Print

ဝမ်းဗိုက်ချပ်ရပ်လိုသူတိုင်း ဆောင်သင့်၊ ရှောင်သင့်သောအစားအသောက်များ<br...

  29-Oct-2016
Preview Image

လေပွပြီးဗိုက်ပူတာမျိုးမဖြစ်စေဘဲဝမ်းဗိုက်ချပ်ရပ်လိုသူတိုင်း ရှောင်သင့်၊ ဆောင်သင့်တဲ့အစားအသောက်တွေကိုကျွမ်းကျင်သူတွေက အောက်ပါ အတိုင်း အကြံပြု ရေးသားထားပါတယ်။

အကောင်းဆုံး အစားအသောက် - ဒိန်ချဉ်

ဒိန်ချဉ်ဟာ ကျွန်မတို့ အားလုံးအတွက် ကောင်းတယ်ဆိုတာ သိကြပါတယ်။  ဒါပေမဲ့ ဝမ်းဗိုက်ချပ်ရပ်စေတယ်လို့တော့ မသိကြပါဘူး။ ဒိန်ချဉ်အများစုမှာပါတဲ့ အကျိုးပြုဘက်တီးရီးယားတွေကအစာခြေစနစ်ကိုကျန်းမာစေပါတယ်။ဒိန်ချဉ်ဟာ လေပွတာနဲ့ ဝမ်းချုပ်တာတွေ မဖြစ်စေဘဲ ဝမ်းဗိုက်ချပ်ရပ်နေစေတဲ့ အာနိသင် ရှိပါတယ်။

အဆိုးဆုံး အစားအသောက် – ဆော်ဒါ အချိုရည်

ဗိုက်ပူမှာ စိုးရွံ့သူတွေအနေနဲ့ကာဗွန်ပါတဲ့အချိုရည်တွေကို ရှောင်သင့်ပါတယ်။  ဂက်စ်ပါတဲ့ အချိုရည်တွေဟာ ဗိုက်ကို လေတွေနဲ့ ပြည့်နေစေပြီး ဗိုက်ပူကာ လေပွနေစေပါတယ်။ ဒါကြောင့် ဗိုက်ချပ်ရပ်လိုရင် ဆော်ဒါ အချိုရည်အစား ရေ ဒါမှမဟုတ် ကယ်လိုရီနည်းတဲ့ အရည် (ဥပမာ-လက်ဖက်စိမ်းလက်ဖက်ရည်) ကို သောက်သင့်ပါတယ်။ ဒီအရည်ထဲမှာ အင်တီအောက်ဆီးဒင့် များစွာ ပါဝင်ပြီး ဝမ်းဗိုက်ထဲ အဆီစုတာနဲ့ ဆက်စပ်နေတဲ့ ရောင်ရမ်းမှုဖြစ်နှုန်းကို လျော့ကျစေပါတယ်။

အကောင်းဆုံး အစားအသောက် – ပန်းဂေါ်ဖီ

ပန်းဂေါ်ဖီစိမ်း၊ ဂေါ်ဖီထုပ်၊ ပန်းဂေါ်ဖီ၊ ကညွတ်၊ငရုတ်သီး၊ ပဲဝါ စတဲ့ အစားအစာတွေမှာ ဗီတာမင်အေ၊ စီနဲ့ ကေအပြင် ဖောလိတ်၊ ဘီတာကယ်ရိုတင်း၊ မဂ္ဂနီဆီယမ်၊ ကယ်လ်စီယမ်နဲ့ အမျှင်ဓာတ်တွေလည်း ပါဝင်နေပါတယ်။

အဆိုးဆုံး အစားအသောက် – အခွံချွတ်ထားသော ကာဗိုဟိုက်ဒရိတ်

ဂျုံဖြူနဲ့ လုပ်ထားတဲ့ မုန့်တွေနဲ့ ထမင်းဖြူတွေကို မစားပါနဲ့။ ဒီအစာတွေက အစာကြေလွယ်ပြီး သွေးတွင်းသကြားဓာတ်နဲ့အင်ဆူလင်အဆင့်ကို မြင့် တက်စေလို့ပါ။ အင်ဆူလင်အဆင့်မြင့်တက်တာက ဝမ်းဗိုက်တစ်ဝိုက် အဆီစုပုံမှုကို တိုးစေနိုင်ပါတယ်။

အကောင်းဆုံး အစားအသောက် – အခွံချွတ်မထားသော ကောက်နှံစာ

အခွံချွတ်မထားတဲ့ ကောက်နှံနဲ့ လုပ်ထားတဲ့ ဆန်လုံးညို၊၊ ပေါင်မုန့်ညိုနဲ့ ပဲနီလေးလို အစာတွေကို စားပါ။ အမေရိကန် အာဟာရ ဆေးပညာဂျာနယ်ရဲ့ လတ်တလော လေ့လာမှုတစ်ရပ်အရ အခွံချွတ်မထားတဲ့ ကောက်နှံစာဟာ ကယ်လိုရီ ထိန်းချုပ်ပေးပြီး ခါးတစ်ဝိုက်ကို အဆီပိုတွေ ကင်းဝေးစေတယ်လို့ သိရပါတယ်။

အဆိုးဆုံး အစားအသောက် – ဆားကဲသော အစားအစာ

ပဲပိစပ်ဆော့အများအပြားပါတဲ့ဆူရှီစားပြီးချိန်မှာ လေပွသလိုခံစားနေရပါ သလား။ ဆိုဒီယမ်များစွာပါတဲ့ အစားအစာတွေကို စားတာက ရေစုဆောင်းမှု များတာကို ဖြစ်စေနိုင်ပါတယ်။ဒါကြောင့်ဗိုက်က ဖောင်းလာပြီး လေပွလာတတ်ပါတယ်။ ဗိုက်သား ချပ်ရပ်စေဖို့ တစ်နေ့မှာ ဆိုဒီယမ်၂ဝဝဝမီလီဂရမ်အောက်ပဲ စားပါ။

အကောင်းဆုံး အစားအသောက် – မပြည့်ဝဆီ

သံလွင်ဆီလိုမျိုး မပြည့်ဝဆီပါတဲ့ အစားအစာတွေဟာ ဗိုက်သား ချပ်ရပ်စေတယ်လို့ လေ့လာမှုအသစ်တစ်ရပ်အရ သိရပါတယ်။

အကောင်းဆုံး အစားအသောက် – ရှာလကာရည်

ရှာလကာရည်မှာပါတဲ့ ချဉ်တဲ့အရသာနဲ့ စူးရှတဲ့ အနံ့ကိုပေးတဲ့ ဓာတ်တွေဟာ ဗိုက်အဆီကို ချေဖျက်ပေးတယ်လို့ ဂျပန်လေ့လာမှု တစ်ရပ်က ဆိုပါတယ်။ အဝလွန်တဲ့ လူတွေဟာ တစ်နေ့မှာရှာလကာရည် ထမင်းစားဇွန်းတစ်ဇွန်း- နှစ်ဇွန်း စားရာ  ၁၂ ပတ်အကြာမှာ ကိုယ်အလေးချိန်၊ ဗိုက်အဆီနဲ့ ခါးအတိုင်းအတာ သိသိသာသာ လျော့ကျမှုရှိတာကို လေ့လာမှုအရ သိရပါတယ်။ ရှာလကာရည်မှာပါတဲ့ Acetic Acid ဟာ အဆီချေဖျက်တဲ့ ပရိုတင်းတွေ ထွက်လာအောင် မျိုးရိုးဗီဇကို ပြောင်းလဲပေးတာကြောင့်လို့ လေ့လာသူတွေက ဆိုပါတယ်။

Ref:  လမင်းမောင် မြဝတီ Monday, August 24, 2015



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18