Print

အသည်းရောင်အသားဝါ ဘီပိုး (HBV) နှင့်ပတ်သက်ပြီး လွဲမှားနေသော အယူအဆများ

  05-Apr-2017
Preview Image

ဘီပိုးရှိရင် အချို့ကကုစရာမလိုဘူး ၊ဘာမှလုပ်စရာမလိုဘူး လို့ပြောကြတယ်။ အချို့ကျပြန်တော့လဲ ဘီပိုးရှိရင်တစ်သက်လုံး ကုမရတော့ဘူး ကျွန်တော်/မတို့ ဘယ်လောက်ထိနေနိုင်မလဲ ဘယ်တော့သေရမှာလဲ မေးတတ်ကြတယ်။


အဲဒီလိုတွေခဏခဏအမေးများတယ်။ တကယ်တော့ ဒီလိုပြောတာတွေက တစ်ခုမှ မဟုတ်ပါဘူးအခုခေတ်မှာ ဘီပိုးကိုလုံးဝပျောက်အောင် သေစေတဲ့၊ ကုတဲ့ဆေးတွေ အများကြီးပေါ်နေပါပြီစားဆေးလဲရှိတယ်။ ထိုးဆေးလဲရှိတယ်။ ဒါကြောင့်ဘီပိုးဆိုတာ ကုသလို့ပျောက်ကင်းနိုင်တယ်ဆိုတာ သိစေချင်ပါတယ်ဒီနေ့ကမ္ဘာပေါ်မှာ ဘီပိုးသေစေကို အဓိကအားဖြင့်အုပ်စု ၂စုခွဲထားပါတယ် ။

> ကိုယ်ခံအားမြင့်စေတဲ့ ဆေးများ နဲ့

> ဘီပိုးသေဆေးစားဆေးများ ဆိုပြီး ဒီ၂မျိုးအောက်မှာ(သောက်ဆေး ထိုးဆေး)အမျိုးစားကွဲ များစွာ ရှိပါတယ်


အဲဒါကြောင့် ဘီပိုးရှိနေပြီဆိုရင်လဲ အသည်းအထူးကု ဆရာဝန်နဲ့သေချာတိုင်ပင်ဆွေးနွေးပြီး ပျောက်ကင်းအောင်ကုသနေနိုင်ပါပြီ ။ သို့ပေသိ "ကာကွယ်ခြင်းသည် ကုသခြင်းထက်ပို၍ကောင်းသည်" ဆိုရိုးစကားရှိတဲ့အတိုင်း ဖြစ်မှကုသနေရလျှင်အချိန်ကုန် ငွေကုန် ဖြစ်ရသည့်အတွက် မဖြစ်ခင်ကတည်းကပင် ကာကွယ်ဆေးကြိုတင်ထိုးပြီး ကာကွယ်မှုရယူထားသင့်ပါသည်။ ကျန်းမာလန်းဖြာနိုင်ကြပါစေ


Ref : Prof Dr Khin Maung Win (heaptologist)



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18