Print

အဒီဆင်ရောဂါ (Addison’s Disease)

  25-Feb-2017
Preview Image


အဒီဆင်ရောဂါ (Addison’s Disease) 
============================ 

ဆားတွေရဲ့ ဇီဝရုပ်ဖြစ်ပျက်မှုနဲ့ လိင်အင်္ဂါကို ထိန်းချုပ်ထားတဲ့ အင်္ဂါဖြစ် တဲ့ Adrenal
ဂလင်းအလုပ် မလုပ်တာကြောင့် ကာယဖိစီးမှု ဒဏ်ကို မခံနိုင်တဲ့ ရောဂါပါ။ ရောဂါ လက္ခ
ဏာတွေဟာ တဖြည်းဖြည်းနဲ့သာ ဖြစ်ပေါ်တတ်တဲ့အတွက် ရောဂါရှိနေမှန်းသိဖို့ ခဲယဉ်း
တတ်ပါတယ်။ စောစောစီးစီး လက္ခဏာကို လျစ်လျူရှူမိခဲ့ရင် ပထမဆုံးသိသာတဲ့ လက္ခဏာ
ဟာ ရုတ်တရက်မေ့လဲတာ ဖြစ်တတ်ပါတယ်။
ရောဂါလက္ခဏာ
------------------
- တဖြည်းဖြည်း အားနည်းပြီး မောပန်းလာကာ လုံးဝအားအင် ကုန်ခန်း သွားတဲ့အထိ
ဖြစ်တတ်ပါတယ်။
- အစာစားချင်စိတ်မရှိခြင်း၊ ပျို့ခြင်းနဲ့ ဝမ်းဗိုက်အောင့်ခြင်း
- မတ်တပ်ရပ်နေစဉ်မူးဝေခြင်း (သွေးဖိအားနည်းတာကြောင့်ပါ)
- အရေပြားအရောင်မည်းနက်လာခြင်း
- ပါးစပ်အတွင်း အနက်ရောင်အကွက်တွေပေါ်လာခြင်း
- ကာယဖိစီးမှုအနည်းငယ် (ဥပမာ-ထိခိုက်ဒဏ်ရာရတာ ဒါမှမဟုတ် ရောဂါပိုးဝင်တာ) ရရှိပြီးတာနဲ့ မူးမေ့တတ်ခြင်း

ရောဂါကြာချိန်
---------------
- ရောဂါဟာ တစ်သက်တာဖြစ်တတ်ပါတယ်။

ဘာကြောင့်ဖြစ်တာလဲ
------------------------
- Autoimmune (ခန္ဓာကို်ယ်ရဲ့ ကိုယ်ပိုင်ခုခံအားစနစ်ကြောင့် ဂလင်းတစ်သျှူးတွေနဲ့ တုံ့ပြန်မှုဖြစ်ခြင်း) ဖြစ်စဉ်ကြောင့် Adrenal ဂလင်းရဲ့ ပြင်ပအလွှာပျက်စီးသွားခြင်း
- တီဘီရောဂါပိုးကြောင့်

နောက်ဆက်တွဲပြသနာ
-------------------------
- သွေးဖိအားကျဆင်းသွားတာကြောင့် သွေးလှည့်ပတ်မှုခက်ခဲခြင်း။
- နမိုးနီးယားလိုမျိုး အဆုတ်ရောင်ရောဂါရခြင်း

အိမ်မှာ ဘယ်လိုကုမလဲ
-------------------------
- အိမ်မှာကုသလို့မရပါ။
- လူနာတွေအနေနဲ့ သူတို့သောက်နေရတဲ့ဆေးတွေနဲ့ ပမာဏကို ဘယ်လိုကိုက်ညှိ ရမယ်ဆိုတာ နားလည်ထားဖို့ လိုအပ်ပါတယ်။

ဆရာဝန်နဲ့ ဘယ်အချိန်ပြမလဲ
--------------------------------
- အထက်ပါလက္ခဏာတွေရှိရှိချင်း ပြပါ။
ဆရာဝန် ဘာလုပ်ပေးမလဲ
- ရောဂါရှိမှန်းသေချာအောင် သွေးဖောက်စစ်ဆေးပေးမယ်။
- ဆေးရုံတက်ခိုင်းပြီး သေသေချာချာစစ်ဆေးမယ်။
- လိုအပ်ရင် ဂလင်းဟော်မုန်းအစားထိုးဖို့ စတီးရွိုက်ဆေးတွေ ပေးပါတယ်။

ရောဂါအခြေအနေ
---------------------
- စတီးရွိုက်ဆေးပေးတာနဲ့ ရောဂါသက်သာနိုင်ပါတယ်။
- အကယ်၍ ရောဂါဖြစ်နေမှန်းမသိဘဲ မကုသတာကြောင့် သေဆုံးနိုင်ပါတယ်။

Healthcare.com.mm

Ref :
seinpanpyar



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18