ကျုပ်နည်းက သိပ်ကို ထိရောက်တာ
25-Sep-2018စိတ္တဇ ဆေးရုံမှ ပြန်ဆင်းကာစ ကိုဂွစာ ရန်ကုန် မန္တလေး ရထားကို စီးလာသည်... လမ်းတလျှောက် သတင်းစာကို ဆွဲဖြဲကာ တစချင်း ပစ်ပစ်ချသည်...
ဘေးမှ ခရီးသည်က စိတ်ဝင်စားစွာ မေးသည်...
"ခင်ဗျား ဘာလုပ်နေတာလဲဗျ?.."
"ကျားတွေ မလာအောင် ခြောက်တာလေ..."
"ကျားလည်း တစ်ကောင်မှ မတွေ့မိပါဘူး..."
"ဘယ်တွေ့မလဲ... ကျုပ်နည်းက သိပ်ကို ထိရောက်တာကိုး..."