ဒေါက်တာဂွစာ (၁၄)
02-Mar-2017
ကလေး အထူးကု ဒေါက်တာဂွစာ တစ်ယောက် သူတို့ရဲ့ ကုတင်ပေါ်လှဲရင်း ခွဲစိတ်ခန်းဝမှာ စောင့်နေတဲ့ ကလေးနှစ်ယောက် စကားပြောနေတာကို အသာနားစွင့်မိလေတယ်...
ပထမကလေးက စမေးတယ်...
"သူငယ်ချင်း... မင်း ဘာကို ခွဲစိတ်မလို့လဲကွ..."
"အာသီး ဖြတ်မလို့စောင့်နေရတာလေ... ငါ ကြောက်နေတယ်..."
ပထမကလေးက နှစ်သိမ့်ဖို့ ကြိုးစားဟန်တူပါတယ်...
"သြော်... စိတ်သိပ်မပူပါနဲ့... ငါ လည်း ၄ နှစ်သားတုန်းက အဲလို ဖြတ်လိုက်ရတာ... ခွဲခန်းထဲရောက်တာနဲ့ မင်းကို အိပ်ပျော်သွားအောင် လုပ်လိမ့်မယ်... မင်းနိုးလာရင် ကိစ္စအားလုံး ပြီးစီးနေပြီး မင်းကို ချောကလက်တွေ၊ ရေခဲမုန့်တွေ ကျွေးကြလိမ့်မယ်..."
ဒုတိယကလေး စိတ်သက်သာရာ ရသွားတယ်... အဲနောက် ခုလိုမေးတယ်...
"ဒါနဲ့ မင်းကရော ဘာကို ခွဲစိတ်ရမှာလဲကွ..."
"ငါလား... ငါက ငါ့ဂျိုးထိပ်က အရေပြားလေးကို ဖြတ်ဖို့စောင့်နေရတာကွ..."
ဒီအခါ ဒုတိယကလေးက ပြန်ပြောလိုက်တာက-
"ဝိုး!! ဟုတ်လား... ငါလည်း အဲဒါလုပ်ခဲ့ရတယ်... ငါမွေးပြီးပြီးချင်း လုပ်တယ်လို့ ပြောတယ်ကွ... အဲဒါလုပ်ပြီးတော့ တစ်နှစ်အထိ ငါလမ်းမလျှောက်နိုင်ဘူးလေ..."
Credit : ကြယ်မင်းတာရာ
Related Articles
Advertisment 18
Advertisment 18
Advertisment 18
Advertisment 18
Advertisment 18

