အဆင့်ကောင်းရရန်ဆိုသည်မှာ အဓိကမဟုတ်
25-Feb-2017
မိဘတွေဟာ အမှတ်နည်းရင် အမှတ်များအောင် အဆင့်တက်လာအောင် ဆိုပြီး တားမြစ်ချက်တွေ ထုတ်ပါတယ်။ ဘောလုံးမကစားရ၊ သွားမလည်ရ စတာတွေပါ။ပြီးတော့ အိမ်မှာနေစေ၊ စာကျက်စေပါတယ်၊ လူတစ်ယောက်ယာ ဘဝရဲ့လေးပုံတစ်ပုံသာ စာသင်ခန်းနဲ့ထိတွေ့ပြီး ကျန်တဲ့သုံးပုံဟာ ပြင်ပလောကနဲ့ ထိတွေ့နေရမယ်ဆိုတာ သတိချပ်စေချင် ပါတယ်။
ပြင်ပလောကနဲ့ထိတွေ့ဆက်ဆံခြင်းသည် စာသင်ခန်းတွင်း၌ သာမကလက်တွေ့ ဘဝနယ်ပယ်မှာပါ အောင်မြင် ကြကြောင်း ပညာရေးပညာရှင်တွေက လေ့လာတွေ့ရှိခဲ့ပါတယ်။ ကျောင်းနေစဉ်အတွင်း ပြင်ပလောကနှင့် ထိတွေ့မှု မပြတ် ရှိခြင်း၊ လူမှုရေးလုပ်ငန်း၌ ပါဝင်ဆောင်ရွက်ခြင်း၊ စုပေါင်းကစားခြင်းတို့ဟာ စာရိတ္တ ပိုမိုခိုင်မြဲစေပါတယ်။ ထို့အတူ ခေါင်းဆောင်မှု အရည်အသွေးလည်း တက်စေပါတယ်။ပြဿနာတစ်ခုခုကို ရင်ဆိုင်ဖြေရှင်းနိုင်စွမ်းပါ မြင့်လာတာကို တွေ့ရ ပါတယ်။
ဗလ ငါးတန်ထဲက မိတ္တဗလနှင့် ဘဝအတွေ့အကြုံကြီးမားဖို့တော့ စာသင်ခန်းနှင့် အိမ်ဟာ ကလေးတယောက် အဖို့ လုံလောက်မှုမရှိသေးပါ။ ဘာလို့လည်းဆိုတော့ သူကျင်လည်ရမယ့် ပတ်ဝန်းကျင်ဟာ ကျောင်းနှင့်အိမ်နှစ်နေရာထဲ မဟုတ်လို့ပါ။ စာသင်ခန်းအပြင်က လူမှုပတ်ဝန်းကျင်မှာ ကလေးဘဝ တိုးတက်မှု၊ ဖွံ့ဖြိုးမှု၊ ထူးချွန်မှု တွေကိုလည်း ပေးနိုင် စွမ်းရှိကြောင်းဆိုတာကို ကျွန်တော်တို့ မိဘတွေ ဂရုစိုက်သင့်ပါသည်။ ဒါတွေက လူ့တန်ဖိုးအစစ်တွေပါ။ စာမေးပွဲရမှတ်နှင့် လူ့တန်ဖိုးအစစ်တွေကို ကျွန်တော်တို့ (ဆရာနှင့်မိဘတွေ) မိုက်မိုက်မဲမဲ မလဲလှယ်မိကြဖို့ အထူးသတိထားကြရပါမည်။
စာမေးပွဲရမှတ်ကို စာတော်တာဟာ “ဉာဏဗလ” ရဲ့ အသေးဆုံးအစိတ်အပိုင်းပါ။ စဉ်းစားတွေးခေါ်၊ ဆုံးဖြတ်ချက် မှန်ကန် တာတွေက စာတော်တာထက် အဆများစွာ သာပါတယ်ဆိုတာကို မိဘများသတိချပ်ရမှာပါ။
Healthcare.com.mm
Ref:
ဒေါက်တာ မောင်သင်း
Related Articles
Advertisment 18
Advertisment 18
Advertisment 18
Advertisment 18
Advertisment 18

