Print

ခံရခက်တဲ့ နောက်ကျောတက်ရောဂါ

  25-Feb-2017
Preview Image

နောက်ကျောတက်ခြင်းဟာ ကျားမ မရွေး၊ အရွယ်မရွေး၊ ရာသီဥတုမရွေး၊ အချိန်ခါမရွေး
ဖြစ်လေ့ရှိကြပြီး ဇက်ကြောတက်(၀ါ) ဇက်ကြောထိုးတယ်လို ့လဲ ပြောလေ့ရှိကြပါတယ်။
နောက်ကျောတက်ရတဲ့ အဓိကအကြောင်းရင်းကတော့ “ပင်ပန်းလို ”့ ပါဘဲ။ ဥပမာ
အကြာကြီးငြ်ိမ်၍တရားထိုင်ရတဲ့ ရဟန်းသံဃာတော်များ၊ အာရုံစူးစိုက်ခေါင်းငုံ ့၍အလုပ်လုပ်
ကြသော စာရေးစာချီဝန််ထမ်း များ၊ ဇာထိုးပန်းထိုး စက်ချုပ်သမများ၊ ပန်းထိမ်ဆရာများ၊
ပန်းချီဆရာများ၊ ဆရာဆရာမ နှင့် ကျောင်းသားကျောင်းသူများအဖြစ် များကြပါတယ်။
အချိန်ကြာလာတာနဲ ့အမျှ ခေါင်းကိုက်၊ ပခုံးနာ၊ လည်ပင်းနာပါဖြစ်လာတတ်ပါတယ်။
အသက်အန္တရာယ်မရှိဟု ဆိုနိုင်သော်လည်း နေရထိုင်ရ ခက်ခဲပါတယ်။

(၁) ဆင်ခြင်သုံးသပ်ပါ။

အထက်ဖော်ပြပါ မလွဲမရှောင်သာတဲ့ အလုပ်များအပြင် စိတ်အာရုံနောက်ကျိခြင်း၊
အအိပ်အထိုင်ပုံစံမကျခြင်း၊ စိတ်ဖိစီးမှုများခြင်း၊ မျက်မှန်ပါ၀ါ ဒီဂရီမကိုက်ခြင်း၊ စာရေးစာဖတ်
များခြင်း၊ လက်နှိပ်စက်(သို ့)ကွန်ပြူတာကိုတရစပ်ရိုက်မိခြင်း၊ ရုပ်ရှင်၊ တီဗီ၊ ဗီဒီယို၊
ကွန်ပြူတာဂိမ်း၊ အင်တာနက်တွေအကြည့်များခြင်း၊ စိတ်မချမ်းမြေ ့စရာကြုံတွေ ့ခြင်း၊
သွေးတိုးခြင်းတို ့ကလည်းနောက်ကျော တက်ခြင်းကိုဖြစ်စေပါတယ်။ ဒါကြောင့် မိမိကိုယ်ကိုဆင်ခြင်သုံးသပ်၍လိုတိုး ပိုလျော့ပြုပြင်ပါ။

(၂) အနားယူပါ။

နောက်ကျောတက်ခြင်းအတွက် အဓိကအိမ်တွင်းကုထုံးကတော့ စိတ်ရောလူပါ
အိပ်စက်အနားယူခြင်းပါဘဲ။ အိပ်ယာပေါ်မှာ ခြေ ပစ်လက်ပစ် လှဲချပါ။ခေါင်းအုံး
ထူထူကြီးပေါ် အိပ်စက်ခြင်းက လည်ပင်းရိုးနှင့်လည်ပင်းကြွက်သားတွေကိုပို၍ ဒဏ်ဖြစ်စေ
နိုင် တာကြောင့် မိမိအတွက်သက်တောင့်သက်သာဖြစ်စေမယ့်ခေါင်းအုံးကိုသာသုံးပါ။

(၃) ရေခဲအိတ် (သို ့မဟုတ်) ရေနွေးအိတ်ကပ်ပါ။

ပလပ်စတစ်အိတ်ထဲသို ့ရေခဲတုံးလေးတွေခွဲထဲ့၍ နောက်ကျောပေါ်သို ့ကပ်ပေးပါ။
စဦးပိုင်းမှာ အေးစက်နာကျင်သလို ခံစားရ သော်လဲ တဖြည်းဖြည်းဇက်ကြောတက်၍
လည်ပင်းတွေနာကျင်မှုကို သက်သာပြေလျော့သွားစေပါတယ်။ အကယ်၍ ဆောင်းရာ သီလို
အေးမြတဲ့အခါများမှာ ရေနွေးအိတ်လေးဖြင့်ကပ်ပေးပါ။ ဒီနည်းကသွေးကြောတွေပွင့်လာပြီး
သွေးလည်ပတ်မှုကိုအ ထောက်အကူဖြစ်စေတဲ့အတွက်နောက်ကျောတက် ဇက်ကြောထိုး
ခြင်းကို သက်သာစေပြီးစိတ်အာရုံလန်းဆန်းသွားစေပါလိမ့် မယ်။

(၄) အသာအယာနှိပ်နယ်ပေးပါ။

ဦးစွာရေချိုးပြီးနောက် ခုံတစ်လုံးပေါ်မတ်မတ်ထိုင်၍ မိမိဖာသာ ဦးခေါင်းကို
ဖြည်းဖြည်းချင်း အောက်ဘက်သို ့ငုံ ့နိုင်သမျှငုံ ့ပါ။ ပြီးရင်မိုးကောင်းကင်ပေါ်သို ့ မော့နိုင်
သမျှမော့ကြည့်ပါ။ ထိုလေ့ကျင့်ခဏ်းကို အချိန် ၁၀-မိနစ်ကြာမှ ဖြည်းဖြည်းမှန်မှန် လုပ်ပေး
ပါ။ (နောက်တစ်နည်း) ကိုယ်တွင်းမှာ အပူခဲအအေးခဲခြင်းကလည်း နောက်ကျောထိုးခြင်း
ကိုဖြစ်စေနိုင်ပါတယ်။ (နောက်တနည်း) ဇက်ကြော၊ဇက်ပိုး၊ ပုခုံး၊ လည်ပင်း၊ ပင်မကျောရိုး
တလျှောက်ကို ရေနွေးအဝတ်ဖြင့် ကြပ်ထုပ်ထိုးပေးပါ။ ထို ေ့နာက် မုန်ညင်း ဆီလူးပေးပါ။

(၅) အိမ်တွင်းကုထုံးမှီဝဲပါ။

(က) သံပုရည်သောက်ပါ၊ သံပုရာခွံရှုပါ(သို ့)သံပုရာသီးအလုံးလိုက်ကိုလက်သည်းဖြင့်
ဆိတ်၍ ထွက်လာသော သံပုရာခွံ၏ အစေးကို နားထင်နှင့် ဇက်ကြောတွေပေါ်ပွတ်လှိမ့်
ပေးပါ။ 

(ခ) ချင်းကို ပါးပါးလွှာလွှာကလေးများဖြစ်အောင်လှီးပြီးမီးဖြင့် အနည်း ငယ်ပြပါ၊
ပြီးရင် ဇက်ကြောထိုးသည့် တက်သည့်နေရာများပေါ်ကိုကပ်ပေးထားခြင်းဖြင့် သက်သာ
ပျောက်ကင်းသွားပါလိမ့်မယ်။ 

(ဂ)ကြောင်ပန်းရွက်ကိုကြိတ်၍ရလာသော သတ္တုရည်ကိုသောက်ပေးခြင်းဖြင့်အကြောတက်
အကြောကိုက် ရောဂါများကို သက် သာပျောက်ကင်းစေနိုင်ပါတယ်။ အကယ်၍
ကြောင်ပန်းရွက်သတ္တုရည်ကို သောက်ရန်ဝန်လေးနေပါက ဟင်းချက်စားရုံမျှဖြင့်သက်သာ
ပျောက်ကင်းစေပါတယ်။ 

(ဃ) ပတဲကောပင်၏အမြစ်ကို တူးဖော်၍ ရေသန့်သန့်ဆေးပြီး
နောက် နေပူပူတွင် အခြောက် လှန်းပါ(နေပူရှိန်အလွန်ပြင်းထန်ပါက တစ်နေ့သာ
လှမ်းပါ၊ ရေဓာတ်အသင့်အတင့် ကျန်ရှိနေမှသာ ဆေးစွမ်းအာနိသင် ပိုမိုထက်မြက်စေမှာပါ၊
ဒါကြောင့် မစိုမခြောက်အနေအထား ဖြစ်ရပါမယ်)နေလှန်း၍ရလာသောပတဲကောမြစ်ကို
ကျောက်ပျဉ်ပေါ်၌ ရေ နှင့် ခပ်ပျစ်ပျစ်သွေးပါ၊ ဆေးရည်ကိုသိမ်းထားပြီး ဟင်းသောက်
ဇွန်း တစ်ဇွန်းစာကို မနက်တစ်ကြိမ်၊ ညအိပ်ယာဝင်ချိန်တစ်ကြိမ် သောက်သုံးပေးပါ။

(င) ရှောက်သီးတစ်လုံးကိုအလယ်တည့်တည့်ကခွဲ၍ အရည်ညှစ်ယူပါ၊ ပြီးရင်
အစေ့၊ အခွံ၊ အရည် သုံးမျိုးလုံး ကိုကြွေခရား(သို ့)ကြွေရည်သုတ်ဇလုံထဲမှာထည့်ပါ
ဆားသင့်ရုံဖြင့် ပွက်ပွက်ဆူနေသောရေနွေးဖြူကို ကြွေခရားတစ်လုံးခန် ့ ထည့်လိုက်ပါ၊
အေးလာပါက နံက်တစ်ကြိမ်၊ညအိပ်ရာဝင်ခါနီးတစ်ကြိမ် သောက်ပေးခြင်းဖြင့်
အကြောတက်ရောဂါတွေ တစ်ပတ် အတွင်းသိသိသာသာပျောက်ကင်းစေပါတယ်။ 

(စ) နနွင်းတက်ခြောက်ကို မီးရှို ့၍ ရှုပေးပါ။ (ဆ) အဘထရှုဆေးရှုပါ။

Healthcare.com.mm

Ref:
ပေါက်ပေါက်



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18