ဒေါက်တာဂွစာ (၃၁)
20-Mar-2017
စကားထစ်နေသော လူနာတစ်ဦး ဒေါက်တာဂွ၏ ဆေးခန်းသို့ရောက်လာပြီး...
"ဆ..ဆ..ဆရာ... ကျွန်.. ကျွန်တော်... စကား ထစ် ... ထစ်... ထစ်နေလို့... ကူ... ကူ ... ကူညီပါ... ဗျာ... ဗျာ..."
ဒေါက်တာဂွ... ဘာမှ ပြန်မပြော...
"ဆ..ဆ..ဆရာ... ရယ်... ကျွန်.. ကျွန်တော်... ဘာ.. ဘာ.. ဘာဆေးသောက် ရ.. ရမလဲဟင်? "
ဒေါက်တာဂွ တုံဏှိဘာဝေ သာ...
"တစ်... တစ်.. တစ်ခုခု ပြော.. ပြော... ပြောပါဦးလား ဆ..ဆ ..ဆရာ ရယ်..."
ဒေါက်တာဂွ မလှုပ်... နောက်ဆုံး လူနာ စိတ်ပျက်လက်ပျက်နှင့် ပြန်သွားတော့သည်... ထိုအဖြစ်အပျက်ကို မြင်နေသော နောက်ထပ် လူနာက ဒေါက်တာဂွကို အပြစ်တင်စကား ဆိုသည်...
" ဆရာရယ်... ဘာလို့ ဘာမှပြန်မပြောတာလဲ... လူနာ သနားပါတယ်ဗျာ..."
ထိုအခါ ဒေါက်တာဂွ ပြန်ပြောလိုက်တာကတော့-
"ပြန်.. ပြန်.. ပြန်ပြောရင်... လက်... လက်.. လက်သီးနဲ့ အထိုး.. ထိုး.. ထိုးခံရမှာပေါ့... ဗျ..."
Credit : ကြယ်မင်းတာရာ
Related Articles
Advertisment 18
Advertisment 18
Advertisment 18
Advertisment 18
Advertisment 18

