ဆေးအမည် | Volini Gel (ဗိုလီနီ ဂျဲလ်) |
ပါဝင်ပစ္စည်း | ဆေး ၁ ဘူးတွင် ီငခူသ်နညခေ 1.16% W/W, Linseed oil, Racementhol and methyl salicylate. |
ဆေးအမျိုးအစား | အကိုက်အခဲပျောက် ရောင်ရမ်းကျလိမ်းဆေး။ |
အသုံးပြုနိုင်သောရောဂါများ | ြွကက်သား အဆစ်အရွတ်နှင့် အကြောထိခိုက်ဒဏ်ရာကြောင့်ဖြစ်သော နာကျင် ကိုက်ခဲခြင်းနှင့် ရောင်ရမ်းနာများ၊ လေးဖက်နာနှင့်အရိုးရောင်ရောဂါများနှင့် ဆက်စပ်သော ဒူးနာခြင်း၊ အဆစ်ရောင်ခြင်း။ |
ဆေး၏ပုံသဏ္ဍာန် | လိမ်းဆေးတောင့်။ |
ဆေးအချိန်အဆ | တစ်နေ့ ၃-၄ ကြိမ်၊ ၂-၄ ပတ်၊ နာကျင်ရောင်ရမ်းသော အရေပြားပေါ်တွင် ဖြည်းညင်းစွာ လိမ်းပေးနိုင်သည်၊ ၄ ပတ်ထက်ပို၍ တာရှည်မလိမ်းသင့်ပါ။ |
ဘေးထွက်ဆိုးကျိုးများ | ယားယံခြင်း၊ အရေပြားနီမြန်းခြင်း၊ အနီကွက်ထွက်ခြင်း၊ နှုတ်ခမ်း၊ လည်ချောင်းနှင့် လျှာရောင်ခြင်း၊ အသက်ရှူကျပ်ခြင်း။ |
ဆရာ၀န်ညွှန်ကြားချက် | မလို။ |
ကြိုတင်သတိပြုရန်အချက်များ | ဆေးနှင့်ဓာတ်မတည့်သူများ၊ ရင်ကျပ်ရှိသူများ၊ အက်စပရင်နှင့် မတည့်သူများ၊ အစာအိမ်နာနှင့် အစာအိမ်သွေးယိုနေသူများ မသုံးစွဲသင့်ပါ။ ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များ ဆရာဝန်ညွှန်ကြားချက်မပါဘဲ မသုံးစွဲသင့်ပါ။ |
ထုတ်လုပ်သည့် Company | Ranbaxy Laboratories Ltd. |
တင်သွင်းသည့် Company | JDS Co., Ltd. (Diamond Star) |