Print

စိတ်ဓာတ်ကျခြင်းဖြစ်စေသော မထင်မှတ်ထားသည့် အခြေအနေများ

  28-Feb-2017
Preview Image

စိတ်ဓာတ်ကျခြင်းဖြစ်စေသော မထင်မှတ်ထားသည့် အခြေအနေများ
 

ရုပ်ရှင်ကြည့်ခြင်း 

ရုပ်ရှင်ဇာတ်ကားတွေ ကြည့်ရှုတာက စိတ်ဓာတ်ကျတာကို ဖြစ်စေတယ်ဆိုလို့ အံ့သြနေပြီလား။ တချို့ဇာတ်လမ်းဇာတ်ကွက်တွေက ကြည့်ရှုသူကို စိတ်အားတက်ကြွစေသလို၊ တချို့ဇာတ်လမ်း ဇာတ်ကွက်တွေက ကြည့်ရှုသူကို စိတ်အားငယ်စေပါတယ်။

 

အိပ်ပျက်များခြင်း
အိပ်ပျက်များလာတဲ့အခါ စိတ်တွေ နောက်ကျိလာတတ်တာမျိုး ကြုံဖူးမှာပါ။ ဒါဟာ စိတ်ဓာတ်ကျနိုင်ခြေ မြင့်မားတဲ့ အခြေအနေတစ်ရပ်ပါ။ အိပ်ပျက်များတဲ့အခါ ဦးနှောက်ရဲ့ လုပ်ငန်းဆောင်တာတွေ ကျဆင်းလာတာကို လေ့လာမှုတွေအရ သိရပါတယ်။ အဲဒီလုပ်ငန်း ဆောင်တာတွေထဲက တစ်ခုက စိတ်ဓာတ်ကျတာကို ဦးတည်စေပါတယ်။

 

ဖေ့စ်ဘွတ်အလွန်အကျွံသုံးစွဲခြင်း
ဆယ်ကျော်သက်အရွယ်တွေဟာ လူမှုကွန်ယက်တွေဖြစ်တဲ့ Chat room နဲ့ ဖေ့စ်ဘွတ်တွေကို တစ်နေ့အချိန်အကြာကြီး အသုံးပြုတာက စိတ်ဓာတ်ကျတာကို ဖြစ်ပေါ်စေပါတယ်။ အင်တာနက်ထဲမှာပဲ အချိန်ကုန်နေသူတွေအနေနဲ့ ပြင်ပက လူတွေနဲ့ ဆက်ဆံမှု အားနည်းလာတတ်လို့ ပညာရှင်တွေက ဖေ့စ်ဘွတ်စွဲစိတ်ကျရောဂါလို့တောင် အမည်ပေးထားပါတယ်။ ပညာရှင်တွေရဲ့ လေ့လာမှုအရ နိုင်ငံတွင်း အသက် ၁၆ နှစ်ကနေ ၅၀ အတွင်းရှိတဲ့ လူပေါင်းရဲ့ ၁ ဒသမ ၂ ရာခိုင်နှုန်းက တစ်နေ့တာရဲ့ အချိန်တော်များများက အွန်လိုင်းပေါ်မှာပဲရှိနေကြတာကို တွေ့ရှိရပါတယ်။ ဒါဟာ စိတ်ဓာတ်ကျဆင်းဖို့ ဖြစ်နိုင်ခြေကို အလွန်များပြားပါတယ်။ 

 

ပေါင်းသင်းဆက်ဆံရေး ည့ံဖျင်းခြင်း
အများနဲ့ ပေါင်းသင်းဆက်ဆံရေး အားနည်းသူတွေဟာ စိတ်ဓာတ်ကျရောဂါ ဖြစ်ပွားနိုင်ခြေများပါတယ်။ လေ့လာမှုအရ အသက် ၂၀ နှစ်မတိုင်မီ အရွယ်တွေမှာ ပိုမိုဖြစ်ပွားတာကို တွေ့ရပါတယ်။ မိဘတွေနဲ့ဆက်ဆံရေး မကောင်းတာကြောင့် စိတ်ဓာတ်ကျတာ ဖြစ်မဖြစ် 
ဆိုတာကတော့ အတိအကျပြောနိုင်ဖို့ ခဲယဉ်းနေတယ်လို့ သုတေသီတွေက ပြောပါတယ်။

 

ဆေးဝါးများ၏ ဘေးထွက်ဆိုးကျိုး
တချို့ ဆေးဝါးတွေမှာ ဘေးထွက်ဆိုးကျိုးအဖြစ် စိတ်ဓာတ်ကျတာ ဖြစ်တတ်ပါတယ်။ ဝက်ခြံအတွက် သုံးစွဲရတဲ့ တချို့ဆေးဝါး၊ စိုးရိမ်သောကဖြစ်တာနဲ့ အိပ်မရတာအတွက် သုံးစွဲရတဲ့တချို့ဆေးဝါး၊ သွေးဖိအားမြင့်မားတာ၊ သွေးတွင်းအဆီများတာနဲ့ သွေးဆုံးဝေဒနာတွေအတွက် အသုံးပြုရတဲ့ တချို့ဆေးဝါးတွေရဲ့ ဘေးထွက်ဆိုးကျိုးအဖြစ် စိတ်ဓာတ်ကျတာကို ခံစားရတတ်ပါတယ်။ လိုအပ်ပါက ဆရာဝန်ကို ပြန်လည်ပြောပြတိုင်ပင်ပါ။

 

မြို့ပြတွင်နေထိုင်ခြင်း
မြို့ပြမှာနေထိုင်သူတွေဟာ ကျေးလက်ဒေသမှာ နေထိုင်သူတွေအတွက် စိတ်ဓာတ်ကျဆင်း တာကို ၃၉ ရာခိုင်နှုန်း ပိုမိုခံစားရနိုင်တယ်ဆိုတာ သင်သိပါရဲ့လား။ မြို့ပြမှာ နေထိုင်သူတွေဟာ ကျေးလက်ဒေသမှာ နေထိုင်သူတွေထက် မွန်းကျပ်မှုတွေနဲ့အတူ စိတ်ဖိစီးမှုတွေကို ပိုမိုခံစားရနိုင် ပါတယ်။ စိတ်ဖိစီးမှုတွေကို အလွန်အကျွံခံစားရပါက စိတ်ဓာတ်ကျဆင်းတဲ့အထိ ဖြစ်လာနိုင်ပါတယ်။

 

Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
ဇာခြည်ဝင်း (ဆေးဝါးတက္ကသိုလ်)
Arogyam magazine, July 2015, Pg. 133

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18