Print

ဦးရေပြားပွေးရောဂါ (ဒက်)

  26-Apr-2017
Preview Image


 ဒက်သည်ဦးရေပြားနှင့်ဆံပင်အရင်းပိုင်းတွင်dermatophytesဟုခေါ်သောမှိုစွဲခြင်းကြောင့်ဖြစ်သည်။မူကြိုအရွယ်ကလေးများတွင်အဖြစ်များပြီး တစ်ဦးမှတစ်ဦးသို့ အလွယ်တကူ ကူးစက်တတ်သောရောဂါဖြစ်သည်။ခေါင်းအုံး၊ဘီး၊မျက်နှာသုတ်ပဝါစသည့်အသုံးအဆောင်ပစ္စည်းများ အတူတူအသုံးပြုလျှင်လည်း ကူးစက်တတ်ပါသည်။ပွေးရောဂါရှိနေသော ခွေးများ၊ကြောင်များမှတစ်ဆင့်လည်း ကူးစက်တတ်ပါသည်။ လက္ခဏာများအနေနဲ့ဆံပင်ကျွတ်ခြင်း၊အကွက်များဖြစ်ပေါ်လာခြင်း၊ဦးရေပြားယားယံခြင်းရောင်ရမ်းခြင်းနှင့်နာနေခြင်းတို့ဖြစ်နိုင်ပါသည်။ကြာလျှင်အမာရွတ်ဖြစ်ကာဆံပင်ပြန်မပေါက်နိုင်တော့သည်အထိဖြစ်တတ်ပါသည်။မှိုစွဲခြင်းအတွက်ဆေးသောက်ခြင်း၊မှိုရောဂါသက်သာ စေသော ခေါင်းလျှော်ရည်ဖြင့်ခေါင်းလျှော်ခြင်းတို့ဖြင့်ကုသနိုင်ပါသည်။ ကာကွယ်ခြင်းအနေနဲ့ ခေါင်းမှန်မှန်လျှော်ခြင်း၊လက်ဆေးခြင်း၊ရောဂါဖြစ်နေသော ခွေးများ၊ကြောင်များကို ရှောင်ကြဉ်ခြင်းစသည့်နည်းလမ်းများဖြင့် ကာကွယ်နိုင်ပါသည်။


Writer : Dr Toe

Credit : www.skinsight.com



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18