ဆေးအမည် | AMOR (အမ်မာ) |
ပါဝင်ပစ္စည်း | ဆေး (၁) တောင့်တွင် Levonorgestrel … 0.75 mg. တစ်ခါသောက် ဆေးတစ်ကတ်တွင် ဆေးတောင့် နှစ်တောင့်ပါဝင်သည်။ |
ဆေးအမျိုးအစား | အရေးပေါ်ပဋိသန္ဓေတားဆေး။ |
အသုံးပြုနိုင်သောရောဂါများ | ရုတ်တရက် အစီအစဉ်မရှိဘဲ လိင်အကြမ်းဖက်ခံရခြင်း၊ အကာအကွယ်မဲ့ အတူနေထိုင်မိခြင်း၊ အရေးပေါ်အခြေအနေများတွင် အသုံးပြုနိုင်သည်။ |
ဆေး၏ပုံသဏ္ဍာန် | ဆေးတောင့်။ |
ဆေးအချိန်အဆ | တစ်ခါသောက်လျှင် ဆေး (၂) တောင့် တစ်ပြိုင်တည်း သောက်နိုင်သည်၊ (သို့) ပထမဆေး(၁)တောင့်ကို အတူနေမိပြီး အနည်းဆုံး (၇၂) နာရီအတွင်း (ပို၍ စောစောသောက်နိုင်လျှင် ပိုထိရောက်သည်) သောက်ပါ။ ဒုတိယဆေး(၁)တောင့်ကို ပထမဆေးသောက်ပြီး (၁၂)နာရီကြာလျှင် ထပ်သောက် ပါ။ အကယ်၍ ပထမဆေ |
ဘေးထွက်ဆိုးကျိုးများ | ဆေးသောက်ပြီးလျှင် ပျို့အန်တတ်သည်။ မအီမသာဖြစ်တတ်သည်။ |
ဆရာ၀န်ညွှန်ကြားချက် | ဆရာဝန်နှင့် တိုင်ပင်၍လည်း သောက်နိုင်သည်။ |
ကြိုတင်သတိပြုရန်အချက်များ | ဆေးပါဝင်ပစ္စည်းနှင့် ဓာတ်မတည့်သူများ မသောက်သုံးသင့်ပါ။ |
ထုတ်လုပ်သည့် Company | Hubei Gedian Humanwell Pharmaceutical Co., Ltd. (တရုတ်) |
တင်သွင်းသည့် Company | EMP Co., Ltd. |