Print

ဆောင်းရာသီ စိတ်မမှန်ခြင်းရောဂါ (Seasonal affective disorder)

  28-Feb-2017
Preview Image

ဆောင်းရာသီ စိတ်မမှန်ခြင်းရောဂါ (Seasonal affective disorder)
ဆောင်းရာသီ စိတ်မူမမှန်ခြင်းရောဂါသည် ရာသီအပြာင်းအလဲတွင် ဖြစ်တတ်သည်။ စိတ်ကျရောဂါတစ်မျိုးဖြစ်သည်။ ဆောင်းတွင်းတွင် ရောဂါလက္ခဏာ ပိုဆိုးလာတတ် သဖြင့် ဆောင်းရာသီ စိတ်မူမမှန်ခြင်းရောဂါလို့ ခေါ်ခြင်းဖြစ်ပါသည်။ နေ့တာတိုလာသည်အချိန်
မှစပြီး ရောဂါလက္ခဏာ စပြလာမည်ဖြစ်ပြီး ဒီဇင်ဘာ၊ ဇန်နဝါရီနှင့် ဖေဖော်ဝါရီလများတွင်
ရောဂါအခြေအနေသည် အဆိုးဆုံးဖြစ်တတ်သည်။ နွေရာသီရောက်လျှင် ရောဂါလက္ခဏာများ နှစ်စဉ်ပြန်လည်ပေါ်ထွက်လာတတ်သည်။ 

ထင်ရှားတဲ့ရောဂါလက္ခဏာတွေကတော့ -

• စိတ်ဓာတ် အမြဲမတက်ကြွခြင်း
• နေ့စဉ်လုပ်ငန်းဆောင်တာများတွင် စိတ်မပါခြင်း
• စိတ်တိုလွယ်ခြင်း
• မိမ်ကိုယ်ကို အပြစ်တင်ခြင်း၊ တန်ဖိုးမရှိသလို ခံစားရခြင်း
• အမြဲနုံးချိနေခြင်း
• ပုံမှန်အလွန်အကျွံ စားချင်စိတ်ဖြစ်ပေါ်၍ ကိုယ်အလေးချိန်တိုးလာခြင်း

ထိုသို့ဖြစ်ရခြင်းမှာ ဆောင်းရာသီ၌ နေရောင်ခြည်နဲ့ထိတွေ့မှုနည်းလို့ဟု ယူဆကြတယ်။
အဓိကဖြစ်နိုင်ခြေကတော့ နေရောင်ခြည်နှင့် မထိတွေ့ရသည့်အတွင်း ဦးနှောက်၏
လုပ်ဆောင်ချက်များ မူမမှန်ဖောက်ပြန်တယ်လို့လည်း ယူဆကြပါတယ်။ ဦးနှောက် မူမမှန်ဖြစ်တဲ့အတွက်ကြောင့် ထွက်ရမည့်ဟော်မုန်းများလည်း ဖောက်လွဲဖောက်ပြန်ဖြစ်ကုန်ကြသည်။ မယ်လတိုနင် (melatonin) ဟုခေါ်သည့် အိပ်ငိုက်စေသည့် ဟော်မုန်း များလာခြင်း၊ 
စီရိုတိုနင် (Serotonin) ဟုခေါ်သည့် စိတ်ခံစားချက်နှင့် အစာစားချင်စိတ်ကို မြှင့်တင်ပေး
သည့် ဟော်မုန်းထုတ်လုပ်မှု နည်းခြင်းကြောင့် စိတ်ဓာတ်ကျခြင်းဖြစ်ပေါ်သည်။ ဤ
စိတ်ရောဂါအခြေအနေကို ခံစားရသူများသည် အများအားဖြင့် မျိုးရိုးဗီဇ ပါဝင်နေသော
ကြောင့်ဖြစ်ပါသည်။ အချို့တွင် မျိုးရိုးစဉ်ဆက် ရောဂါလက္ခဏာခံစားနေရသည်ကို တွေ့နိုင်သည်။

 

ကုသခြင်း 
ဆောင်းရာသီ စိတ်မမှန်ခြင်းရောဂါကို ကုသရန် နည်းလမ်းများစွာ ရှိပါတယ်။ 

(၁) လူနေမှုဘဝပုံစံပြောင်းလဲခြင်း - နေ့စဉ်မနက်ပိုင်း လေ့ကျင့်ခန်း ပုံမှန်လုပ်ပေးခြင်းဖြင့် သဘာဝနေရောင်နှင့် ထိတွေ့နိုင်ပြီး စိတ်ဖိစီးမှုများကိုလည်း လျှော့ချပေးနိုင်သည်။

(၂) အလင်းရောင်ဖြင့်ကု - နေရောင်ခြည် မမြင်ရသည့် တိုင်းပြည်နေရာများတွင် နေရောင်ခြည်နှင့် ဆင်တူသော အလင်းရောင်ရရှိအောင် ပြုလုပ်ထားသော အထူးမီးအိမ်ဖြင့် ကုသခြင်းဖြစ်သည်။

(၃) မိမိခံစားနေရသော စိတ်ဓာတ်ကျခြင်း၊ စိုးရိမ်ပူပန်ခြင်းများကို စိတ်ကျန်းမာရေး ဆရာဝန်နှင့် ဆွေးနွေးခြင်း

(၄) စိတ်ကျဆေးများဖြင့်လည်း ကုသနိုင်ပါသည်။

 

Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
NHS Choices

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18