H7N9 ဗိုင်းရပ်စ်ပိုးကူးစက်ခြင်း
24-Feb-2017
ကြက်ငှက်တုပ်ကွေး H7N9 ဗိုင်းရပ်စ်ပိုးနဲ့ ပတ်သက်ပြီး ပြောပြချင်ပါတယ်။ ဒီ H7N9 ဗိုင်းရပ်စ်ပိုး က ကြက်၊ ငှက်တွေကြားထဲမှာ ဖြစ်ပွားတဲ့ ဗိုင်းရပ်စ်ပိုးဖြစ်ပါတယ်။ လူချင်းချင်း ကူးစက်မှုရှိသလားဆိုရင် H5N1 ဗိုင်းရပ်စ်ပိုးက H7N9 ဗိုင်းရပ်စ်ပိုးထက် ကူးစက်မှုများ ပါတယ်။ H7N9 က H5N1 လောက် ကူးစက်မှုသိပ်မရှိသေးပါဘူး။ ဒါပေမယ့် အများ ယူဆချက်အရ H7N9 ဗိုင်းရပ်စ်ပိုးက သိပ်ပြင်းထန်တဲ့ တုပ်ကွေးမျိုး မဖြစ်တာကြောင့် ကြက်၊ ငှက်တွေကြားထဲမှာပဲ နှစ်စဉ်ပုံမှန်လည်ပတ်နေတဲ့ တုပ်ကွေးရောဂါပါ။
H7N9 ဗိုင်းရပ်စ်ပိုး ကူးစက်ခံရတဲ့အခါ ပြင်းထန်တဲ့ နမိုးနီးယား အဆုတ်ရောင်ရောဂါ ခံစားရပါတယ်။ ရောဂါလက္ခဏာအနေနဲ့ ဖျားနာတာ၊ ချောင်းဆိုးတာ၊ အသက်ရှူကျပ်တာ၊ မောတာတွေ တွေ့ရပါတယ်။ ဒါပေမယ့် ခုချိန်ထိ H7N9 ဗိုင်းရပ်စ်ပိုး ကူးစက်ခံရသူတွေ နည်းနေသေးတာကြောင့် ရောဂါလက္ခဏာတွေ များများစားစား မတွေ့ရသေးပေမယ့် Influenza A ရဲ့ မျိုးစိတ်မျိုးဖြစ်တာကြောင့် သာမန်တုပ်ကွေးဖြစ် တဲ့အခါ ခံစားရတဲ့ လက္ခဏာတွေနဲ့ဆင်တူတဲ့ လက္ခဏာတွေတွေ့ရပါတယ်။ ကုသမှု မခံယူပေမယ့် ပြန်လည်နေကောင်းလာသူတွေကိုလည်း တွေ့ရပါတယ်။
Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
ပါမောက္ခဒေါက်တာရတနာကျော်
Good Health Jurnal
Related Articles
Advertisment 18
Advertisment 18
Advertisment 18
Advertisment 18
Advertisment 18

