| ဆေးအမည် | Rilif SR (ရီလစ်ဖ်) |
| ပါဝင်ပစ္စည်း | ဆေး (၁)ပြားတွင် Aceclofenace BP … 100 mg. |
| ဆေးအမျိုးအစား | အကိုက်အခဲပျောက် ရောင်ရမ်းကျဆေး။ |
| အသုံးပြုနိုင်သောရောဂါများ | နာကျင်ကိုက်ခဲရောင်ရမ်းဝေဒနာများ၊ လေးဖက်နာအဆစ်ရောင်ရောဂါ၊ အရိုးအဆစ် ရောင်ရောဂါ၊ ကျီးပေါင်း ကိုက်ခဲရောင်ရမ်းနာများ။ |
| ဆေး၏ပုံသဏ္ဍာန် | သောက်ဆေးပြား။ |
| ဆေးအချိန်အဆ | တစ်ခါသောက် ဆေး (၁)ပြား၊ တစ်နေ့ (၂)ကြိမ် (သို့) ရောဂါအခြေအနေအလိုက် ဆရာဝန်ညွှန်ကြားချက်အတိုင်း လိုက်နာသောက်သုံးပါ။ |
| ဘေးထွက်ဆိုးကျိုးများ | ပျို့အန်ခြင်း၊ လေပွခြင်း၊ ဗိုက်နာဗိုက်အောင့်ခြင်း၊ နုံးချည့်ခြင်း။ |
| ဆရာ၀န်ညွှန်ကြားချက် | လို။ |
| ကြိုတင်သတိပြုရန်အချက်များ | ဆေးပါဝင်ပစ္စည်းနှင့် ဓာတ်မတည့်သူများ၊ အစာအိမ်အနာရှိသူများ၊ သွေးယိုနေသူ များ၊ ကျောက်ကပ်အားနည်းနေသူများ မသောက်သုံးသင့်ပါ။ |
| ထုတ်လုပ်သည့် Company | Umedica Laboratories Pvt Ltd. (အိန္ဒိယ) |
| တင်သွင်းသည့် Company | Model Pharmw Co., Ltd. |