ဆေးအမည် | Clarityn Tablet (ကလာရီတင်န် တက်ဘလက်တ်) |
ပါဝင်ပစ္စည်း | ဆေးပြားတစ်ပြားတွင် Loratadine … 1 mg. |
ဆေးအမျိုးအစား | ဓာတ်မတည့်ရောဂါကုဆေး။ |
အသုံးပြုနိုင်သောရောဂါများ | ဓာတ်မတည့်ခြင်းကြောင့်ဖြစ်သော နှာရည်ယိုခြင်း၊ ယားယံခြင်း၊ အဖုအပိမ့်/ အင်ပြင်ထွက်ခြင်းနှင့် အခြားဓာတ်မတည့်ရောဂါများ။ |
ဆေး၏ပုံသဏ္ဍာန် | အဖြူရောင်ဆေးပြား။ |
ဆေးအချိန်အဆ | အသက် (၆) နှစ်အထက်/ လူကြီး ... တစ်ခါသောက် ဆေး(၁) ပြား၊ တစ်နေ့ (၁) ကြိမ်။ အသည်းမကောင်းပါက တစ်ရက်ခြား (၁)လုံး (သို့) ဆရာဝန်ညွှန်ကြားချက် အတိုင်း လိုက်နာသောက်သုံးပါ။ |
ဘေးထွက်ဆိုးကျိုးများ | ခေါင်းကိုက်ခြင်း၊ ဂနာမငြိမ်ခြင်း၊ မောပန်းလွယ်ခြင်း၊ ငိုက်မျဉ်းခြင်း၊ အိပ်မပျော် ခြင်း၊ အာခြောက်ခြင်း။ |
ဆရာ၀န်ညွှန်ကြားချက် | လို။ |
ကြိုတင်သတိပြုရန်အချက်များ | ဆေးပါဝင်ပစ္စည်းနှင့် ဓာတ်မတည့်သူများ မသောက်သုံးသင့်ပါ။ |
ထုတ်လုပ်သည့် Company | PT. Marck Sharp Dohme Pharma Tbk (အင်ဒိုနီးရှား) Authorized under Bayer Consumer Care (ဆွစ်ဇာလန်) |
တင်သွင်းသည့် Company | EMP Co., Ltd. |