စိုးရိမ်လွန်စိတ်ရောဂါ
30-Oct-2016စိုးရိမ်လွန်စိတ်ရောဂါ ( Generalized Anxiety Disorder) အသွင်ဆောင်လာလျှင်မူ စိုးရိမ်စိတ်လွန်ကဲ လား၏။ ကိုယ်တိုင်မထိန်းနိုင်ဖြစ်လာ၏။ ခန္ဓာကိုယ်လက္ခဏာများ သိသိသာသာများများစားစား ပေါ်ပေါက်လာ ၏။နေ့စဉ်ရက်ဆက်ဖြစ်နေပြီး လပေါင်းများစွာ (အနည်းဆုံး ၆ လခန့် ) ခံစားနေရတတ်၏။ နေ့စဉ်ဘဝလှုပ်ရှား မှုနှင့် လုပ်ငန်းများကို ထိခိုက်လာတော့၏။ အအိပ်အစားပါပျက်လာ၏။ ဖြစ်ပေါ်နေသော လက္ခဏာများကြောင့် စိတ်ညစ်လာတော့၏။ ဆရာမျိုးစုံနှင့် ပြသော်လည်း မသက်သာသဖြင့် စိုးရိမ်စိတ်ပိုများလာ၏။ စိတ်ဓာတ်ကျ လာ၏။ သက်သာရာသက်သာကြောင်း ထွက်ပေါက်တစ်ခုအနေဖြင့် အရက်နှင့် မူးယစ်ဆေးဝါးကို သုံးစွဲလာ တတ်၏ ထိုအခါ ပိုဆိုးတော့၏။
ဤရောဂါအတွက် အဓိကကုထုံးမှာ စိတ်ပိုင်းဆိုင်ရာကုထုံး (Psycho therapy) ဖြစ်ပါသည်။ စိတ်ကု ထုံး အမျိုးမျိုးရှိရာ အလွယ်ကူဆုံးနည်းလမ်းတစ်ခုမှာ လူနာအား မစိုးရိမ်ရန် အားပေးခြင်းနှင့် (Stress) ကို လျှော့ချနိုင်ရန် ကူညီခြင်း (Encouragement and support) လူနာသည် အထိုက်အလျောက် အတန်းပညာ တတ်သူတစ်ယောက်ဖြစ်လျှင် စိုးရိမ်စိတ်ကြောင့် ANS လှုပ်ရှားမှု သွက်လာပြီး ခန္ဓာကိုယ်မှာ ဤသို့ လက္ခဏာမျိုးစုံ ပေါ်ပေါက်လာခြင်းကို စိတ်ရှည်ရှည် ရှင်းလင်းပြောပြခြင်း(Explanation) ကိုယ်စိတ်ပါ လျှော့ချနားနေခြင်း (Relexation) ဘုရားစာရွတ်ဖတ်ခြင်း၊ ပုတီးစိပ်ခြင်း၊ တရားရှုမှတ်ခြင်း (Miditation) စသည့် ဘာသာရေးလုပ်ငန်းများဖြင့် စိတ်တည်ငြိမ်အောင် လေ့ကျင့်ခြင်းနှင့် Biofeedback ခေါ် လူနာကိုယ်တိုင် မိမိ၏ စိတ်လှုပ်ရှားမှုအလိုက် မိမိ၏ နှလုံးခုန်နှုန်း၊ အသက်ရှူနှုန်းနှင့်သွေးဖိအားစသည့် ခန္ဓာကိုယ် လက္ခဏာများ ပြောင်းလဲနေမှုကို ခေတ်မီစက်ကိရိယာများ အကူအညီဖြင့် မြင်သိနိုင်သည့် ကုထုံးနည်းစနစ်တို့ ဖြစ်ပေသည်။ ဖော်ပြပါ စိတ်ကုထုံးများကိုအသုံးပြုလျှင် လူနာရောဆရာဝန်ပါ စိတ်ရှည်ရန်နှင့် အချိန်ပေးရန် လိုအပ်ပါသည်။ မည်သို့ဖြစ်စေ ဤကုသထုံးနည်းလမ်းများသည် ရေတို ရေရှည်အတွက် အလွန်အကျိုးရှိသော အဓိကကျသည့် ကုထုံးများဖြစ်ပါသည်။
ဆေးဝါးကုသခြင်း။ ။ စိုးရိမ်လွန်စိတ်ရောဂါအတွက် အသုံးများသော ဆေးအမျိုးအစားများမှာ စိတ်ငြိမ်ဆေးများ (Anxiolytics) နှင့် စိတ်အားမြှင့်ဆေးများ (Antidepressants) ပင်ဖြစ်၏။ Diazepam, Nitrazepam, Lorazepam,Alprazolam စသည့် ဆေးများသည် စိတ်ငြိမ်ဆေးများဖြစ်ကြသည်။ ဤဆေးများကို နှစ်ပတ်သုံးပတ်ခန့်သာ ပေးသင့်၏။ ကြာကြာပေးလျှင် စွဲသွားတတ်သည်။ လိုအပ်လျှင် Amitriptyline Imipramine, Fluoxetine စသည့် စိတ်အားမြှင့်ဆေးများကိုလည်း တွဲဖက်အသုံးပြုနိုင်သည်။ ဆိုခဲ့သည့်အတိုင်း စိုးရိမ်စိတ်နှင့် စိတ်ညစ်ခြင်း၊ စိတ်မပျော်ရွင်ခြင်းသည် တွဲနေတတ်သောကြောင့် ဖြစ်သည်။ စိတ်အားမြှင့်ဆေးများမှာမူ စွဲတတ်သည့် အာနိသင်မရှိပါ။ အာနိသင်မရှိပါ။ ၃ လ မှ ၆ လ အထိ ပေးနိုင်ပါသည်။
Ref:
ဒေါက်တာဟန်စိန်
နှလုံးစိတ်ဝမ်းငြိမ်းချမ်းစေဖို့
Source:
အာရောဂျံ၊
စက်တင်ဘာလ၊ ၁၉၉၉။