Print

Malaria (ငှက်ဖျားရောဂါ)

  24-Feb-2017
Preview Image

ငှက်ဖျားရောဂါ ဆိုသည်မှာ Anopheles Mosquito ခြင်ကိုက်ခြင်းကြောင့် Malaria Parasite ငှက်ဖျား ရောဂါပိုး ခန္ဓာကိုယ် အတွင်းသို့ ဝင်ရောက်ခြင်းကြောင့် ဖြစ်သည်။

 

လက္ခဏာများ
ရောဂါ လက္ခဏာများသည် ရောဂါပိုး ဝင်ပြီး ၇ ရက်မှ ၁၈ ရက် အတွင်း ပေါ်နိုင်ပြီး အချို့သူများတွင် ရောဂါ ပေါ်ရန် ၁ နှစ် အထိ ကြာမြင့်နိုင်သည်။
- အဖျားကြီးခြင်း
- ချမ်းတုန်ခြင်း
- ချွေး အလွန်ထွက်ခြင်း
- အန်ခြင်း စသည့် လက္ခဏာများသည် ဖြစ်စေသော အကောင် အမျိုးအစား ပေါ်မူတည်၍ ၇၂ နာရီခြား၊ ၄၈ နာရီခြား တစ်ကြိမ် ပေါ်တတ်ပြီး ၆ နာရီမှ ၁၂ နာရီထိ တိုင်အောင် ခံစား ရတတ်သည်။ အခြား လက္ခဏာများ အနေဖြင့် ကြွက်သားများ နာကျင်ခြင်း။ ဝမး်လျှောခြင်း၊ နေမထိ ထိုင်မသာ ဖြစ်ခြင်း စသည် တို့လည်း ခံစား ရနိုင်ပါသည်။

 

ဖြစ်ပွားရသော အကြောင်းရင်းများ
များစွာသော Plasmodium parasite အုပ်စုများ ထဲမှ လူတွင် ဖြစ်တတ်သော ၅ မျိုးမှာ-

- Plasmodium falciparum- အဖြစ် အများဆုံး ဖြစ်ပြီး ဆိုးရွားသော လက္ခဏာများကို ဖြစ်ပေါ်စေနိုင်ပါသည်။
- Plasmodium vivax
- Plasmodium ovale
- Plamodium malariae
- Plasmodium knowlesi

 

ကူးစက် ပျံ့နှံ့ပုံ
ရောဂါပိုး သယ်ဆောင်ထားသော အနော်ဖလီး ခြင်မ (Female Anopheles mosquito) ကိုက်ခြင်း ကြောင့် အဓိက ဖြစ်ပွားရပါသည်။ ရောဂါပိုး ခန္ဓာကိုယ် အတွင်းသို့ ဝင်ရောက် သွားသောအခါ အသည်းတွင် ဝင်ရောက် ပွားပြီးနောက် သွေးထဲသို့ တဖန် ထွက်ကာ သွေးနီဥထဲတွင် ပွားများပြန်သည်။ ကြာသော သွေးနီဥများ ပေါက်ကွဲပြီး ရောဂါပိုး အများအပြား သွေးထဲသို့ ရောက်ရှိပြီး လက္ခဏာများ ပေါ်ပေါက်လာသည်။ 

 

မှတ်ချက်။ ရောဂါပိုး သယ်ဆောင်ထားသော ခြင် တစ်ခါ ကိုက်ရုံဖြင့် ရောဂါကူးနိုင်သည်။ လူလူချင်း မကူးစက်တတ်ပါ။ ထို့အပြင် ရောဂါပိုး ရှိသော သွေးသွင်းခြင်း၊ အပ်၊ ဓားများ ဝေမျှသုံးစွဲခြင်းကြောင့် သွေးမှ တဆင့် ကူးစက်နိုင်ပါသည်။

 

နောက်ဆက်တွဲ ပြဿနာများ

Anaemia- သွေးအားနည်းခြင်း
Cerebral malaria- ဦးနှောက်တွင်း ပိုးရောက်ခြင်း
အသည်း ပျက်စီးခြင်းနှင့် အသားဝါခြင်း
Shock ရခြင်း
Pulmonary oedema (အဆုတ်တွင်း ရေဝင်ခြင်း)
Acute respiratory distress syndrome (ARDS)
Hypoglycemia (သွေးတွင်း အချိုဓာတ်ကျခြင်း)
Kidney failure (ကျောက်ကပ် ပျက်စီးခြင်း)
Spleenic complications (ဘေလုံး ပျက်စီးခြင်း)
Dehydration (ရေဓာတ် ခန်းခြောက်ခြင်း)
Malaria in pregnancy (ကိုယ်ဝန်ဆောင်တွင် malaria ရောဂါဖြစ်ပွားပါက)
- မွေးချိန် မတိုင်ဘဲ aစာစီးစွာ မွေးခြင်း
- ကလေး ပေါင် မပြည့်ခြင်း
- ကိုယ်ဝန် ပျက်ကျခြင်း
- အသေ မွေးခြင်း
- မိခင် သေဆုံးခြင်းတို့ ဖြစ်ပေါ်နိုင်ပါသည်။

 

စစ်ဆေးမှုများ
သွေးစစ်ခြင်း- သွေးတွင်း malaria parasite ရှိမရှိ စစ်ခြင်း ဖြစ်စေသော
ပိုး အမျိုးအစားကိုပါ ခွဲဲခြားနိုင်သည်။
Rapid diagnosis test- လျှင်မြန် လွယ်ကူစွာ စစ်သည့်နည်း ICT ဖြင့် စစ်ဆေးခြင်း။
အခြား လိုအပ်ပါက ဆီးစစ်ခြင်း၊ ဓာတ်မှန်ရိုက်ခြင်းများ ပြုလုပ်ရပါမည်။

 

ကုသခြင်း
ACT – 3 Day Artemisinin based combination therapy
(အာတီမီစနင်း အခြေခံသော ၃ ရက်သောက် ငှက်ဖျားပျောက်ဆေး) 
Complicated falciparum malaria နောက်ဆက်တွဲ ဆိုးကျိုးများ ဖြစ်ပေါ်နေသော အမျိုးအစားဖြစ်ပါက သောက်ဆေး နှင့်သာမက ထိုးဆေး အစားထိုးရမည်။

 

ကာကွယ်ခြင်း
ကာကွယ်ခြင်းတွင် အဓိက ခြင် အကိုက် မခံရစေရန် ကာကွယ်ခြင်းသည် အရေးအပါဆုံး ဖြစ်သည်။
- ခြင်ထောင်ဖြင့် အိပ်ခြင်း
- ခြင်ဆေးလိမ်းခြင်း
- ခြင်ဆေးခွေ ထွန်းခြင်း
- ခြင်လုံဇကာများ တပ်ခြင်း
- ခြင် ပေါက်ဖွားရာ နေရာများကို သုတ်သင်ခြင်း
- စနစ်တကျ စစ်ဆေးထားသော သွေးသွင်းခြင်း
Malaria ရောဂါပိုး ရှိရာ နေရာသို့ သွားရောက်မည် ဆိုပါက ကြိုတင်၍ ဆေးသောက်ခြင်းတို့ ပြုလုပ်ရပါမည်။

 

DR. hp

Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး

Ref: NHS choices
Mayo clinic

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18