ရှူရှိုက်မိခြင်းကြောင့် အဆိပ်သင့်ခြင်း ဖြစ်စေသောအကြောင်းရင်းများ
27-Feb-2017
ရှူရှိုက်မိခြင်းကြောင့် အဆိပ်သင့်ခြင်း ဖြစ်စေသောအကြောင်းရင်းများ
ရှူရှိုက်မိခြင်းကြောင့် ဖြစ်စေသောအကြောင်းအရင်းများမှာ အခိုးအငွေ့များ၊ သန့်စင် ဂျီးချွတ်ဆေးနှင့် အရောင်တင်ဆေးများ၊ စက်ရုံသုံးဓာတ်ငွေ့များ၊ မီးခိုးငွေ့များ ကိုယ်တိုင်လုပ် ဓာတ်မြေသြဇာအငွေ့များ၊ အိမ်သုတ်ဆေးအနံ့များကို ကြာရှည်စွာရှူရှိုက်မိခြင်း တို့ကြောင့် ဖြစ်ပါသည်။
လက္ခဏာများ
ရှူရှိုက်မိ၍ အဆိပ်သင့်သော လူနာများတွင် တွေ့ရှိရမည် ဖြစ်ပါသည်။
ရှူရှိုက်မိခြင်းကြောင့် အဆိပ်သင့်ခြင်းကိုပြုစုခြင်း
၁။ လူနာနှင့် မိမိကိုယ်ကို ကာကွယ်ပါ။
၂။ လေကောင်းလေသန့် ရရှိသောနေရာတွင် ပြုစုပါ။
၃။ သတိရလျှင် အားပေးစကားပြောပါ။
၄။ Shock လက္ခဏာများတွေ့လျှင် Shock ဖြစ်သောလူနာအတိုင်း ပြုစုပါ။
၅။ အသက်ရှူရပ်ခြင်း၊ နှလုံးခုန်ရပ်ခြင်းအတွက် CPR ပြုလုပ်ပါ။
၆။ သတိရလာလျှင် စိတ်ချရသော ဘေးစောင်းအနေအထားဖြင့် ဆေးရုံသို့အမြန်ပို့ပါ။
Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
အခြေခံရှေးဦးပြုစုခြင်း လက်စွဲစာအုပ်မှ ကောက်နုတ်ထားပါသည်။
Related Articles
Advertisment 18
Advertisment 18
Advertisment 18
Advertisment 18
Advertisment 18

