ဆေးအမည် | Losvex (လော့စ်ဗက်စ်ခ်) |
ပါဝင်ပစ္စည်း | ဆေး (၁) ပြားတွင် Losartan Potassium USP … 25 mg. |
ဆေးအမျိုးအစား | သွေးတိုးရောဂါကုဆေး။ |
အသုံးပြုနိုင်သောရောဂါများ | သွေးတိုးရောဂါ။ |
ဆေး၏ပုံသဏ္ဍာန် | ဆေးပြား။ |
ဆေးအချိန်အဆ | တစ်ခါသောက် ဆေး (၁) ပြား (မနက်စောစော)၊ တစ်နေ့ (၁) ကြိမ် (သို့) ရောဂါအခြေအနေအလိုက် ဆရာဝန်ညွှန်ကြားချက်အတိုင်း လိုက်နာသောက်သုံးပါ။ |
ဘေးထွက်ဆိုးကျိုးများ | ခေါင်းကိုက်ခြင်း၊ ချောင်းဆိုးခြင်း၊ ညအိပ်မပျော်ခြင်း၊ အရသာပျက်ခြင်း၊ အစာမကြေခြင်း။ |
ဆရာ၀န်ညွှန်ကြားချက် | လို။ |
ကြိုတင်သတိပြုရန်အချက်များ | ဆေးပါဝင်စ္စည်းနှင့် ဓာတ်မတည့်သူများ၊ ကိုယ်ဝန် (၃) လ ကျော်လာသော ကိုယ်ဝန်ဆောင်မိခင်များနှင့် အသည်းမကောင်းသူများ မသောက်သုံးသင့်ပါ။ |
ထုတ်လုပ်သည့် Company | Vexxa Lifesciences Pvt . Ltd.(အိန္ဒိယ) |
တင်သွင်းသည့် Company | Vimal Co., Ltd. |