Print

ကိုယ်ဝန်ဆောင်ချိန် မတည်ငြိမ်သော အနေအထား

  26-Jan-2019
Preview Image

သန္ဓေသား၏ အနေအထား မတည်ငြိမ်မှုဆိုသည့်အဓိပ္ပယ်မှာ အလိုအလျောက် ဖော်ပြပြီးသားဖြစ်နေပါသည်။ သန္ဓေသား၏ ဝင်ရိုးကြောင်းမှာ အကြိမ်ကြိမ်ပြောင်းလဲနေသဖြင့် ကန့်လန့်မှ အလျားလိုက်၊ ထိုမှ တစောင်းအနေအထားသို့ ပြောင်းလဲတည်နေခြင်းကို ခေါ်ပါသည်။ ဗိုက်စမ်းသပ်စစ်ဆေးရာတွင် အကြိမ်တိုင်း သန္ဓေသားအနေအထားရှိပုံ မတူညီကြောင်းတွေ့ရပါက သန္ဓေသား အနေအထား မတည်ငြိမ်မှု Unstable Lie ဟု ခေါ်ပေသည်။

သားနှောင်းကိုယ်ဝန်ဆောင်များတွင် အများအားဖြင့် တွေ့ရတက်သည်။ သားဦးကိုယ်ဝန်ဆောင်များထက် ငါးဆ ခြောက်ဆ ပိုတွေ့မြင်ရတက်သည်။ ယင်းသို့ဖြစ်ရခြင်းမှာ သားအိမ်နှင့် ဗိုက်နံရံကြွက်သားများ အားနည်းလာရာမှ သန္ဓေသားလှုရှားမှုကို လွတ်လပ်ခွင့်ပေးစွမ်းလာသောကြောင့် ဖြစ်သည်။

သန္ဓေသားအနေအထား မတည်ငြိမ်မှုဖြစ်နေခြင်းနှင့် ဆက်နွယ်နေသော အကြောင်းများရှိသည်။ သန္ဓေသားဦးခေါင်းက တင်ဆုံရိုးအခွေအတွင်း စိုက်ဝင်အံကျခြင်းကို ဟန့်တားသော အခြေအနေဖြစ်စေသည်။ သန္ဓေသားလှုပ်ရှားမှုကို ထူကဲစွာ ထားပေးရာရောက်၍ ဖြစ်သည်။

သားဆက်များခြင်း Multi Parity သည် ဆက်နွယ်နေသော အကြောင်းအရာတွင် အရေးအကြီးဆုံးဖြစ်သည်။ ဗိုက်နံရံကြွက်သားများ အားလျော့နည်းလာခြင်းနှင့် ဝမ်းဗိုက်တွဲကျခြင်း Pendu- lous Abdomen တို့နှင့် ခါးရိုးရှေ့သို့ ကွေးလာခြင်း Lordusis of the Spine တို့အပြင် တင်ဆုံရိုးခွေစောင်းထောင့် ငိုက်ကျလာခြင်း High Angle of Pelvic Inclination တို့ ပေါင်းစပ်ဖြစ်ပေါ်ရခြင်းဖြစ်သည်။ ကိုးယောက်မြောက် ကိုယ်ဝန်ဆောင်ပြီးသူများတွင် ဖြစ်ပွားမှု ၁၀ ဆ များသည်ကို တွေ့ရကြောင်း ပညာရှင်တစ်ဦးက ဆိုခဲ့သည်။

ကိုယ်ဝန်ဆောင်ချိန်မှာ အဖြစ်များတဲ့ မတည်ငြိမ်သော အနေအထားများမှာ-
ဥပမာ - ကိုယ်ဝန်လစေ့ခြင်း (Prematurity)
- ရေမြွာရည်များခြင်း (Hydramnios)
- ကျဉ်းသော တင်ဆုံရိုးခွေ
- အချင်းရှေ့ရောက် (Placenta Praevia)
- တင်ဆုံရိုးအတွင်းရှိ အလုံးအဖုများ (Pelvic Tumours)
- လွန်ကဲစွာ ဆန့်ကျင်သော သန္ဓေသား (Hyperextension of the Foetus)
- သားအိမ်ပုံပန်းမကျခြင်း (Uterine Malformation)
- သန္ဓေသား ချွန်ယွင်းချက် (Foetal Abnormality)
- တစ်ဆင့်ခံ ဝမ်းဗိုက်အတွင်း သန္ဓေတည်ခြင်း ( Secondary Abdominal Pregnancy)

အဓိကအဖြစ်များတဲ့ အကြောင်းအရင်း အချက်အလက်တွေကတော့ -

ကိုယ်ဝန်လစေ့ခြင်း (Prematurity)
ကိုယ်ဝန်လနုစဉ်ကာလအတွင်း ရေမြွှာရည်အိတ် အရွယ်အစားနှင့် နှိုင်းယှဉ်လျှင် သန္ဓေသားမှာ သေးငယ်နေ၍ သန္ဓေသားအား လွတ်လပ်စွာ လှုပ်ရှားခွင့်ပေးထားသည်။ ထိုအနေအထားကို ကိုယ်ဝန်အပတ် ၃၀ ရှိချိန်တွင် စမ်းသပ်တွေ့ရှိရတတ်သည်။

ရေမြွာရည်များခြင်း (Hydramnios)
ရေမြွှာရည်ပိုမိုနေခြင်းသည် သန္ဓေသားလှုပ်ရှားမှုကို တိုးပွားစေ၍ အနေအထားမတည်ငြိမ်မှုကို ခွင့်ပြုပေးရာရောက်သည်။ အသံလွန်လှိုင်းကိရိယာနှင့် ဓာတ်မှန်ရိုက်စစ်ဆေးခြင်းများ ပြုလုပ်သင့်သည်။ ချွတ်ယွင်းသော သန္ဓေသားနှင့် ဗဟုအမြွာသန္ဓေ Multiple Pregnancy ဖြစ်နိင် မဖြစ်နိုင် သိရှိရန်ဖြစ်သည်။ ကြိမ်ဖန်များစွာတွေ့ရသော ချွတ်ယွင်းချက်မှာ ဦးနှောက်ချို့တဲ့ သန္ဓေသားဖြစ်သည်။ Anencephaly ၅၀ ရာခိုင်နှုန်းကျော်တို့မှာ ရေမြွှာရည်ပိုမိုခြင်းနှင့် ယှဉ်တွဲနေကြောင်း တွေ့ရသည်။

အမြွှသန္ဓေ Twins တွင် သန္ဓေသားတစ်ဦးမှာ အခြားတစ်ဦးအား အနေအထား ပြောင်းလွဲစေနိုင်သည်။ သားအိမ်အောက်ပိုင်းသည် သန္ဓေသားဦးခေါင်းနှစ်လုံးအား သင့်လျော်စွာနေရာ မပေးနိုင်သဖြင့် ကြိမ်ဖန်များများ ဒုတိယအမြွှာသည် တစောင်းအနေအထားတွင် တည်ရှိနေတက်သည်။

သားအိမ်အတွင်း သန္ဓေသားသေဆုံးနေခြင်း Intra Uterine Death ဖြစ်ပါက ပျော့ပျောင်းနေသဖြင့် မည်သည်အနေအထားတွင်မဆို တည်နေတက်သည်။

အခြားအရေးကြီးသော အခြေအနေများကို သတိပြုရပေမည်။ ကျဉ်းသော တင်ဆုံရိုးအခွေ Contracted Pelvis၊ အချင်းရှေ့ရောက် Placenta Praevia၊ အချိုးအစားမကျသော သန္ဓေသား Foetal Malfor – Mations၊ ဆန့်ကျင်သော သန္ဓေသား Extension of the Foetus နှင့် တင်ဆုံရိုးခွေအတွင်း အလုံးအဖုများရှိခြင်း Pelvie Tumour တို့ဖြစ်ကြသည်။

ကျဉ်းသော တင်ဆုံရိုးခွေ
သားဦးတွင် ဝမ်းဗိုက်တွဲကျနေသည်ကို တွေ့မြင်ရပါက ဤအခြေအနေကို သတိပြုရပေမည်။ သန္ဓေသားဦးခေါင်းသည် တင်ဆုံရိုးခွေအတွင်း နေရာမရဖြစ်နေသောကြောင့် ဖြစ်သည်။

လူကြီးများတွင် တင်ဆုံရိုးခွေ ကျဉ်းသွားနိုင်သည့် အနေအထားမှာ သားဆက်များသော သားနှောင်းကိုယ်ဝန်ဆောင် Grand Multipara များ၌ တွေ့ရတက်သည်။ တင်ဆုံရိုးခွေ ဝင်ပေါက်ပို၍ ညွှတ်ယိုင်ငိုက်ကျလာသည်။ မြီးထူးရိုးဆက်သည် တစ်ခါတစ်ရံ တစ်ဆင့်ခံအဆက်လွဲ၍ ရှေ့သို့တိုးပြီး ယိုင်လာတက်သည်။ ထိုအခါ မြီးထူးရိုးအငေါသည် ရှေ့သို့ တိုးထွက်လာသဖြင့် အမှန်စုံတိုင်း True Conjugate အတိုင်းအထွာကို ကျဉ်းငယ်သွားစေသည်။ ဤအခြေအနေကို သတိမမူမိပါက သားအိမ်ပေါက်ကွဲခြင်း Uterinerupture နှင့် ရင်ဆိုင်ရတက်သည်။

သန္ဓေသားအနေအထား မူမမှန်ခြင်းကို ဝမ်းဗိုက်ပေါ်မှ အပြင်လှည့်ခြင်း External Version ပြုလုပ်ပေးပြီးမှ ပြန်လည်၍ ကန့်လန့်အနေအထားသို့ ပြောင်းလဲတည်နေလျှင် ဓါတ်မှန်ရိုက်ခြင်း၊ အသံလွန်လှိုင်းကိရိယာဖြင့် စမ်းသပ်စစ်ဆေးခြင်းများ ပြုလုပ်သင့်သည်။ အထူးသဖြင့် တင်ဆုံရိုးဓာတ်မှန်ရိုက်တိုင်းခြင်း X- Ray Pevimetry နှင့် မွေးလမ်းကြောင်း (ယောနိ) မှ စေ့စပ်စုံလင်စွာ စမ်းသပ်စစ်ဆေးရန် လိုပါသည်။

အချင်းရှေ့ရောက် (Placenta Praevia)
အချင်းအားလုံး သို့မဟုတ် အချို့အပိုင်းသည် သားအိမ်အောက်ပိုင်းတွင်တည်ရှိနေပါက အချင်းရှေ့ရောက်ဟုခေါ်သည်။ ကိုယ်ဝန်ဆောင်မိခင်လောင်း ၂၅၀ တွင် တစ်ယောက် အချင်းရှေ့ရောက်သည်ကို တွေ့ရှိတက်သည်။ ကလေးများများ မွေးဖွားဖူးသူ အမျိုးသမီးများတွင် ပို၍ဖြစ်တက်သည်။ သန္ဓေသားမှာ မူမမှန်အနေအထားတွင် တည်ရှိနေတက်သည်။ တင်ပါးဆုံ ကန့်လန့်၊ တစောင်းအနေအထားတွင် တည်ရှိနေတက်သည်။ ဦးခေါင်းဖြင့် ဦးတိုက်နေပါက မြင့်လွန်းသဖြင့် အနေအထား မတည်ငြိမ်တက်ပေ။


ပို၍ရှင်းလင်းစေရန် ကျွန်မ၏ အတွေ့အကြုံအချို့အား တင်ပြပါမည်။

အသက် ၃၅ နှစ်ရှိ ပဉ္စမမြောက် ကိုယ်ဝန်ဆောင်ထားသူသည် ကိုယ်ဝန် ၂၈ ပတ်တွင် ကိုယ်ဝန်စောင့်ရှောက်မှုခံယူရန် ရောက်လာသည်။ ယင်း၏သန္ဓေတား အနေအထားမှာ မတည်ငြိမ်ပေ။ တင်ပါးဆုံ တစောင်းနှင့် ကန့်လန့်အဖြစ် တည်နေတက်သည်။ ဦးခေါင်းဖြစ်နေပါက မြင့်နေတက်သည်။ ကိုယ်ဝန် ၃၄ ပတ်တွင် သန္ဓေသားအား အပြင်လှည့်ပေးခြင်းအားဖြင့် ဦးခေါင်းဖြစ်ရန် လှည့်ပေးခဲ့သည်။ ဦးခေါင်းမြင့်နေ၍ ဦးခေါင်းအား အရှေ့နှင့် အနောက်ဘက်တွင် တွန်၍ တင်ဆုံရိုးခွေ တဝင်ဝရောက်အောင် ပြုလုပ်ပေးပြီး တည်ငြိမ်ရန် ခေတ္တခဏ လက်ဖြင့်ဖိပေးထားသည်။ ခဏအကြာတွင် သန္ဓေသားနှလုံးခုန်သံကို နားထောင်ကြည့်ရာတွင် နှေးသွားပြီး မိနစ်အနည်းငယ်အတွင်းပင် ပြန်လည်ကောင်းမွန်လာခြင်း မရှိသောကြောင့် ဦးခေါင်းအား ပြန်လည်မ တင်ပြောင်ရွှေ့လိုက်ရသည်။ ထိုအခါ သန္ဓေသားနှလုံးခုန်သံမှာ မူမှန်ပြန်ဖြစ်သွားသည်။ အမှတ်မထင် ကျွန်မ၏လုပ်ဆောင်ချက်သည် သားအိမ်အောက်ပိုင်းတွင် တည်ရှိနေသော အချင်းရှေ့ရောက်ဖြစ်ကြောင်းနှင့် သားအိမ်အနောက်နံရံတွင် တွယ်ရှိမှုရှိခြင်းကို ဖော်ပြနေပေသည်။

ယခုကိုယ်ဝန်ဆောင်စဉ်တွင် သွေးဆင်းရာဇဝင်ကြောင်း မရှိပေ။ အတွင်းသို့ ညင်သာစွာ စမ်းသပ်ကြည့်ရှုခဲ့သည်။ သားအိမ်လည်တံအားရှောင်လွှဲ၍ ယောနိပေါင်းမိုးများမှ Vaginal Fomices စမ်းသပ်ကြည့်ရာ သန္ဓေသား၏ ဦးခေါင်းအား အရှေ့ပေါင်းမိုး Anterior Fornix တစ်ခုတည်းမှသာ စမ်းသပ်တွေ့ရှိရသည်။ အခြားပေါင်းမိုးများမှ စမ်းမရ၊ လက်ချောင်းများနှင့် သန္ဓေသားဦးခေါင်းကြား တစ်ခုခုခံနေသည် သဘောပင်ဖြစ်သည်။

ကိုယ်ဝန်ဆောင် မိခင်လောင်းအားသွေးဆင်းလျှင် ပြန်လာရန်မှာကြားရာ နှစ်ရက်အကြာတွင် ရောက်ရှိလာ၍ ဗဟိုအမျိုးသမီးဆေးရုံသို့ လွှဲစာရေးပေးခဲ့သည်။ ဆေးရုံတင်၍ အနားယူစေခဲ့သည်။ ဆီးအိတ်အတွင်း ဆေးသွင်းဓာတ်မှန်ရိုက်ကြည့်ရာ Cystography အချင်းရှေ့ရောက်ဖြစ်ကြောင်း ထောက်ခံမှုရရှိခဲ့သည်။ ကိုယ်ဝန် ၃၇ ပတ်တွင် ကြိုတင်ပြင်ဆင်၍ ဗိုက်ခွဲစိတ်မွေးဖွားပေးခဲ့သည်။ အချင်းရှေ့ရောက် ၄ အမျိုးအစားဖြစ်ကြောင်း တွေ့ရသည်။ အများစုမှာ အနောက်နံရံတွင် တွယ်နေသည်။

နောက်တစ်ဦးမှာ သားဦးကိုယ်ဝန်တောင်မိခင်လောင်း အသက် ၁၉ နှစ် အရွယ်ဖြစ်သည်။ မှန်မှန် ကိုယ်ဝန်စောင့် အချက်မှာ ဦးခေါင်းဖြင့် ဦးတိုက်ရာတွင်မြင့်နေသည်။ ကန့်လန့်နှင့်တင်ပဆုံဖြင့်လည်း ဦးတိုက်နေသည်။ အပြင်လှည့်ခြင်း External Version မှာ လွယ်ကူပေသည်။ ၃၆ ပတ်တွင် ဦးခေါင်းဖြင့် ဦးတိုက်နေရာအတွင်း စမ်းသပ်ကြည်ရှုခဲ့သည်။ တင်ဆုံရိုးခွေအခြေအနေနှင့် သန္ဓေသားဦးခေါင်းနှင့် တင်ဆုံရိုးညီမျှခြင်း ရှိမရှိသိရှိလို၍ဖြစ်သည်။ ဦးခေါင်းမြင့်နေသည်ကို သတိပြုထားရာ စမ်းသပ်ရာတွင် သားအိမ်လည်တံ Cervix အား လွှဲရှောင်ခဲ့သည်။

အနောက်နှှင့် ဘယ်ဘက်ပေါင်မိုးတွင် ပျော့သည့်အရာကို စမ်းသပ်တွေ့ရှိရသည်။ထိုပြင် သန္ဓေသားဦးခေါင်းကို လက်ဖြင့်စမ်းသပ်တွေ့ထိနိုင်စွမ်းမရှိပေ။ အချင်းရှေ့ရောက်ဖြစ်ပြီး သားအိမ်အနောက်နံရံတွင် တွယ်ရှိနေကြောင်း သိရပေသည။ ယင်းအခြေအနေမှန်ကန်ကြောင်းကို ဓာတ်မှန်ရိုက်ခြင်းဖြင့် ထောက်ခံမှုရခဲ့သည်။ ဗဟိုအမျိုးသမီးဆေးရုံသို့ လွှဲစာပို့လွှတ်ခဲ့သည်။ ဆေးရုံတင်ထားပေးသည်။ ကိုယ်ဝန် ၃၇ ပတ်တွင် ဗိုက်ခွဲ၍ မွေးဖွားပေးခဲ့သည်။ အချင်းရှေ့ရောက် (၃) အမျိုးအစားဖြစ်ပြီး အနောက်နံရံတွင် အများဆုံးတွယ်နေကြောင်း တွေ့ရသည်။

Credit: ဒေါက်တာလဲ့လဲ့ဝင်း







Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18