Print

ကောင်းကျိုးမပေးသည့် ဆေးလိပ်ကြောင့် နောက်ဆက်တွဲ ဖြစ်တတ်သောရောဂါများ

  25-Feb-2017
Preview Image

ကောင်းကျိုးမပေးသည့် ဆေးလိပ်ကြောင့် နောက်ဆက်တွဲ ဖြစ်တတ်သောရောဂါများ

(၁)ဆေးလိပ်နှင့် အစာအိမ်နာ

ဆေးလိပ်သောက်သုံးသူတွေမှာ အစာအိမ်နာဖြစ်သွားမှု ့ဟာ နှစ်ဆသာတယ်လို့
ဆိုပါတယ်။ လေ့လာချက်အတော်များများအရ ဆေးလိပ်ကို နှစ်ရှည်လများ သောက်သုံးခြင်း
ဟာ အစာအိမ်ရဲ့ နံရံ၊ သွေးစီးဆင်းမှု ့ကိုပြောင်းးလဲစေပြီး အစာအိမ်ယောင်ယမ်းမှု ့ကို
ဖြစ်စေတယ်လို့သိရပါတယ်။ အဲဒီအပြင်ကို ဆေးလိပ်သောက်သုံးခြင်းဟာ အစာအိမ်နာရဲ့
နောက်ဆက်တွဲ ဆိုးကျိုးများဖြစ်တဲ့ အစာအိမ်ပေါက်ခြင်း ၊ အစာအိမ်သွေးယိုခြင်းတို ့ကို
လည်း ဖြစ်စေပြီး အနာကျက်မှု ့ကိုလည်းနှောင့်နှေးစေပါတယ်။

(၂) ကင်ဆာရောဂါ ဖြစ်နိုင်ချေများ

ဆေးလိပ်သောက်သုံးသူတွဟော အခြားသူတွထေက် ကင်ဆာဖြစ်နိုင်ချေ အရမ်းများ
ပါတယ်။ ကင်ဆာထဲမှာမှ အဆုတ်ကင်ဆာ (Lung Cancer)၊ လည်ချောင်းကင်ဆာ (Throat Cancer)၊ နှင့် ခံတွင်း ကင်ဆာ (Oral Cancer) များ အဖြစ်များပါတယ်။ ထို ့ပြင်
ကျောက်ကပ်ကင်ဆာ (Kidney Cancer)၊ အစာရေကင်ဆာ ( Oesophagus Cancer) ၊ ဆီးအိမ်ကင်ဆာ (Bladder Cancer) ၊ ပန်ကရိယကင်ဆာ ( Pancreas Cancer) ၊ သားအိမ်ခေါင်းကင်ဆာ ( Cervical Cancer) တို့ ဖြစ်ပွားမှု ့နဲ ့ပါ ဆက်စပ်လျက် ရှိပါတယ်။ ဆေးလိပ်သောက်သုံးတဲ့ နှစ်ရှည်လေလေ သောက်သုံးတဲ့ အရေအတွက် များလာ လေလေ ကင်ဆာဖြစ်နိုင်ချေ နှုန်း ပိုပိုများလာလေလေပါဘဲ။

(၃) သွေးကြောကျဉ်းမည်

နီကိုတင်းကြောင့် ကိုလက်စတရော (Cholesterol) နဲ့ သွေးတွင်း အဆီဓါတ်တွေ များလာပြီး နှစ်ကြာလာတဲ့ အခါမှာ သွေးကြောနံရံတွေ ထူလာပြီး သွေးကြောတွပေါ ကျဉ်းလာစေတယ်။ သွေးကြောတွေ ကျဉ်းလာတဲ့အခါမှာ သွေးများဟာ ကောင်းစွာ မစီးဆင်းတော့ဘဲ သွေးခဲမှု ့တွေ ဖြစ်စေကာ သွေးကြောတခုလုံးကို ပိတ်စေပါတယ်။
နှလုံး မှာရှိတဲ့ သွေးကြောများ ပိတ်သွားပါက နှလုံးသို့ သွေးရောက်အောင် မပို့နိုင်တော့ဘဲ Heart Attack ဖြင့် သေဆုံးသည်ထိ ဖြစ်နိုင်ပါတယ်။ဦးနှောက်အတွင်းရှိ သွေးကြောများ ပိတ်ပါက လေတခြမ်းဖြတ်ခြင်း နှင့် လေဖြန်းခြင်းများ ဖြစ်စေနိုင်ပါတယ်။ ကျောက်ကပ် အတွင်းရှိ သွေးကြောများ ပိတ်သွားပါက ကျောက်ကပ်ကိုပါ ထိခိုက်ပျက်စီးစေနိုင်ပါတယ်။
ခြေထောက်မှာ ရှိတဲ့ သွေးကြောများ ပိတ်သွားပါက သွေးမလျောက်် နိုင်တော့ဘဲ ပုပ်သွား
ကာ ခြေထောက် ဖြတ်ပစ်ရသည်ထိ ဖြစ်တတ်ပါတယ်။ ဆေးလိပ်ဟာ ကိုယ်တွင်းက အဓိက အင်္ဂါတွေ အကုန်လုံးကို တိုက်ရိုက်ဆိုးကျိုးတွေ ပေးပါတယ်။

(၄) ခဏခဏချောင်းဆိုးမည်

ဆေးလိပ် သောက်သူ တွဟော ချောင်းခဏခဏ ဆိုးတတ်ကြပါတယ်။ ဘာကြောင့်
ဆိုတော့ ဆေးလိပ်ကြောင့် အဆုတ်အတွင်းရှိ လေအိတ်ငယ်လေးတွေပျက်စီးပြီး လေပြွန်ကို
လဲ ယောင်ယမ်းစေကာ လေပြွန်ကြော တလျောက်လုံးကိုပါ ကျဉ်းမြောင်းစေပါတယ်။
ဒါကြောင့် ချောင်းခဏခဏဆိုးခြင်း နှင့် အသက်ရှုမဝခြင်း တို့ကိုပါ ဖြစ်စေပါတယ်။
ဆေးလိပ်ဟာ သွားတွေကို ဝါစေပြီး ခံတွင်းန့ံဆိုးခြင်း တို့ကိုဖြစ်စေပြီး ခံတွင်းကျန်းမာရေး ကိုပါ ထိခိုက်စေပါတယ်။ဆေးလိပ်ကြောင့် သွေးကြောနံရံတွေ ပျက်စီးပြီး သွေးတိုးရောဂါ ကိုလည်း ဖြစ်စေပါတယ်။ သွေးတိုးရောဂါ ဟာလည်း နှလုံးရောဂါ နှင့် လေဖြတ်ခြင်း တို ့ကိုဖြစ်စေဖို ့ တွန်းအားတခု ပါဘဲ။ဆေးလိပ်မှာ ပါတဲ့ နီကိုတင်းဟာ အမျိုးသားတွရဲ့
လိင်အင်္ဂါ မှာရှိတဲ့ သွေးကြောတွေကိုပါ ကျဉ်းစေပါတယ်။ သွေးကြောကျဉ်းပြီး သွေးကောင်း
စွာ မစီးဆင်မှု ့ကြောင့်် လိင်င်္ဂါရဲ ့ မျိုးပွား ခြင်းဆိုင်ရာ လုပ်ငန်း ကိုထိခိုက်ပြီး(Erectile Dysfunction) ဖြစ်စေပါတယ်။ အသက် ၃ဝ မှ ၄ဝကြား ဆေးလိပ်သောက်သုံးတဲ့ အမျိုးသား
များရဲ့ ၅၀% ဟာ Erectile Dysfunction ကိုခံစားရ တတ်ပါတယ်။ဆေးလိပ်သောက်တဲ့
မိခင်တွေမှာ ကလေးမွေးဖွားပါက လမစေ့ဘဲ မွေးခြင်း နှင့် ပေါင်မပြည့်ခြင်း တို့ကိုပါ ဖြစ်စေ
ပါတယ်။ မိဘတစ်ဦးဦးက ဆေးလိပ်သောက်သုံးသူ ဖြစ်နေပါက အတူနေထိုင်တဲ့ ကလေး
ငယ်မှာ ပန်းနာရင်ကျပ် နှင့် အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါများ ဖြစ်စေဖို့ အခွင့်
အလမ်း များပါတယ်။ ဒါကြောင့် မိမိအတွက် ကောင်းကျိုးများ မရှိ ဘေးအတိဒုက္ခများကိုသာ
ပေးနေသော ဆေးလိပ်သောက်ခြင်းကို သင်တတ်နိုင်သမျှ လျှော့ပြီး အလျင်အမြန်
သောက်သုံးခြင်း မပြု ့ကြပါရန် တိုက်တွန်းလိုက်ရပါတော့သည်။

ဆေးလိပ်ကင်းဝေး၍ အသက်ရာကျော်ရှည်ပါစေ ……….
မြင်အောင်ကြည့် သိအောင်ဖတ် ဖြတ်နိုင်အောင် ကြိုးစား.....

Healthcare.com.mm

Ref:
Mg Mandalay



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18