Print

ဂျပန်ဦးနှောက်အမြှေးရောင်ရောဂါJapanese B Encephalitis

  24-May-2017
Preview Image


အကျဉ်းရှင်းလင်းချက်

ဂျပန်ဦးနှောက်အမြှေးရောင်ရောဂါသည်ရောဂါပိုးကိုသယ်ဆောင်ထားသော Culex ဟုခေါ်သောခြင်ကိုက်ခံရ ရာမှ တစ်ဆင့်ကူးဆက်နိူင်သည်အဆိုပါရောဂါပိုးသည် အိမ်မွေး ဝက်များ တွင်လည်းဖြစ်ပွားနိုင်သဖြင့် အဆိုပါတိရိစ္ဆာန်များနှင့်နီးကပ်စွာနေပါကကူးစက်ခံရနိုင်ပါသည် ၁၈၇၁ ခုနှစ်တွင်ဂျပန်နိုင်ငံတွင်စတင်ဖြစ်ပွားခဲ့သည်အရှေ့တောင်အာရှနှင့်အရှေ့အာရှတို့တွင် အဖြစ်များသည်မြို့ပြနှင့်ကျေးလက်တွင်ကျေးလက်မှာအဖြစ်များသည််ရောဂါပိုးကိုသယ်ဆောင်ထားသောခြင်သည်မိုးရာသီတွင်ပေါက်ပွားမှုနှုန်းများသည်


လက္ခဏာများ

-ရောဂါပိုးဝင်ပြီး၅ရက်မှ၁၅ရက်အတွင်းရောဂါလက္ခဏာစပြတတ်ပါတယ်အများစုမှာသိသာထင်ရှားသောလက္ခဏာမပြတတ်ပေအဖျားတက်ခြင်းခေါင်းကိုက်ခြင်း ကိုယ်လက်မအီမသာဖြစ်ခြင်း နှုံံးခြင်း မောပန်းခြင်း ပျို့အန်ခြင်း အစရှိသောလက္ခဏာများဖြစ်ပွားနိုင်ပါတယ်


ဖြစ်ပွားရသော အကြောင်းရင်းများ

ဂျပန်ဦးနှောက်အမြှေးရောင်ရောဂါသည်ရောဂါပိုးကိုသယ်ဆောင်ထားသော Culex ဟုခေါ်သောခြင်ကိုက်ခံရ ရာမှ တစ်ဆင့်ကူးဆက်ပါတယ် ရာဂါပိုးကိုတစ်ဆင့်ခံသယ်ဆောင်ထားသောဝက် မွေးမြူရေး လည်တံရှည်ငှက် နှင့် ခြင်ပေါက်သောလယ်ကွက်များနှင့် နီးကပ်သော နေရာများတွင် အဖြစ်များပါတယ်ဗိုင်းရပ်စ်မှာ Flavivirus အုပ်စုဝင်ဖြစ်သည်


ဖြစ်နိုင်ချေများသူများ

အဆိုပါရောဂါသည်ကလေးများတွင်အဖြစ်များသည်ရောဂါပိုးတစ်ခါဝင်ပြီးသောသူသည်နောက်တစ်ကြိမ်ထပ်မံမဖြစ်ပွားနိုင်ပါ အဘယ်ကြောင့်ဆိုသော်ထိုသူ၏ကိုယ်ခန္ဓာထဲတွင်ထိုရောဂါပိုးကိုတိုက်ထုတ်မည့်ခုခံအားစနစ်ပေါ်ပေါက်လာသောကြောင့်ဖြစ်သည်


နောက်ဆက်တွဲ ပြဿနာများ

ရောဂါပိုးကူးစက်ခံရသူ၂၅ဝတွင်၁ယောက်သာဦးနှောက်အမြှေးပါးရောင်နိုင်ပါတယ်ဦးနှောက်အမြှေးပါးယောင်ပါကဇက်ကြောတောင့်တင်းခြင်း ခြေလက်မသယ်နိုင်ဖြစ်ခြင်း မလှုပ်ရှားနိူင်ဖြစ်ခြင်း ကယောင်ကတမ်းပြောခြင်း အချိန်နေရာမခွဲခြားနိုင်ခြင်း မူးဝေ အိပ်ငိုက်ခြင်း တက်ခြင်း အဖျားအလွန်ကြီးခြင်း (၁၀၀.၄ မှ ၁၀၅.၈ ထိ)ရှိနိုင် အသက်အန္တရာယ်ဆုံးရှုံးသည့်အထိဖြစ်နိုင်ဦးနှောက်အမြှေးပါးယောင်သည့်် အဆင့်ထိဖြစ်ပါကနောက်ဆက်တွဲဆိုးကျိုးအနေဖြင့် ကိုယ်ပိုင်းဆိုင်ရာချို့ယွင်းခြင်း ဉာဏ်ရည်ဖွံ့ဖြိုးမှုနောက်ကျခြင်း ကလေးမှာ မစွမ်းမသန်ဘဝ သို့ရောက်သွားနိုင်ပါတယ်


ဆရာဝန်နှင့် သွားရောက်ပြသသင့်သော အချက်များ

- အဖျား၅ရက်ထက်ပိုပြီးဖျားလျှင်-အနီးအနားတွင်ရောဂါဖြစ်ပွားနေသူများရှိလျှင် အနီးအနားတွင်ဝက် နွားသိုး ဆိတ် မွေးမြူရေးလုပ်ငန်းများရှိလျှင် အထက်ဖောိပြပါ လက္ခဏာများရှိလျှင်-


စစ်ဆေးမှုများ

-ရောဂါပိုးဝင်ပြီးပါကထိုရောဂါပိုးကိုပြန်လည်ခုခံမည့်IgM ပေါ်လာသည် ထို IgM ကို ရောဂါပိုးဝင်ပြီး ၃ ရက် မှ ၈ ရက်အတွင်းသွေးနှင့် ရိုးတွင်းခြင်ဆီထဲတွင်စစ်ဆေးနိုင်သည်အဆိုပါ IgM သည် အရင်ကရောဂါပိုးဝင်ဖူးလျှင် ကာကွယ်ဆေးထိုးထားလျှင်လည်း ပေါ်နိုင်သည်


ကုသခြင်း

တိကျသေချာသောကုသမှုမရှိပေ ရောဂါလက္ခဏာများကိုသာသက်သာအောင် ကုသနိုင်သည်အစာမစားနိုင်လျှင် အစာပိုက်ထည့်ြုခင်း အသက်ရှူ အထောက် အကူပြုပစ္စည်းတပ်ဆင်ခြင်း အတက်ကျအောင်လုပ်ခြင်း ဦးနှောက်ဖိအားနည်းအောင်လုပ်ခြင်း စသည်ဖြင့်ရောဂါလက္ခဏာသက်သာရန်သာကုသနိူင်သည်


ကာကွယ်ခြင်း

WHO မှအသိအမှတ်ပြုထားသော ကာကွယ်ဆေးအမျိုးအစား၄မျိုးရှိသည်ျမြန်မာနိုင်ငံတွင်ကာကွယ်ဆေးကို ၈ လ -၉လ အရွယ်မှစပြီးထိုးနိုင်သည်ကာကွယ်မှုအနည်းဆုံး၁၀ နှစ်ကျော် ရရှိစေရန် နောက်ထပ် ကာကွယ်ဆေး တစ်လုံးကို ပထမဆေးတစ်လုံးထိုးပြီး တစ်နှစ်မှ နှစ်နှစ်အကြာ တွင် ထိုးနှံရမည်အသက်၁၈ နှစ်မှစပြီးလူကြီးများတွင် တစ်လုံးသာထိုးနှံရန်လိုအပ်ပါတယ်


1 live attenuated vaccine first dose 8th of age, booster dose 2yr of age, additional booster at 6 -7 yrs of age

2 Inactivated vero cell derived,alum adjuvanced vaccine primary two IM-dose --4wks apart, booster dose after 1 yr

3-Inactivated vero cell derived vaccine --primaru immunization 0,7,28 or primary 2 dose 4 wks apart, booster dose 12 -14 mths after primary dose, every 3 yrs

4 Lived chimeric vaccine single dose vaccine


အြ-ခားသိသင့်သော အချက်များ (ရှိလျှင်)

-ဂျပန်ဦးနှောက်အမြှေးရောင်ရောဂါသည်ဖြစ်လျှင်ကုသပျောက်ကင်းသောရောဂါမဟုတ်ပါကံပေါ်မူတည်ပါတယ် နောက်ပြီးဆေးရုံကိုဘယ်လောက်စောစော ရောက်လဲပေါ်မူတည်ပါတယ်


--ဂျပန်ဦးနှောက်အမြှေးရောင်ရောဂါပိုးသည်ခြင်များမှတစ်ဆင့်ကူးဆက်ခံရသောရောဂါဖြစ်သောကြောင့်ကလေးငယ်များကိုခြင်ကိုက်မခံရအောင်ကာကွယ်ရမည်ကာကွယ်ဆေးများသည်၁၀၀%မကာကွယ်ပေးနိုင်ပါ


-လူတစ်ဦးမှတစ်ဦးသို့ ခြင်ကိုက်ခံရခြင်းဖြင့်သာကူးဆက်နိုင်သည် အခြားသောနည်းလမ်းများဖြင့်မကူးဆက်နိုင်ပါ


Ref: mayo clinic , web md



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18