Print

Diphtheria (ဆုံဆို့ရောဂါ)

  24-Feb-2017
Preview Image

ဆုံဆို့ရောဂါဆိုသည်မှာ- နှာခေါင်းနှင့် လည်ချောင်းအချွှဲမြှေးတို့တွင် ဖြစ်တတ် သည့် ပြင်းထန်ဆိုးရွားသော ဘက်တီးရီးယားရောဂါပိုးဖြစ်သည်။

 

လက္ခဏာများ
- အာခေါင်တွင် ညိုညစ်ညစ်အဖတ်များကပ်ခြင်း
- လည်ချောင်းနာခြင်း၊ အသံသြခြင်း
- လည်ပင်းပတ်လည်ရှိ အကျိတ်များကြီးလာခြင်း
- အသက်ရှူရခက်ခဲခြင်း သို့ အသက်ရှူမြန်ခြင်း
- နှာရည်ထွက်ခြင်း
- ချမ်းတုန်၍ ဖျားခြင်း
- နုံးခွေခြင်း
အချို့သူများတွင် ရောဂါပိုးဝင်ရောက်နေသော်လည်း ပြင်းထန်သည့် လက္ခဏာမပြ သည့်အတွက် ရောဂါရှိမှန်းမသိဖြစ်နေတတ်သည်။ သို့သော်လည်း ထိုသူထံမှ အခြား သူများသို့ရောဂါကူးနိုင်သည်။

 

အရေပြားတွင်ဖြစ်သော ဆုံဆို့နာ - လူဦးရေပြွတ်သိပ် ထူထပ်စွာနေထိုင်ပြီး တကိုယ်ရည် သန့်ရှင်းမှုမကောင်းသူများတွင် ဖြစ်တတ်သည်။ အရေပြားပေါ်တွင် ညိုညစ်သော အဖတ်များကပ်နေတတ်ပြီး အခြား အရေပြား ဘက်တီးရီးယားရောဂါပိုးများနှင့်တွဲ ၍ ဖြစ်တတ်သည်။

 

ဖြစ်ပွားရသော အကြောင်းရင်းများ
ဘက်တီးရီးယားပိုး corynebacterium diphtheria ကြောင့်ဖြစ်ပွားပြီး ကူးစက်နိုင်သောနည်းလမ်းများမှာ - အသက်ရှူ၊ ချောင်းဆိုး၊ နှာချေရာလေမှ တဆင့်ကူးစက်ခြင်း၊ ရောဂါပိုးတွယ်နေသော အသုံးအဆောင်ပစ္စည်းများမှ တဆင့် ကူးစက်ခြင်း တို့ကြောင့် ကူးစက်နိုင်သည်။

 

ဖြစ်နိုင်ချေများသူများ
- ကာကွယ်ဆေးပြည့်မီအောင်မထိုးထားသောကလေးများ- သတ်မှတ်ထားသော ဆုံဆို့ကာကွယ်ဆေး မထိုးထားသူများ သို့ ထိုးရန်ပျက်ကွက်သူများ။
- လူဦးရေထူထပ်သောနေရာတွင်နေထိုင်သူများ၊ တကိုယ်ရည်သန့်ရှင်းမှုအားနည်းသူများ။
- ဆုံဆို့နာဖြစ်ပွားနေသော အရပ်ဒေသသို့ ခရီးသွားသူများ ။

 

နောက်ဆက်တွဲ ပြဿနာများ
မကုသဘဲထားပါက -

- အသက်ရှူရခက်ခြင်း - အာခေါင်အတွင်းတွင် အဖြူပုပ်ရောင် အဖတ်ကြီးများ တဖြည်းဖြည်း ကြီးထွားလာကာ အသက်ရှူလေပြွှန်လမ်းကြောင်း ပိတ်သည်အထိဖြစ်ပွား နိုင်သည်။
- နှလုံးပျက်စီးခြင်း- ဘက်တီးရီးယားပိုး၏ အဆိပ်များသည် သွေးထဲမှတဆင့် ခန္ဓာကိုယ် အနှံ့ပြန့်ပွားနိုင်သည်။ ဥပမာ- နှလုံးတွင်ဖြစ်ပါက နှလုံးကြွက်သားများရောင်ရမ်းခြင်းနှလုံးပျက်စီးခြင်းနှင့် အသက်ဆုံးရှုံးခြင်းအထိဖြစ်ပွားနိုုင်သည်။
- အာရုံကြောများပျက်စီးခြင်း

 

စစ်ဆေးမှုများ
- ဆရာဝန်မှ စမ်းသပ်စစ်ဆေးခြင်း။
- အာခေါင်မှ ပိုးယူစစ်ဆေးခြင်း။

 

ကုသခြင်း
ဆုံဆို့ရောဂါပိုးဟုထင်ပါက(Antitoxin) အဆိပ်သေဆေးပေးခြင်း
Antibiotic - ပိုးသတ်ဆေးပေးခြင်း ကလေးဖြစ်စေ၊ လူကြီးဖြစ်စေ ဆုံဆို့နာဖြစ်ပါ က ဆေးရုံတက်၍ ကုသရန်လိုအပ်ပါသည်။

 

ကာကွယ်ခြင်း
ဆုံဆို့နာရောဂါပိုး ရှိနေသောသူနှင့် ထိတွေ့မိပါက လိုအပ်သောစစ်ဆေးမှု များ ပြုလုပ်ပြီးလိုအပ်ပါက ပိုးသတ်ဆေးသောက်သင့်သည်။ လိုအပ်ပါကလည်း ကာကွယ်ဆေး ထပ်လောင်းထိုးသင့်သည်။ ရောဂါပိုးသယ်ဆောင်ထားသူဖြစ်ပါ က ပိုးသတ်ဆေးအချိန်မှီသောက်၍ အခြားသူများသို့မကူးစက်ရန်ကာကွယ်ရမည်။

 

Dr.hp
Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Ref: Mayo clinic

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18