အမြဲတမ်း မောပန်းနွမ်းနယ်စေသည့် အကြောင်းအရင်းများ
25-Feb-2017စိုးရိမ်မှု လွန်ကဲခြင်း
တစ်ခုခုကိုတွေးပြီး ဆုံးရှုံးတာတွေ၊ နာကျင်တာတွေ ဖြစ်တော့မယ်လို့ အမြဲတမ်း စိုးရိမ်မှုလွန်ကဲနေတဲ့ သူတွေဟာ သာမန်လူတွေနဲ့စာရင် စိတ်ဖိစီးမှုများပြီး မောပန်းနွမ်းနယ်နေရပါတယ်။ ဒါကြောင့် ဒီလိုမျိုး စိတ်ဖိစီးမှု ဖြစ်စေမယ့် အတွေးမျိုးကို အတတ်နိုင်ဆုံး မတွေးဖြစ်အောင်နေတာ ဒါမှမဟုတ် ဒီလိုအတွေးမျိုး ဝင်လာရင် အသက်ဝဝရှူ ပြီး ဒီအခြေအနေက အဆိုးဆုံး အခြေအနေပါလားလို့ တွေးကြည့်ရင်း စိတ်ကို ဖြေလျှော့ သင့်ပါတယ်။ ကိုယ်ချစ်တဲ့သူတွေနဲ့ အချိန်ကုန်ဆုံးတာ၊ တရားထိုင်တာ၊ လေ့ကျင့်ခန်းလုပ်တာ၊ ကိုယ့်အတွေးအမြင်တွေကို တခြားသူတွေနဲ့ ဝေမျှဆွေးနွေးတာ စတာတွေကလည်း စိတ်ဖိစီးမှု သက်သာစေပါတယ်။
မနက်စာမစားခြင်း
မနက်စာကို မမေ့မလျော့စားပေးဖို့ တိုက်တွန်းထားပေမယ့် အလုပ်တွေ အရမ်းများလို့၊ အလုပ်ချိန်နောက်ကျနေလို့ စတဲ့အကြောင်းပြချက်တွေနဲ့ မနက်စာ မစားဖြစ်တဲ့သူတွေ ရှိပါတယ်။ မနက်စာက တစ်နေ့လုံးအတွက် အားအင်ဖြစ်စေတာကြောင့် မစားတာကြာတဲ့ အခါ သိသိသာသာ မောပန်းပြီး မရွှင်လန်းတာတွေ ဖြစ်လာတတ်ပါတယ်။ မနက်စာ စားတာဟာ ဇီဝရုပ်ဖြစ်ပျက်မှုကိုလည်း ကောင်းမွန်စေတာကြောင့် မပျက်မကွက်စားဖို့ လိုအပ်ပါတယ်။
အမြန်စာများအပေါ် မှီခိုနေခြင်း ညအိပ်ရာမဝင်ခင် ဝိုင်သောက်ခြင်းဟာ စိတ်ခံစားမှုကောင်းပြီး အိပ်ပျော်တာ မြန်စေတယ်လို့ ထင်ရပေမယ့် တကယ်တော့ မဟုတ်ပါဘူး။ အရက်ပါတဲ့ အရာတွေဟာ အာရုံကြောစနစ်ကို ဖိနှိပ်ပြီးမှ မူးဝေတဲ့ ဂုဏ်သတ္တိ ရလာတာကြောင့် သောက်လိုက်တဲ့အခါ အိပ်ပျော်သွားပေမယ့် လိုအပ်တဲ့ စွမ်းအင်ကိုတော့ ပြည့်ပြည့်ဝဝ မရနိုင်ပါဘူး။ အရက်ဟာ အဒရီနယ်လင်းဂလင်းကိုလည်း အနှောင့်အယှက်ဖြစ်စေတာကြောင့် ညဘက်အိပ်ရင်း ရုတ်တရက် လန့်နိုးလာတာတွေ လည်း ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ညမအိပ်ခင် ၃ - ၄ နာရီအတွင်း အရက်ပါဝင်တဲ့ အရာတွေ မသောက်ဖြစ်အောင်နေဖို့ အကြံပြုလိုက်ပါတယ်။
ရှုပ်ပွနေသည့် ရုံးခန်း၌ အလုပ်လုပ်ခြင်း
စာရွက်စာတမ်းတွေ၊ သတင်းစာ အဟောင်းတွေ၊ ပစ္စည်းပစ္စယ အမြောက်အမြား နဲ့ ရှုပ်ယှက်ခတ်နေတဲ့ ပတ်ဝန်းကျင်မှာ အလုပ်လုပ်ရတာဟာ ဦးနှောက်ရဲ့ တွေးခေါ်နိုင် တဲ့ စွမ်းရည်ကို ကျဆင်းစေပြီး အာရုံစိုက်နိုင်မှုလည်း လျော့နည်းစေတယ်။
အားလပ်ရက်၌ အလုပ်လုပ်ခြင်း
အားလပ်ရက် အပန်းဖြေဖို့ ခရီးထွက်တယ်ဆိုရင် အပန်းဖြေဖို့ အတွက်သာ စိတ်ထဲမှာထားပါ။ ဒါမှ အားလပ်ရက် ကုန်ဆုံးလို့ ရုံးပြန်တက်တဲ့အခါ တွေးခေါ်နိုင်စွမ်း ပိုမိုကောင်းမွန်ပြီး အလုပ်ကိုစိတ်ပါဝင်စားစွာ ပြုလုပ်နိုင်မှာပါ။
ဘာကြောင့်အမြဲတမ်းမောပန်းနေတာလဲ
အိပ်ရေးပျက်တာ တစ်ခုတည်းက မောပန်းနွမ်းနယ်တာကို ဖြစ်စေတဲ့ အဓိက အကြောင်းအရာ မဟုတ်ပါဘူး။ တချို့ထင်မှတ်မထားတဲ့ အပြုအမူတွေကလည်း သင့်ကို စိတ်ရောလူပါ မောပန်းစေပြီး လုပ်သမျှ အလုပ်တွေကို အာရုံစိုက်နိုင်မှု လျော့နည်းစေပါ တယ်။
လေ့ကျင့်ခန်း ရပ်နားခြင်း
လေ့ကျင့်ခန်းကို ပုံမှန်လုပ်တာမျိုး မဟုတ်ဘဲ ရပ်နားလိုက်၊ ရက်အနည်းငယ်ကြာ မှ ပြန်လုပ်လိုက် လုပ်တာကြောင့် သာမန်လူတွေထက် ပိုပြီး မောပန်းတာတွေ ဖြစ်တတ်ပါတယ်။ ဒါကြောင့် လေ့ကျင့်ခန်းလုပ်မယ့် အစီအစဉ်ရှိရင်တော့ မပျက်မကွက်ဘဲ ပုံမှန် အချိန်ဇယားဆွဲကာ လွယ်ကူထိရောက်တဲ့ လေ့ကျင့်ခန်းတစ်ခု၊ နှစ်ခုနဲ့ စတင်သင့်ပါတယ်။
ရေသောက်နည်းခြင်း၊ သံဓာတ်မလုံလောက်ခြင်း၊ သံဓာတ်မလုံလောက်တာဟာ အားအင်ချည့်နဲ့တယ်လို့ ခံစားရစေပြီး အလုပ်လုပ်တဲ့နေရာမှာလည်း နှေးကွေးလေးလံစေပါတယ်။ “ဘာလို့ မောပန်းရတာလဲဆိုတော့ ဆဲလ်နဲ့ ကြွက်သားတွေဆီ သွားတဲ့အောက်ဆီဂျင်ပမာဏ နည်းသွားလို့ ဖြစ်ပါတယ်” လို့ ဒေါက်တာအေမီက ရှင်းပြပါတယ်။ သံဓာတ်ဖြည့်ပေးတာတွေလည်း သွေးအားနည်းရောဂါကို ကာကွယ်နိုင်တဲ့အပြင်
မောပန်းနွမ်းနယ်တာတွေလည်း ပျောက်ကင်းသွားစေတယ်လို့ သိရပါတယ်။ ဒါကြောင့် သံဓာတ်အားဖြည့်ဆေးသောက်တာ ဒါမှမဟုတ် သံဓာတ်ပြည့်ဝစေတဲ့ အစားအစာတွေဖြစ်တဲ့ အဆီနည်း အမဲသား၊ တိုဟူး၊ ဥအမျိုးမျိုး၊ အစိမ်းရင့်ရောင် ဟင်းသီးဟင်းရွက်၊ အခွံမာ အစေ့အဆန်၊ မြေပဲ ထောပတ် စတာတွေ အပြင်သံဓာတ်စုပ်ယူမှုကို အားပေးတဲ့ ဗီတာမင် စီ ပြည့်ဝတဲ့ အစာတွေလည်း စားပေးနိုင်ပါတယ်။
အလုပ်လုပ်လွန်းခြင်း
အလုပ်မှအလုပ် ဖြစ်နေတဲ့သူတွေဟာ မထင်မှတ်ထားတဲ့ အချိန်မှာ မောပန်းနွမ်း နယ်တာတွေကို စတင်ခံစားရနိုင်ပါတယ်လို့ နယူးယောက် ဆေးတက္ကသိုလ်မှ ဒေါက်တာအိုင်ရင်းအက်စ်က ဆိုပါတယ်။ အလုပ်မှာ အောင်မြင်ချင်တဲ့သူတွေဟာ ကျန်းမာရေးကောင်းနေဖို့လည်း လိုအပ်ပါတယ်။ အလုပ်တစ်ခုတည်းသာ ခေါင်းထဲရှိပြီး ကျန်တာတွေ ဘာမှမလိုအပ်ဘူးလို့ တွေးထားရင်တော့ နောင်တရစရာတွေ ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် အလုပ်လုပ်တာအပြင် ကျန်တဲ့ လိုအပ်ချက်တွေကိုလည်း မေ့မေ့လျော့လျော့ မနေဖို့ စနစ်တကျ စီစဉ်ဆောင်ရွက်သင့်ပါတယ်။
Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit :
အိဖြူ (ဆေးဝါးတက္ကသိုလ်)
Arogyam magazine, November 2014, No.268, Pg. 186-188