ဘက်တီးရီးယားကြောင့်ဖြစ်သော လိင်မှတဆင့်ကူးစက်ရောဂါများ
24-Feb-2017
၁။ ဂနိုးရီးယား (Gonnorrhoea)
အမျိုးသားလိင်တံမှ ပြည်ကဲ့သို့သောအရည် သို့မဟုတ် အဝါရောင်အရည်များထွက်ခြင်း၊ ဆီးသွားရာတွင် နာကျင်လွန်းခြင်း တို့ကို ကြုံတွေ့ရတတ်သည်။
ယူရီသရိုက်တစ် (Urethritis)
ဆီးသွားရာတွင် နာကျင်လွန်းခြင်း၊ အရည်ကြည် သို့မဟုတ် ပြည်ကဲ့သို့သောအရည် အနည်းငယ်ထွက်ခြင်း တို့ဖြစ်တတ်သည်။
ဆစ်ဖလစ် (Syphilis)
ရောဂါပိုးနှင့်ထိတွေ့သော မျက်နှာပြင်တွင်အနာဖြစ်ခြင်း(အနာမှာ လုံးဝမနာကျင်ခြင်း) စမ်းကြည့်လျှင် ခပ်တင်းတင်းရှိခြင်း၊ပြည်ကဲ့သို့သော အရည်များထွက်နိုင်ခြင်း၊ အရေပြားခြောက်နေခြင်း၊ ဖျားခြင်းတို့ ရှိတတ်သည်။
ကလာမိုင်းဒီးယား (Chlamydia)
ဆီးသွားလျှင်နာကျင်ခြင်း၊ သွေးပြန်ရည်ဂလင်းရောင်ခြင်း တို့ဖြစ်နိုင်သည်။
ရှန်ကရိုက် (Chancroid)
လိင်အင်္ဂါတစ်ဝိုက်တွင် အနာများ အနေဖြင့် တွေ့ရနိုင်သည်။ ပေါင်ခြံတွင် အကျိတ်များရောင်ရမ်းလာမည်။
Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
ဘဝတွက်တာကျွမ်းကျင်စရာ စာအုပ်မှကောက်နှုတ်ထားပါသည်။
Related Articles
Advertisment 18
Advertisment 18
Advertisment 18
Advertisment 18
Advertisment 18

