Print

HIV နှင့် AIDS ရောဂါသည်များတွင် ရေယုန်ပေါက်ခြင်း

  24-Feb-2017
Preview Image

HIV / AIDS မှာ ဆင်ရေယုန်ဖြစ်ရင် အရမ်းပြင်းထန်တယ်။ အကြာကြီး လည်း ဖြစ်တတ်တယ်။ နေရာပိုပြီး ကျယ်ကျယ်ပြန့်ပြန့် ဖြစ်တယ်။ သာမန်အားဖြင့် အာရုံကြောတစ်ခုနဲ့ သက်ဆိုင်တဲ့ အရေပြားမှာသာ ဖြစ်လေ့ရှိပေမယ့် သူတို့မှာဖြစ်ရင် အာရုံကြော သုံးလေးခုလောက်ထိ ပျံ့နှံ့တတ်တယ်။ ဥပမာ - ဆိုပါစို့၊ ခါးမှာပေါက် တဲ့ ရေယုန်ဟာ သာမန်အားဖြင့် တစ်ခြမ်းပါ ထိတတ်တယ်။ HIV / AIDS မှာ ကျတော့ ပြင်းထန်ပြီး ဟိုဘက်ကျန်တဲ့ တစ်ခြမ်းပါ ထိတတ်တယ်။ 

 

ဒါကြောင့် ရှေးလူကြီးသူမတွေ ပြောတာမှန်တယ်လို့ ဆိုရမယ်။ ရေယုန် ခါးပတ် ရင် သေတတ်တယ်ဆိုတာ တကယ်တော့ ဆရာခုပြောတဲ့ ရေယုန် အပြင်းစား သွေး ကတစ်ဆင့် ပျံ့နှံ့ပြီးတော့ အဆုတ်၊ အသည်း၊ ဦးနှောက် တို့ပါထိခိုက်တတ်တာကြောင့် အသက်ဆုံးပါးသွားနိုင်ပါတယ်။ HIV/ AIDS မှာ ရေယုန်ဖုလေးတွေဟာ တစ်ကိုယ်လုံး ပျံ့နှံ့ပြီး ကျယ်ကျယ်ပြန့်ပြန့် ဖြစ်သွားတတ်လို့ Disseminated Herper လို့ ခေါ်ပါတယ်။
HIV / AIDS မှာ ပေါက်တတ်တဲ့ အပြင်းစား ရေယုန်မျိုးဆိုရင်တော့ အစီကလိုဗာ အကြောဆေးတွေအထိ သုံးဖို့လိုနိုင်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဆရာဝန်ညွှန်ကြား တဲ့အတိုင်းပဲ သုံးစွဲသင့်ပါတယ်။

 

Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
ဒေါက်တာကျော်ကျော်
(အရေပြားအထူးကု)
Health for all magazine, No.109, February 2016, Pg. 40

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18