Print

စိတ်ထားဖော်ခြင်း

  25-Feb-2017
Preview Image

စိတ်ထားဖော်ခြင်းသည်လည်း အတ္တကာကွယ်မှု တစ်ခုဖြစ်၏။ မိမိ၏ ချွတ်ယွင်း မှုကြောင့် လွဲမှားမှုဖြစ်ခြင်းကို အခြားသူများအပေါ် အပြစ်ပုံချခြင်း၊ ပြစ်တင် ပုတ်ခတ်ခြင်း သည် စိတ်ထားဖော်ခြင်းဖြစ်သည်။ မိမိအပြစ်အား အခြားသူများအပေါ် လွှဲချခြင်း၊ ပတ်ဝန်းကျင်က လက်မခံသည့် မိမိအယူအဆ၊ မိမိဆန္ဒ၊ မိမိစိတ်ကူးတို့ကို အခြားသူ၏ အယူအဆ၊ ဆန္ဒ (သို့) စိတ်ကူးဟု ပြောင်းလဲပြောတတ်ခြင်းသည်လည်း စိတ်ထားဖော်
ခြင်းဖြစ်သည်။ စာမေးပွဲကျသူ ကျောင်းသားတစ်ဦးသည် ဆရာစာသင် မကောင်းသောကြောင့် (သို့) ဆရာမျက်နှာလိုက်သောကြောင့် စာမေးပွဲကျရသည်ဟု အပြစ်တင်ခြင်း သည် စိတ်ထားဖော်ခြင်း ဖြစ်သည်။

 

“သူတော့ စာမေးပွဲကျမှာ စိုးရိမ်နေတယ် ထင်တယ်” ဟု ပြောဆိုခြင်းမှာ မိမိ၏ စိုးရိမ်မှုကို အခြားသူ၏ စိုးရိမ်မှုအဖြစ် လွှဲပြောင်းခြင်းဖြစ်သည်။ တစ်ခုခုလုပ်၍ အောင်မြင်မှု မရလျှင် ကံမကောင်းသောကြောင့် ဆုံးရှုံးရသည်ဟူ၍ ကံကြမ္မာအပေါ် ပုံချခြင်း သည်လည်း စိတ်ထားဖော်ခြင်း ဖြစ်သည်။ ကိုယ့်စိတ်နှင့် နှိုင်း၍ အခြားသူများအား အထင်ရောက်ခြင်းသည်လည်း စိတ်ထားဖော်ခြင်း တစ်မျိုးဖြစ်သည်။ မိမိသည် ရိုးသားသူဖြစ်ပါက အခြားသူများလည်း ရိုးသားလိမ့်မည်ဟု ထင်မြင်တတ်သည်။ လိမ်ညာတတ်သူကလည်း လူတိုင်းကို လူညာများဟု မြင်ကြပေလိမ့်မည်။

 

Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit :
ခင်မောင်သန်း (စိတ်ပညာ)
စိတ်ဖောက်ပြန်မှုနှင့် စံလွဲအပြုအမူများ စာအုပ်မှကောက်နှုတ်ထားပါသည်။


 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18