ဆေးအမည် | Septidine (စပ်တီဒင်း) |
ပါဝင်ပစ္စည်း | Povidone-iodine 10% W/V |
ဆေးအမျိုးအစား | အရေပြားလိမ်း ပိုးသတ်ဆေး။ |
အသုံးပြုနိုင်သောရောဂါများ | ထိခိုက်ရှနာပွန်းပဲ့ဒဏ်ရာ၊ မီးလောင်ဒဏ်ရာနှင့် အရေပြားပေါ်ရှိအနာများတွင် ပိုးမဝင်စေရန်လည်းကောင်း၊ အရေပြားပိုးသန့်စင်ရန်လည်းကောင်း၊ အနာဆေးရန်လည်းကောင်း၊ မခွဲစိတ်မီ အရေပြားပိုးသန့်စင်ရန်နှင့် ခွဲစိတ်ပြီး ဒဏ်ရာဆေးထည့်ရန်တို့တွင်လည်းကောင်း အသုံးပြုနိုင်သည်။ |
ဆေး၏ပုံသဏ္ဍာန် | နီညိုရင့်ရောင် ဆေးရည်။ |
ဆေးအချိန်အဆ | တစ်နေ့ (၂) ကြိမ် အနည်းဆုံး အနာတစ်ဝိုက် သန့်စင်ပေးပါ။ |
ဘေးထွက်ဆိုးကျိုးများ | ဓာတ်မတည့်ပါက အရေပြား နီရဲယားယံ၍ စပ်ဖျင်းဖျင်း ခံစားရပါသည်။ |
ဆရာ၀န်ညွှန်ကြားချက် | မလို |
ကြိုတင်သတိပြုရန်အချက်များ | ဆေးပါဝင်ပစ္စည်းနှင့် ဓာတ်မတည့်သူများ မသုံးစွဲသင့်ပါ။ |
ထုတ်လုပ်သည့် Company | OSOTH INTER Laboratories Co., Ltd. (ထိုင်း) |
တင်သွင်းသည့် Company | MC Pharmaceuticals co., Ltd. |