ကော်ဖီများများ သောက်ခြင်းက စိတ်ခြောက်ခြားစေ
25-Feb-2017
ကော်ဖီများများသောက်တဲ့ သူတွေဟာ သာမန်လူတွေထက် ပိုမိုစိတ်ခြောက်ခြား တယ်လို့ ဆေးပညာအရ လေ့လာတွေ့ရှိထားပါတယ်။ စိတ်ခြောက်ခြားစရာ ပုံရိပ်များ၊ လူသေပုံရိပ်များ အလိုလို ပေါ်လာတာမျိုး၊ အသံများ ကြားနေရခြင်းမျိုးတို့ ဖြစ်တတ်တယ်လို့ ဆိုပါတယ်။ ယင်းလေ့လာမှုကို ဗြိတိန်မှာ ကျောင်းသား ၂၀၀ အား လက်တွေ့စမ်းသပ်ခဲ့ခြင်း ဖြစ်ပါတယ်။ အထူးသဖြင့် တစ်ရက်ကို ၇ ခွက်နဲ့ ညီမျှတဲ့၊ ပိုများတဲ့ ကဖင်းဓာတ်ကို နေ့စဉ်သောက်သုံးနေသူများ ကြုံတွေ့ရတယ်လို့ ဆိုပါတယ်။ သူတို့ကသာမန်ကော်ဖီ သောက်သုံးသူများ (တစ်ရက်လျှင် တစ်ခွက်နှင့်အောက်
သောက်သုံးသူများ) ထက် သုံးဆလောက် ပိုမိုစိတ်ခြောက်ခြားပြီး ကြောက်စရာ အာရုံ ပိုရပါတယ်။
စိတ်ဖိစီးနေတဲ့အခါ Stress ဟော်မုန်းတစ်မျိုးဖြစ်တဲ့ Cortisolကို ကိုယ်တွင်းမှ ထုတ်လွှတ်ပါတယ်။ ယင်း Cortisol ထုတ်လွှတ်မှုဟာ ကော်ဖီသောက်သုံးလိုက်တဲ့အခါ (ကဖင်းဓာတ် ဝင်ရောက်သွားတဲ့အခါ) Cortisol ပိုမိုထုတ်လွတ်ပြီး ကဖင်းနဲ့တွေ့တဲ့အခါ ဦးနှောက်မှာ Hallucinate လို့ခေါ်တဲ့ စိတ်ခြောက်ခြားစရာ ပုံရိပ်များ၊ အတွေးများပေါ်ပေါက်လာစေပါတယ်လို့ ဆိုပါတယ်။ ဒါကြောင့် ကော်ဖီသောက်သုံးခြင်းဖြင့် ကျန်းမာရေး အကျိုးကျေးဇူးများစွာ ရရှိနိုင်သော်လည်း အလွန်အကျွံ သောက်သုံးမိတဲ့အခါ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး ထိခိုက်မှုကို ရရှိစေတယ်လို့ ဆေးပညာရှင်တို့ သတိပေး ထားကြောင်း သိရပါတယ်။
Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit To: Aye Chan Mon
မြဝတီ
Related Articles
Advertisment 18
Advertisment 18
Advertisment 18
Advertisment 18
Advertisment 18

