Print

မိမိကိုယ်ကို နာကျင်အောင်ပြုလုပ်ခြင်း (သို့) Deliberate self-harm

  30-Jan-2021
Preview Image

မိမိကိုယ်ကို နာကျင်အောင်ပြုလုပ်ခြင်း (သို့) Deliberate self-harm

         

မိမိကိုယ်ကို နာကျင်အောင်ပြလုပ်ခြင်း [Deliberate self-harm (DSH)]နှင့် မိမိကိုယ်ကို သတ်သေခြင်း (Suicide) တို့သည် အခြေခံအားဖြင့် တူညီကြသော်လည်း ဖြစ်လာနိုင်သည့်နောက်ဆုံးရလဒ်မှာမူ အလွန်အမင်းကွာခြားလှပေသည်။ အကြောင်းရင်းမှာ မိမိကိုယ်ကို နာကျင်အောင်ပြုခြင်း (DSH)သည် အကြောင်းအရာ အတိအကျမရှိဘဲ မိမိကိုယ်ကို ဒဏ်ရာအနာတရဖြစ်အောင် (သို့) မိမိကိုယ်တိုင် အဆိပ်သောက်ခြင်းသာ ဖြစ်ပြီး မိမိကိုယ်ကို သတ်သေခြင်း (Suicide) မှာရည်ရွယ်ချက် ရှိရှိဖြင့် မိမိ အသက်ကို နှုတ်ယူခြင်းဖြစ်သည်။ “DSH သည် စိတ်ဖိစီးမှုတစ်ခု ကိုဖော်ပြခြင်းသာဖြစ်ပြီး ရောဂါတစ်ခုမဟုတ်ဘဲ ဤသို့ဖြစ်ရသည့် အကြောင်းရင်းများစွာရှိသည်ဟုအဓိပ္ပာယ် ဖွင့်ဆိုခြင်းလည်းရှိသလို “DSH သည် အကူအညီကို ဟစ်အော်တောင်းခံခြင်းတစ်မျိုးဖြစ်သည်။ သို့သော် ယခုတစ်ကြိမ် အသက်သေဆုံးခြင်းမရှိသော်ငြား နောက်တစ်ကြိမ်တွင် အသက်သေဆုံးခြင်းရှိလာနိုင်သည်ဟုဖွင့်ဆိုထားခြင်းလည်းရှိသည်။

လူတွေဘာလို့ မိမိကိုယ်ကို နာကျင်အောင်လုပ်ကြပါလဲ

 

မိမိခံစားချက်ကို အချက်ပြအသိပေးချင်လျှင်သော်လည်းကောင်း၊ အခွင့်ထူးခံစားကာ လွှမ်းမိုးမှုရယူလိုခြင်း အထူးသဖြင့် မိမိ၏ ချစ်သူ (သို့) မိသားစုနှင့် ခိုက်ရန်ဖြစ်ပွားပြီးသောအခါမျိုးတွင် ဤကဲ့သို့ပြုလုပ်လေ့ရှိကြသည်။ စိတ်ပိုင်းဆိုင်ရာ မရင့်ကျက်ခြင်း၊ စိတ်ဖိစီးမှုဒဏ်ကို ခံစားနိုင်စွမ်းမရှိခြင်း၊ ဘာသာရေးကိုးကွယ်မှု အားနည်းခြင်းနှင့် ဆေးဝါးသုံးစွဲခြင်း (အရက် နှင့် စိတ်ကျရူးသွပ်ဆေးများ) တို့ကြောင့်လည်းဖြစ်နိုင်သည်။ အများစုအတွက်မူ DSH သည် စိတ်ပိုင်းဆိုင်ရာနာကျင်မှု (စိတ်ခံစားချက်များ နှင့် စိတ်ပူပန်မှုများ) မှလွတ်မြောက်လို၍ ဤခံစားချက်များကို ကိုယ်ခန္ဓာနာကျင်မှုနှင့် လဲလှယ်ခြင်းဖြစ်သည်။ ဤနည်းမှာ ရေရှည်အတွက်ပြဿနာများ ပေါ်ပေါက်စေနိုင်သော်လည်း လက်ရှိခဏတာအတွက် အကျိုးရှိသည်ဟုခံစားရစေပြီး လူနာအနေဖြင့် ထိုအရသာကိုစွဲလမ်းသွားစေနိုင်သည်။

ရောဂါခံစားရနိုင်သူများ

·         DSH ရောဂါသည်ကိုမြင်ဖူးသူများ - မိသားစုထဲတွင် DSH ရောဂါရှိသူများ၊ DSH လုပ်သော သူငယ်ချင်းများနှင့် နာမည်ကြီးသူအချို့ (Celebrities) များကို အတုခိုးမှားကာ DSH လုပ်နိုင်ချေရှိသည်။

·         ဇီဝဗေဒဆိုင်ရာ - စိတ်လှုပ်ရှားလျှင်ထွက်သော ဟော်မုန်း အမ်ဒေါ်ဖင် ( Endorphin ) နည်းခြင်း [ ဥပမာ. ဦးနှောက်ထိခိုက်ထားမှုကြောင့် ] ဟော်မုန်း ဆီရိုတိုနင် ( Serotonin ) ထွက်ရှိမှုပုံမမှန်ခြင်းကြောင့်ဖြစ်နိုင်ပါသည်။

·         ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ - ကလေးဘဝ ပြုစုပြိုးထောင်မှုအားနည်းခြင်း၊ ကိုယ်စိတ်လိင်ပိုင်းဆိုင်ရာ စော်ကားခံရခြင်း၊ မိသားစု ပြိုကွဲခြင်း ရှိသူများခံစားရနိုင်သည်။

·         အပေါင်းအသင်းများနှင့် ဆက်ဆံမှုပိုင်းဆိုင်ရာ - ပြိုင်ဆိုင်မှုများသူများ၊ အနိုင်ကျင့်ခံရခြင်း၊ လူလူချင်းဆက်ဆံမှုဆိုင်ရာများတွင်ကျင်လည်မှုမရှိခြင်း။

·         စိတ်ပိုင်းဆိုင်ရာ - မိမိကိုယ်ကို ယုံကြည်ချက်မရှိခြင်း၊ လိင်စိတ်ဆိုင်ရာ ပြဿနာများ ရှိနေသူများ

·         လူများနှင့် ဆက်ဆံလိုစိတ်မရှိသူများ (Antisocial Behaviour) - အများနှင့်ဆက်ဆံရာတွင် ကြမ်းကြမ်းတမ်းတမ်းရှိသူများ၊ ဒေါသထွက်လွယ်သူများ၊ ဆေးလိပ် အရက်သုံးစွဲသူ များတွင်တွေ့ရသည်။

DHS သည် လူတန်းစားမရွေး လူမျိုးမရွေး ဖြစ်နိုင်သည်။ အထူးသဖြင့် ဆယ်ကျော်သက်များတွင် ဖြစ်နိုင်သည်။ လူကြီးများတွင်ဖြစ်ပါက လူမှုအဆင့်အတန်းနိမ့်ကျသူများတွင် ဖြစ်နိုင်သည်။

DHS ဖြစ်နေသူမည်သူကိုမဆို စိတ်ပိုင်းဆိုင်ရာဆရာဝန်များနှင့် ပြသကာ ကုသမှုခံယူသင့်ပါသည်။ ဆရာဝန်များမှ ဤရောဂါနှင့် ပတ်သက်သည်များကို ရှင်းပြပေးပြီး ကုသပုံနည်းလမ်းများကို ရှင်းပြပေးပါလိမ့်မည်။ ဆရာဝန်များသည် DHS လူနာကို စိတ်ချရသည့်ပတ်ဝန်းကျင်မှာ ထားရှိနိုင်အောင်ကြိုးပမ်းခြင်းမှာ DHS ကို အဓိကကုသချက်ပင်ဖြစ်သည်။ DHS ရောဂါသည် အများစုမှာ ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးရုံနှင့်ပင် ကုသပျောက်ကင်းနိုင်၍ DHS ဖြစ်နေသည်ဟု သံသယရှိပါက အမြန်ဆုံးပြသသင့်ပါသည်။

 

Dr.P

Reference from page 360 of Oxford Handbook of Clinical Specialties 10th Edition



Related Articles


Advertisment 18