ဆေးအမည် | Emnorm-500 (အမ်နွမ် - ၅၀၀) |
ပါဝင်ပစ္စည်း | ဆေး (၁) ပြားတွင် Metformin Hydrochloride BP .. 500 mg. |
ဆေးအမျိုးအစား | ဆီးချိုသွေးချိုရောဂါကုဆေး။ |
အသုံးပြုနိုင်သောရောဂါများ | ဆီးချိုသွေးချိုရောဂါ။ |
ဆေး၏ပုံသဏ္ဍာန် | ဖလင်အုပ်ထားသောဆေးပြား။ |
ဆေးအချိန်အဆ | တစ်ခါသောက် ဆေး (၁) ပြား၊ တစ်နေ့ (၃) ကြိမ် (အစာစားပြီး) (သို့) ဆရာဝန်ညွှန်ကြားချက်အတိုင်း လိုက်နာသောက်သုံးပါ။ |
ဘေးထွက်ဆိုးကျိုးများ | ဝမ်းပျက်ခြင်း၊ ပျို့အန်ခြင်း၊ လေပွခြင်း၊ အစာမကြေခြင်း၊ ဝမ်းဗိုက်တောင့်တင်းခြင်း၊ ခေါင်းကိုက်ခြင်း။ |
ဆရာ၀န်ညွှန်ကြားချက် | လို။ |
ကြိုတင်သတိပြုရန်အချက်များ | ဆေးပါဝင်ပစ္စည်းနှင့် ဓာတ်မတည့်သူများ မသောက်သုံးသင့်ပါ။ ကျောက်ကပ် ရောဂါရှိသူနှင့် ကျောက်ကပ်အားနည်းနေသူများ၊ နှလုံးသွေးကြော ကျဉ်းနေသူများ မသောက်သုံးသင့်ပါ။ |
ထုတ်လုပ်သည့် Company | Ipca laboratories Ltd. (အိန္ဒိယ) |
တင်သွင်းသည့် Company | JDS Co., Ltd. |