ဆေးအမည် | Hom (ဟုမ်း) |
ပါဝင်ပစ္စည်း | Testosterone undacanoate 40 mg. |
ဆေးအမျိုးအစား | စတီးရွိုက်ဆေး |
အသုံးပြုနိုင်သောရောဂါများ | ဝှေးစေ့ခွဲစိတ်ဖြတ်ထုတ်ထားခြင်း၊ အမျိုးသားများ လိင်အင်္ဂါတွင် ရောဂါရှိခြင်း၊ ပီကျူထရီဂလင်းမှ ဟော်မုန်းထုတ်လုပ်ပေးမှု နည်းပါးခြင်းစသော ကျားဟော်မုန်း ဖြည့်စွက်ရန် လိုအပ်သော အခြေအနေများအားလုံးအတွက်။ |
ဆေး၏ပုံသဏ္ဍာန် | ဆေးတောင့် |
ဆေးအချိန်အဆ | တစ်နေ့လျှင် ၃-၄ တောင့်၊ ၂-၃ ပတ်သောက်ပြီး နောက်ရက်များတွင် တစ်နေ့ ၁-၃ တောင့်သောက်ပါ။ |
ဘေးထွက်ဆိုးကျိုးများ | လိင်တံအချိန်ကြာမြင့်စွာ တောင့်တင်းခြင်း၊ သုက်ရည်လွှတ်နည်းခြင်း၊ သုက်ပိုးပါဝင်မှု နည်းခြင်း။ |
ဆရာ၀န်ညွှန်ကြားချက် | လို |
ကြိုတင်သတိပြုရန်အချက်များ | ဆီးကျိတ်ကင်ဆာ၊ ရင်သားကင်ဆာ သံသယရှိသူများ မသုံးစွဲသင့်ပါ။ |
ထုတ်လုပ်သည့် Company | Cox Laboratories Ltd. Part. (ထိုင်း) |
တင်သွင်းသည့် Company | R.Oasis Co., Ltd. |