Print

ပါးချိတ်ရောင်တာကို မပေါ့ဆပါနဲ႕

  31-May-2017
Preview Image


 ပါးချိတ်ရောင်ခြင်းသည် ဗိိုင်းရပ်စ်ပိုးကူးစက်ခံရသောကြောင့် နားအောက်ဘက်တွင်ရှိသည့် တံတွေးဂလင်းများရောင်ရမ်းလာခြင်းဖြစ်သည်။မော်နာပေါက်သည်ဟုလည်းခေါ်ကြပါတယ်။   ဗိုင်းရပ်စ်ဝင်ပြီး ၂-၃ပတ်အတွင်း လက္ခဏာများပြလာနိုင်ပါတယ်။

- နားအောက်ဖက်ရှိတံတွေးဂလင်းများနာကျင်ရောင်ရမ်းလာခြင်း (ပါးနှစ်ဖက်ရောင်လာခြင်း)

- အဖျားတက်ခြင်း

- ခေါင်းကိုက်ခြင်း

- ကြွက်သားများနာကျင်ကိုက်ခဲခြင်း

- ပင်ပမ်းနုံးချိခြင်း

- အစားအသောက်ပျက်ခြင်း

-အစားစားသည့်အခါနာကျင်ခြင်းတို ့ဖြစ်နိုင်ပါတယ်။


     ပါးချိတ်ရောင်ခြင်းကိုဖြစ်စေသည့် ဗိုင်းရပ်စ်မှာ Mumps ဗိုင်းရပ်စ်ဖြစ်ပါတယ်။လူတစ်ဦးမှတစ်ဦးသို ့အသက်ရှူလမ်းကြောင်းမှတစ်ဆင့် ကူးစက်နိုင်ပါတယ်။အသုံးအဆောင်များကိုမျှဝေသုံးစွဲခြင်းမှလည်းတစ်ဆင့်ကူးစက်နိုင်ပါတယ်။ပါးချိတ်ရောင်ခြင်း၏နောက်ဆက်တွဲဆိုးကျိုးများမှာ ရှားပါးသော်လည်း ပြင်းထန်ပါသည်။


-ဝှေးစေ့ရောင်ခြင်း(အမျိုးသားများတွင် မျိုးမအောင်သည့်အထိဖြစ်နိုင်ပါတယ်)

-မုန် ့ချိုအိတ်ရောင်ခြင်း(ဗိုက်အပေါ်ပိုင်းအောင့်ခြင်း၊ပျို ့အန်ခြင်း၊ ရောဂါပြင်းထန်လျှင် ကိုယ်ခန္ဓာအင်္ဂါအစိတ်အပိုင်းတော်တော်များများပျက်စီးပြီး အသက်ဆုံးရှုံးနိုင်ပါတယ်)

-သားဥအိမ်နှင့် ရင်သားရောင်ရမ်းနာကျင်ခြင်း

-ဦးနှောက်ရောင်ခြင်း

-ဦးနှောက်အမြှေးပါးရောင်ခြင်း


     ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်သည့်ရောဂါဖြစ်သည့်အတွက် ကုစရာဆေးမရှိပါ။ကာကွယ်၍ရသောရောဂါဖြစ်သည်။ တစ်ခါဖြစ်ပြီးသွားလျှင် ခုခံဓာတ်ရသွားသောရောဂါဖြစ်သည်။မူလတန်းကျောင်းမဝင်ခင်ကတည်းက ကာကွယ်ဆေးကို အပြီးထိုးထားသင့်ပါတယ်။ပါးချိတ်ရောင်နေသည့်အချိ်န်တွင် နားနားနေနေ နေပါ။အခြားသူများနှင့်တတ်နိုင်သလောက် သီးခြားနေပါ။အနာသက်သာစေရန်  အကိုက်အခဲပျောက်ဆေးသောက်ခြင်း၊ ရေနွေးအိတ်ကပ်ပေးခြင်းပြုလုပ်ပါ။အကြာကြီးဝါးရန်လိုအပ်သည့် အစားအသောက်များ၊ချဉ်သောအစားအစာများကိုရှောင်ပါ။ချဉ်သောအစားအသောက်များသည် တံတွေးပိုထွက်နိုင်သောကြောင့်ဖြစ်သည်။ရေများများသောက်ပါ။


Dr.Moon

Ref:Mayo clinic



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18