Print

အမျိုးသမီးများနှင့် လိင်အင်္ဂါရေယုန်

  10-May-2017
Preview Image


အမျိုးသမီးများတွင် အမျိုးသားများထက် သာမန်ရေယုန်ဗိုင်းရပ်စ်ပိုး ( အမျိုးအစား ၂ )ကူးစက်ခြင်းခံရရန် အခွင့်အလမ်း ၄ဆခန် ့ပိုများပါတယ်။


ဘာကြောင့်အမျိုးသမီးများတွင် လိင်အင်္ဂါရေယုန် ဖြစ်နိုင်ခြေပိုပါသလဲ??

- လိင်အင်္ဂါတွင် ကိုယ်တွင်းမှထွက်သော အရည်များဖြင့်စိုစွတ်နေသော မျက်နှာပြင်ဧရိယာ ပိုများခြင်း

- အမျိုးသမီးများဓမ္မတာသွေးပေါ်ချိန်တွင်ဖြစ်သော ဟော်မုန်းအပြောင်းအလဲများသည်ကိုယ်ခံအားစနစ်ကို သက်ရောက်မှုရှိပြီး သာမန်ရေယုန်ဗိုင်းရပ်စ်ပိုးဝင်ရောက်ရန် ပိုမိုလွယ်ကူစေခြင်းတို ့ကြောင့် ဖြစ်ပါသည်။


အမျိုးသမီးများတွင် ပထမအကြိမ်ဖြစ်သော လိင်အင်္ဂါရေယုန်

ပထမအကြိမ်ဖြစ်သော ရေယုန်သည် နောက်ထပ်ဖြစ်သော အကြိမ်များထက် ပို၍နာကျင်ပြီး ပို၍ကြာရှည်တတ်ပါသည်။ပို၍လည်းပြင်းထန်ပြီး နောက်ဆက်တွဲဆိုးကျိုးများ ပိုများတတ်ပါသည်။လိင်အင်္ဂါရေယုန်ဖြစ်ပွားလျှင် မိန်းမကိုယ်နှုတ်ခမ်းသားများ၊ မိန်းမကိုယ်အတွင်းပိုင်း၊ သားအိမ်ခေါင်းနှင့် ဆီးစွန် ့ပြွန်စသည်တို ့တွင် ဖြစ်ပွားပါသည်။တင်ပါးနှင့်ပေါင်များတွင်လည်း ဖြစ်နိုင်ပါသည်။ပထမအကြိမ်ဖြစ်သောရေယုန်သည် အများအားဖြင့် ၃ပတ်ခန် ့ ကူးစက်နိုင်စွမ်းရှိပါသည်။လိင်အင်္ဂါတဝိုက် အင်ပျဉ်ကဲ့သို အဖုအပိန် ့ထခြင်းအပြင် ပေါင်ခြံရှိ ပြန်ရည်ကျိတ်များရောင်ခြင်းနှင့် ဆီးသွားလျှင် ပူလောင်သကဲ့သို ့ ခံစားရခြင်းများ ဖြစ်နိိုင်ပါသည်။ ပထမအကြိမ်ဖြစ်သော လိင်အင်္ဂါရေယုန်၏ နောက်ဆက်တွဲဆိုးကျိုုးများတွင် ဆီးသွားရခက်ခဲခြင်း (၁ဝ မှ ၁၅%ခန် ့)၊ ဦးနှောက်အမြှေးပါးရောင်ခြင်း(၂၅%ခန် ့) တို ့ပါဝင်ပါသည်။


အမျိုးသမီးလိင်အင်္ဂါရေယုန်၏ ရောထွေးသောလက္ခဏာများ

အမျိုးသမီးများတွင် လိင်အင်္ဂါရေယုန်ရောဂါသည် ပို၍ပြင်းထန်တတ်ပြီး ရေယုန်ရောဂါကြောင့် မဟုတ်သော လက္ခဏာများပါတွေ ့ရတတ်ပါသည်။ ဆီးစပ်ကိုက်ခြင်း၊ အဖြူဆင်းခြင်းတို ့ဖြစ်တတ်ပြီး အခြားရောဂါများအဖြစ်မှားယွင်းတတ်ပါသည်။နောက်ထပ်ဖြစ်သော ရေယုန်တွင် လိင်အင်္ဂါတစ်ဝိုက် နေမထိထိုင်မသာဖြစ်ခြင်းလောက်သာ ခံစားရပြီး ရေကြည်ဖုများ မပေါ်ဘဲလည်း ဖြစ်နိုင်ပါသည်။မိန်းမကိုယ််မှ အရည်ဆင်းခြင်းနှင့် မိန်းမကိုယ်တွင် တစ်စုံတစ်ရာလက္ခဏာခံစားရခြင်းများရှိလျှင် ရေယုန်ရောဂါပိုးစစ်ဆေးကြည့်ရန် လိုအပ်ပါသည်။


Credit:ဒေါက်တာခိုင်ခိုင်ဇော် (အရေပြားရောဂါများအကြောင်းတစေ့တစောင်း)



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18