HIV က ဘယ်လိုနည်းတွေနဲ့ ရောဂါကူးစက်နိုင်ပါသလဲ
28-Feb-2017
ရောဂါပိုးပါတဲ့သွေး၊ သုက်ရည်၊ မိန်းမအင်္ဂါက ထွက်တဲ့ အရည်တွေဟာ ကိုယ်ရဲ့ခန္ဓကိုယ်ထဲ ဝင်ရင် ရောဂါကူးစက်နိုင်ပါတယ်။
၁။ ဒါကြောင့် ရောဂါပိုးရှိတဲ့သူနဲ့ ဖိုမဆက်ဆံရင်လည်း ကူးတယ်။ ယောကျာ်းချင်းလိင်တူ ဆက်ဆံရင်း ကူးတယ်။ လိင်ဆက်ဆံ အဖော်များလေ အိတ်ချ်အိုင်ဗွီပိုး ကူးစက်ဖို့ အခြေအနေများလေပဲဖြစ်ပါတယ်။
၂။ ရောဂါပိုးပါတဲ့ သွေးသွင်းမိရင်လည်း ကူးတယ်။ မတော်တဆ အကြီးအကျယ် ထိခို်က်ဒဏ်ရာရတာတို့ သွေးသွင်းကုသဖို့လိုတဲ့ ရောဂါကြုံလာတဲ့အခါ ရောဂါပိုး ကူးစက်မှာ စိုုးရိမ်ရတယ်။
၃။ တစ်ယောက်ယောက်ကို ထိုးပြီးတဲ့ ဆေးထိုးအပ်နဲ့ ဆေးထိုးပြွန်ကို သေသေ ချာချာ ရေနွေးဆူဆူနဲ့ မပြုတ်ဘဲ နောက်တစ်ယောက်ကို ထိုးရင်လည်း ရောဂါပိုး ကူးနိုင်တယ်။ မူးယစ်ဆေးသွေးကြောထဲ ထိုးတဲ့သူတွေ ရောဂါကူးတယ်ဆိုတာ ဒီလိုနည်းနဲ့ ကူးတာပဲဖြစ်ပါတယ်။
၄။ ရောဂါပိုးရှိနေတဲ့ ကိုယ်ဝန်ဆောင်မိခင်ကနေ သူရဲ့ သန္ဓေသားကို ကူးပါတယ်။ ဒါကြောင့် မွေးခါစကလေးမှာ ဒီရောဂါပိုး ပါလာခြင်းပဲ ဖြစ်ပါတယ်။ အများဆုံး ကူးစက် တဲ့ နည်းတွေကတော့ လိင်ဆက်ဆံတာနဲ ့ မူးယစ်ဆေး အကြောထဲ ထိုးသွင်းတာကနေ ဖြစ်ပါတယ်။
Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit : Unicef (Page 130 . No 111 ,Health For All , April 2016 )
Related Articles
Advertisment 18
Advertisment 18
Advertisment 18
Advertisment 18
Advertisment 18

