စိတ်ဖိစီးမှုကိုလျော့ကြစေနိုင်သော အစားအစာများ
27-Feb-2021စိတ်ဖိစီးမှုကိုလျော့ကြစေနိုင်သော အစားအစာများ
ယနေ့အခါတွင် လူနေမှုပုံစံအရ စိတ်ဖိစီးမှုကို အနည်းနှင့်များ
ခံစားနေရသည်။ စိတ်ဖိစီးမှုများပြားလာသောအခါတွင် ကိုယ်ခန္ဓာနှင့် စိတ်ကျန်းမာရေး အပါ်ထိခိုက်မှုများရှိနိုင်ပြီး
မေ့လျော့လွယ်ခြင်း၊ သင်ကြားမှုအခက်အခဲများရှိခြင်း၊သွေးတိုးခြင်းနှင့် နှလုံးရောဂါများ၊
အရိုးပွခြင်း၊
ကိုယ်ခံအားစနစ်ပေါ်ထိခိုက်ခြင်းများ ဖြစ်ပေါ်လာနိုင်သည်။
စိတ်ဖိစီးမှုလျော့ချရန်အတွက် အရေးအကြီးဆုံးမှာ စိတ်ဖိစီးမှုဖြစ်စေသော
အကြောင်းအရင်းကို ရှာဖွေ၍ဖြေရှင်းရန်ဖြစ်သော်လည်း အစားအစာနှင့်နေ့စဉ်ဘဝနေထိုင်မှုပုံစံပြောင်းလဲပေးခြင်းကလည်း
စိတ်ဖိစီးမှုကို လျော့ကျစေရန် အကူအညီပေးနိုင်သည်။
အောက်ဖော်ပြပါများမှာ စိတ်ဖိစီးမှုကိုတိုက်ဖျက်ရာတွင် အကူအညီပေးသည့် အစားအစာ ၁၀ မျိုးဖြစ်သည်။
၁-လက်ဖက်စိမ်း
လက်ဖက်စိမ်းတွင် အစွမ်းထက်သော ဓာတ်တိုးဆန့်ကျင်ပစ္စည်းများပါဝင်သည်။
အဆိုပါပစ္စည်းများသည် စိတ်နှင့်ကိုယ် ကို တည်ငြိမ်စေသော အာနိသင်ရှိပြီး စိတ်အခြေအနေကို တိုးတက်ကောင်းမွန်စေသည်။ Thamine
ဟုခေါ်သော Amino acid တစ်မျိုးလည်းပါဝင်သောကြောင့် အာရုံစူးစိုက်မှုကို ပိုမိုကောင်းမွန်စေသည်။
နေ့စဉ် လက်ဖက်စိမ်းကို နှစ်ခွက် သုံးခွက်ခန့်သောက်သုံးပေးခြင်းဖြင့် စိတ်ဖိစီးမှုကို
လျော့ကျစေနိုင်သည်။
၂-ဘလူးဘယ်ရီသီး
ဘလူးဘယ်ရီသီးတွင် စိတ်ဖိစီးမှုလျော့ကျစေနိုင်သော ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ
ဗီတာမင်C နှင့် E ၊ magnesium နှင့် manganese ကဲ့သို့သောသတ္ထုဓာတ်များပါဝင်သည်။ဘလူးဘယ်ရီသီးကိုစားသုံးပေးခြင်းအားဖြင့်
စိတ်ကျမှုများ ညအိပ်မပျော်ခြင်းများ နှင့် အခြားသော စိတ်ဖိစီးမှုနှင့် ဆက်စပ်သည့် ဝေဒနာများကို
သက်သာစေနိုင်သည်။
၃-လိမ္မော်သီး
လိမ္မော်သီး သည် ဗီတာမင်C ကြွယ်ဝသောကြောင့် ခုခံအားစနစ်ကို
ကောင်းမွန်စေပြီး စိတ်ဖိစီးမှုကိုလျော့ချပေးနိုင်သည်။ ထို့အပြင် လိမ္မော်သီး တွင် ဗီတာမင်
A၊ ဗီတာမင်B နှင့် အခြားသော ခန္ဓာကိုယ်အတွက်ကောင်းမွန်သည့် ဓာတ်ပစ္စည်းများစွာပါဝင်သည်။
၄-နွားနို့
နွားနို့ ကိုနေ့စဉ်သောက်သုံးသူများတွင် စိတ်ဖိစီးမှုလျော့နည်းသည်ကို
တွေရှိရသည်။ နွားနို့တွင်ခန္ဓာကိုယ်အတွက်ကောင်းမွန်သော ဗီတာမင်များ၊ အသားဓာတ်များ၊ သတ္ထုဓာတ်များစွာပါဝင်သည်။
မအိပ်ခင် နွားနို့ပူပူူတစ်ခွက်သောက်သုံးပေးခြင်းဖြင့် ကောင်းမွန်စွာအိပ်ပျော်စေနိုင်သည်။
၅.ဗာဒံစေ့
ဗာဒံစေ့ တွင် ဗီတာမင် B, E နှင့် magnesium ,zinc,နှင့်
selenium ကဲ့သို့သော သတ္ထုဓာတ်များပါဝင်မှုကြောင့် စိတ်ဖိစီးမှုအတွက် အထူးကောင်းမွန်သည်။
၆- ချောကလက်အနက်
လေ့လာချက်များအရ နေ့စဉ် ချောကလက်အနက် တစ်အောင်စနှင့် တစ်ဝက်ကို
စားသုံးသူများတွင် စိတ်ဖိစီးမှုဟော်မုန်းပမာဏကျဆင်းလာသည်ကို တွေ့ရှိရသည်။ ချောကလက်အနက်သည်
စိတ်ဖိစီးမှုကို လျှော့ချ၍ စိတ်အခြေအနေကိုပိုမိုကောင်းမွန်စေရုံသာမက မောပန်းခြင်း၊ စိတ်ကျခြင်း
တို့ကိုလည်းကာကွယ်တိုက်ခိုက်ပေးနိုင်သည်။
၇-ဟင်းနုနွယ်
ဟင်းနုနွယ် ကဲ့သို့သော အစိမ်းရင့်ရောင်အရွက်များတွင် ဗီတာမင်
A,B နှင့် C တို့ပါဝင်သည်။ထို့အပြင် ဟင်းနုနွယ်တွင် စိတ်ဖိစီးမှုကိုလျော့ချပြီး စိတ်တည်ငြိမ်စေသည့်
calcium, magnesium, potassium နှင့် phosphorus ကဲ့သို့သော သတ္ထုဓာတ်များပါဝင်သည်။
၈-ဆော်လမွန်ငါး
ဆော်လမွန်ငါး တွင် omega 3 fatty acid ပါဝင်သည်။ omega 3
fatty acid သည် ဦးနှောက်တွင် ပျော်ရွှင်မှုကို ဖြစ်ပေါ်စေသည့် serotonin ကိုအားပေးပြီး
cortisone နှင့် adrenaline ကဲ့သို့သော စိတ်ဖိစီးမှုဟော်မုန်းများကိုထိန်းချုပ်ပေးနိုင်သည်။
၉-ဆန်လုံးညို
ဆန်လုံးညို တွင် ဗီတာမင် B ပါဝင်ပြီး စိတ်တည်ငြိမ်စေ၍ ဦးနှောက်လုပ်ဆောင်မှုကိုကောင်းမွန်စေသည်။
ခုခံအားကောင်းမွန်စေ၍ သွေးနီဥများကိုကျန်းမာစေ၍ နုလုံးစွမ်းဆောင်ရည်တိုးတက်စေနိုင်သည်။
၁၀-ထောပတ်သီး
ထောပတ်သီးတွင် သတ္ထုဓာတ်များ၊ အသားဓာတ် များ၊ ဗီတာမင် C နှင့်
Eတို့ပါဝင်သည်။ အမျှင်ဓာတ်၊ ပိုတက်ဆီယမ်ဓာတ်နှင့် ကောင်းမွန်သော အဆီဓာတ်များပါဝင်သည်။
နေ့စဉ်ပုံမှန်စားသုံးပေးခြင်းဖြင့် သွေးပေါင်ကျစေ၍ စိတ်ဖိစီးမှုကို ကျဆင်းစေသည်။
Dr.Aung Aung