Print

ခွေးရူးပြန်ရောဂါ

  17-May-2017
Preview Image

ခွေးရူးပြန်ရောဂါသည် ရောဂါလက္ခဏာများဖြစ်ပေါ်လာပါက

အချိန်တိုအတွင်းသေဆုံးနိုင်သော ကူးစက်ရောဂါဖြစ်သည်။ကူးစက်နှုန်း၏ ၉၉%ခန် ့သည် အိမ်မွေးခွေးများမှတစ်ဆင့် လူသို ့ကူးစက်ခြင်းဖြစ်သည်။ကိုယ်ခန္ဓာအရေပြားပေါက်ပြဲနေသည့်နေရာကို ကူးစက်ခံထားရသည့်တိရိစ္ဆာန်၏တံတွေးဝင်သွားပါက ရောဂါကူးစက်ခံရနိုင်ပါသည်။ခွေးများအပြင် လင်းနို ့၊မြေခွေး၊တောကြောင်၊ခွေးအ၊မြွေပါ စသည့်တောရိုင်းတိရိစ္တာန်များမှလည်း တစ်ဆင့်ကူးစက်နိုင်ပါတယ်။


ရောဂါလက္ခဏာတွေကဘာတွေဖြစ်နိုင်လဲ.....

အများအားဖြင့် ရောဂါပိုးဝင်ပြီး ၁-၃လအတွင်း လက္ခဏာပြနိုုင်ပါတယ်။သို ့သော်ကိုက်ခံရသည့်နေရာ၊ ရောဂါပိုးပမာဏတို ့ပေါ်မူတည်ပြီး ကွာခြားနိုင်ပါတယ်။၁ပတ်မှ ၁နှစ်ထိလည်းဖြစ်နိုင်သည်။နှစ်များစွာလည်းကြာသွားနိုင်ပါတယ်။ ရောဂါပိုးသည် ဗဟိုအာရုံကြောစနစ်မှ တစ်ဆင့်ဦးနှောက်သို ့ပျံ ့နှံ ့သွားပါတယ်။လက္ခဏာများကတော့ ပုံစံနှစ်မျိုးဖြစ်နိုင်ပါတယ်။

-Furius rabies -စိတ်ကယောက်ကယက်ဖြစ်ခြင်း၊ဂဏာမငြိမ်ဖြစ်ခြင်း၊ရေကြောက်ခြင်း၊

လေကြောက်ခြင်း၊နှလုံးနှင့်အသက်ရှူရပ်သေဆုံးနိုင်ပါတယ်။

-Paralytic rabies -ပထမအမျိုးအစားနှင့်စာလျှင် ရောဂါပြသတဲ့အချိ်န်ပို၍ကြာနိုင်ပါတယ်။

ကြွက်သားများတဖြည်းဖြည်းအားလျော့လာခြင်း(ကိုက်ခံရသည့်နေရာမှစသည်)၊လူနာမှာကိုမာ(သတိလစ်မေ့မြော)ဝင်ပြီး နောက်ဆုံးမှာအသက်သေဆုံးနိုင်ပါတယ်။


ခွေးကိုက်ခံရလျှင်ဘယ်လိုလုပ်ရမလဲ.....

အကိုက်ခံရလျှင်ရပြီးချင်း အနည်းဆုံး ၁၅မိနစ်ခန် ့ရေဆေးရပါမယ်။ပိုးသတ်ဆပ်ပြာ၊ အိုင်အိုဒင်းစသည်တို ့ဖြင့်ဆေးသင့်ပါတယ်။ပြီးလျှင်ကာကွယ်ဆေးထိုးနှံရမှာဖြစ်ပါတယ်။


ကာကွယ်ဆေးကရောဘယ်လိုထိုးလို ့ရပါသလဲ......

- လျှာဖြင့်သာလျက်ခံရတယ်၊ အရေပြားလည်းပေါက်ပြဲသွားခြင်းမျိုးမရှိဘူးဆိုရင် ဆေးထိုးစရာမလိုပါဘူး၊ ရေဆေးလျှင် လုံလောက်ပါတယ်။

- ကုတ်ခြစ်ရာမျိုးရှိသွားမယ်၊သွေးဆို ့သွားမယ်ဆိုရင်တော့ဆေးထိုးဖို ့လိုအပ်ပါတယ်။

- ကိုက်သည့်ဒဏ်ရာမှာကြီးလျှင်တော့ ပုံမှန်ကာကွယ်ဆေးအပြင် အာနိသင်ချက်ချင်းပြပြီး ကာကွယ်ပေးနိုင်သည့် ကာကွယ်ဆေး (rabies immunoglobulin)ကို ၂၄နာရီအတွင်း ချက်ချင်းထိုးသင့်ပါတယ်။

- ဆေးထိုးရတဲ့အကြိမ်အရေအတွက်က ဆေးအမျိုးအစားပေါ်မူတည်၍ ကွာခြားနိုင်ပါတယ်။အသားထဲကို ထိုးရတဲ့ဆေးက ၄ကြိမ် သို ့မဟုတ် 

၅ကြိမ်ထိုးရပါတယ်။၀-၃-၇-၁၄-၂၈ နှင့် ၀-၃-၇-၁၄ ဆိုပြီးထိုးလေ့ရှိပါတယ်။ ဆိုလိုတာက ပထမအကြိမ်ဆေးထိုးပြီး ဒုတိယအကြိမ် ၃ရက်ကြာ၊တတိယအကြိမ် ရရက်ကြာ၊ စတုတ္ထအကြိမ် ၁၄ရက်ကြာလျှင် ထိုးခြင်းဖြစ်ပါတယ်။

- ကာကွယ်ဆေးတစ်ကြိမ်ထိုးပြီးသွားလျှင် တစ်သက်လုံးထိုးစရာမလိုတော့တာတော့ မဟုတ်ပါ။ ဒါပေမယ့်နှစ်ပေါင်းများစွာကြာသည့်တိုင် ကာကွယ်မှုတော့ပေးပါတယ်။


ကိုက်တဲ့ခွေးကိုရောစောင့်ကြည့်ရမှာလား.....

- မိမိကိုကိုက်ပြီးတဲ့အချိန်မှစပြီး ၁ဝရက်စောင့်ကြည့်ရမှာဖြစ်ပါတယ်။၁ဝရက်အတွင်းခွေးမှာအောက်ပါလက္ခဏာများပေါ်လာလျှင်တော့ မဖြစ်မနေကာကွယ်ဆေးလည်းထိုးရမယ်၊ သက်ဆိုင်ရာကိုလည်း အကြောင်းကြားရမှာဖြစ်ပါတယ်။

- အကြောင်းပြချက်မရှိဘဲ ဟောင်နေ၊အူနေခြင်း၊ဟောင်သည့်အသံပြောင်းသွားခြင်း။

- ဦးတည်ရာမဲ့လျှောက်ပြေးနေခြင်း

- ပုံမှန်စားနေကျမဟုတ်သည့်အရာများကို စားနေခြင်း

- သွားရည်များကျ၍ ပါးစပ်ထောင့်မှာအမြှုပ်များထနေခြင်း

စသည့်လက္ခဏာများဖြစ်ပါတယ်။


ခွေးရူးပြန်ရောဂါသည် ရောဂါလက္ခဏာများပြလာပါက ဆေးမရှိသောရောဂါဖြစ်သည်။ကမ္ဘာပေါ်မှာ ခွေးရူးပြန်ရောဂါဖြစ်ပြီး အသက်ရှင်သူ ရယောက်သာရှိပါသေးသည်။ အနှေးနှင့်အမြန် အသက်ဆုံးရှုံးရမှာဖြစ်ပါတယ်။ဒါကြောင့် အိမ်မွေးတိရစ္ဆာန်များကုတ်ခြင်း၊ကိုက်ခံရခြင်းများရှိပါက မပေါ့ဆသင့်ပါဘူး။


ထိုတိရိစ္ဆာန်လေးများကို ကာကွယ်ဆေးထိုးထားတာကလည်း စိိတ်မချရပါဘူး။ ကာကွယ်မှုအပြည့်အဝရှိမရှိကို မပြောနိုင်သောကြောင့်ဖြစ်ပါတယ်။


Dr.Moon (7887 Healthcare Call Center)

Ref: WHO



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18