ဆေးအမည် | Glyco – P (ဂလိုင်ကိုပီ) |
ပါဝင်ပစ္စည်း | ထိုးဆေးရည် (၁) ပုလင်းတွင် ဆေးရည် (1 ml) ပါရှိပြီး Glycopyrolate … 1.2 mg. |
ဆေးအမျိုးအစား | အစာခြေအက်ဆစ်ရည်နှင့် ခန္ဓာကိုယ်တွင်း အရည်ဟန့်တားဆေး။ |
အသုံးပြုနိုင်သောရောဂါများ | မခွဲစိတ်မီ အစာခြေအက်ဆစ်ရည်နှင့် ခန္ဓာကိုယ်တွင်း အရည်များ ထွက်ရှိမှုကို လျော့နည်းစေရန် အသုံးပြုသည်။ |
ဆေး၏ပုံသဏ္ဍာန် | ထိုးဆေးအရည်။ |
ဆေးအချိန်အဆ | ဆရာဝန်ညွှန်ကြားချက်အတိုင်း သုံးစွဲပါ။ |
ဘေးထွက်ဆိုးကျိုးများ | အာခြောက်ခြင်း၊ ဆီးသွားရခက်ခြင်း၊ အမြင်မှုန်ဝါးခြင်း၊ နှလုံးခုန်မြန်ခြင်း၊ ရင်တုန် ခြင်း၊ ချွေးထွက်နည်းခြင်း၊ အရသာမခံနိုင်ခြင်း၊ ခေါင်းမူး၊ ခေါင်းကိုက်ခြင်း၊ထိုင်းမှိုင်းလေးလံခြင်း၊ ညအိပ်မပျော်ခြင်း၊ ပျို့အန်လိုခြင်း၊ နို့တိုက်မိခင်များနို့ထွက်နည်းခြင်း၊ |
ဆရာ၀န်ညွှန်ကြားချက် | လို။ |
ကြိုတင်သတိပြုရန်အချက်များ | ဆေးပါဝင်ပစ္စည်းနှင့် ဓာတ်မတည့်သူများ၊ ဆီးချိုရောဂါရှင် သက်ကြီးရွယ်အိုများ၊ မတည်ငြိမ်နှလုံးရောဂါရှိသူများ၊ အူမကြီးရောင်ရမ်းနာရှိသူများ၊ မွေးကင်းစကလေး ငယ်များနှင့် အသက် (၁)နှစ်အောက်ကလေးငယ်များတွင် လုံးဝမသုံးစွဲရပါ။ |
ထုတ်လုပ်သည့် Company | (KLAB) Khandelwal Laboratories Pvt. Ltd. (အိန္ဒိယ) |
တင်သွင်းသည့် Company | Yadanar Family Int’l Co., Ltd. |