာပါဝင်သည်။ ခရမ်းချဉ်သီး စားပေးပါက ကိုယ်ဝန်ဆောင်မိခင်များ ဝမ်းချုပ်ခြင်း မဖြစ်စေရန် ကာကွယ်ပေးနိုင်သည်။


၉။ ပန်းသီး

 ပန်းသီးထဲတွင် ဗီတာမင်၊ သတ္တုဓာတ်တို့ ပါဝင်သောကြောင့် သန္ဓေသားကို ဖွံ့ဖြိုးတိုးတက်စေမည်။ အူမကြီးကို ထိန်းပေးနိုင်သောကြောင့် ဝမ်းချုပ်ခြင်းကို ကာကွယ်ပေးသည်။


၁၀။ ကီဝီသီး

 ကီဝီသီးထဲတွင် ဗီတာမင် အေ၊ စီ၊ အီး နှင့် ကယ်လ်ဆီယမ်၊ ပိုတက်ဆီယမ်၊ ဆယ်လူလို့စ်၊ အမိုင်နိုအက်ဆစ်တို့ ပါဝင်သည်။ ကီဝီသီးသည် မိခင်နှင့် သန္ဓေသားကို ကောင်းကျိုးပေးနိုင်သည်။ ဝမ်းကို သွားရလွယ်စေနိုင်သည်။


Credit: Dr.HMA



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18