ဆေးအမည် | Sunex Cough Syrup (ဆန်နက်ခ်စ်ချောင်းဆိုးပျောက်ဆေးရည်) |
ပါဝင်ပစ္စည်း | ဆေးရည် (120 ml) တွင် Diphenhydramine HCL … 14 mg. Ammonium Chloride … 135 mg. Sodium Citrate … 57.5 mg, Sodium Benzoate … 3.7 mg |
ဆေးအမျိုးအစား | ချောင်းဆိုးပျောက်ဆေးရည်။ |
အသုံးပြုနိုင်သောရောဂါများ | ချောင်းဆိုးချွဲကျပ်ခြင်း၊ အအေးမိချောင်းဆိုးခြင်း။ |
ဆေး၏ပုံသဏ္ဍာန် | သောက်ဆေးရည်။ |
ဆေးအချိန်အဆ | လူကြီး တစ်ခါသောက်ဆေးရည် (၁) ဇွန်း - (၂) ဇွန်း၊ တစ်နေ့ ၂-၃ ကြိမ်။ ကလေး (၆-၁၁ နှစ်) တစ်ခါသောက်ဆေးရည် (၁) ဇွန်း၊ တစ်နေ့ ၂-၃ ကြိမ် (သို့) ရောဂါအခြေအနေအလိုက် ဆရာဝန်ညွှန်ကြားချက်အတိုင်း လိုက်နာသောက် သုံးပါ။ |
ဘေးထွက်ဆိုးကျိုးများ | ခေါင်းကိုက်ခြင်း၊ အာခြောက်ခြင်း၊ ရင်တုန်ခြင်း၊ ငိုက်မျဉ်းခြင်း၊ ဂနာမငြိမ်ဖြစ်ခြင်း၊ ပျို့အန်ခြင်း။ |
ဆရာ၀န်ညွှန်ကြားချက် | လို။ |
ကြိုတင်သတိပြုရန်အချက်များ | ဆေးပါဝင်ပစ္စည်းနှင့် ဓာတ်မတည့်သူများ၊ အသက် ၂ နှစ်အောက် ကလေးငယ်များ၊ နို့တိုက်မိခင်များ မသောက်သုံးသင့်ပါ။ |
ထုတ်လုပ်သည့် Company | Sunward Pharmaceutical Sdn. Bhd. (မလေးရှား) |
တင်သွင်းသည့် Company | Myat Hnin Pwint Co., Ltd. |