Print

ကြက်သွန်ဖြူ အသုံးဝင်ပုံ

  29-Oct-2016
Preview Image

ရှေးအခါက ရသေ့၊ ရဟန်းအပေါင်းတို့သည် ကြက်သွန်ဖြူကို အမြတ်ဆုံးသော ရသာရနဆေးအဖြစ် နည်းအမျိုးမျိုးဖြင့် သုံးစွဲခဲ့ကြ၏။ အာယုဗ္ဗေဒဆေးအဖြစ် နည်းမျိုးမျိုးနှင့် ရှေးဆရာကြီးတို့သည် ကြက်သွန်ဖြူ၏ ဂုဏ်သတ္တိကို အမျိုးမျိုးရေးသားခဲ့ကြပါသည်။ အချို့ဆရာတို့သည် ကြက်သွန််နီထက် ကြက်သွန်ဖြူက ဂုဏ်သတ္တိသာလွန်သည်ဟု ဆိုကြသည်။

ကြက်သွန်ဖြူသည် သွေးကိုသန့်စေ၏၊ ပိုးသေ၏၊ လေသက်၏၊ ဖျားနာ၊ အရေပြားရောဂါကို ပျောက်စေ၏၊ ချွေးထွက်ခြင်း၊ သုတ်ပွားခြင်း ဖြစ်စေ၏၊ ဆီးဝမ်းကိုရွှင်စေ၏၊ ကာမကိုအားပေး၏၊ မျက်စိကိုအကျိုးပြု၏၊ အသက်ရှည်၏။

သွေးတိုးရောဂါကို အိန္ဒိယနိုင်ငံ၏ သူရဲကောင်းကြီး မဟတ္တမဂန္ဒီကြီးက မိမိ၏သွေးတိုးရောဂါသည် ကြက်သွန်ဖြူကို နေ့စဉ်စားခြင်းဖြင့် ပျောက်ကင်းရ သည်ဟုဆိုထား၏။ ချောင်းဆိုးရောဂါသည် ကြက်သွန်ဖြူကို နာတာရှည်ရောဂါ ၊ချောင်းဆိုးရောဂါအတွက် အရည်ပြု၍တိုက်ပါ၊ ကျွေးပါ၊ အလွန်ထင်ရှားသော အိမ်သုံးဆေးဖြစ်သည်။ လေရောဂါသည် ကြက်သွန်ဖြူကို နှမ်းဆီနှင့်စိမ်၍ ဆားအနည်းငယ်ထည့်ပြီး ထမင်းမစားမီ စားပါ။ နာတာရှည််ရောဂါပျောက်၏။

ကလေးလေဆန်နာရောဂါကို ကလေးများ၏ လေဆန်ရောဂါအတွက် ကြက်သွန်ဖြူတစ်လုံးကို မီးဖုတ်၍ကျွေးရ၏။ ကြက်ညှာချောင်းဆိုးကို ကြက်သွန်ဖြူကိုထုထောင်း၍ နှမ်းဆီနှင့် ကျေအောင်နယ်ပြီး ရင်ဘတ်နှင့် ကျောကို လိမ်းကျံပေးပါ။ ကြက်သွန်ဖြူကိုအရည်ညှစ်ပြီး ရေအနည်းငယ်နှင့်သကြားရောပြီး လက်ဖက်ရည်ဇွန်းတစ်ဇွန်းခန့် တိုက်ပေးပါ။ လည်ပင်းကြီးရောဂါသည် ကြက်သွန်ဖြူဆီကို တစ်ကြိမ်လျှင် နှစ်စက်မျှ တစ်နေ့သုံးကြိမ် တိုက်ကျွေးပါ။ လည်ပင်းတွင်လိမ််းပေးပါ။

ခေါင်းကိုက်ရောဂါသည် ကြက်သွန်ဖြူကို ဆားနှင့်ရောပြီးသောက်ပါ။ ကြက်သွန်ဖြူကိုကြိတ်ပြီး နားထင်တွင်လိမ်းပေးပါ။ ကလေး aချာင်းဆိုးရောဂါ သည် ကြက်သွန်ဖြူကိုအပ်နှင့်ထိုး၍ ပြာကျအောင်မီးဖုတ်၊ ပြာကိုအမှုန့်ပြု၍ ကလေးများ ချောင်းဆိုးရောဂါဖြစ်သောအခါ တိုက်ကြရသည်။ ပွေး၊ ဝဲ၊ ယားနာတို့သည် ကြက်သွန်ဖြူတစ်လုံးကို ဖင်မှလှီး၍ ထွက်လာသောအစေးနှင့် အနာကို မကြာခဏပွတ်ပေးပါ။ မုချပျောက်ကင်းပါ၏။

အဆုတ်ရောဂါကို ကြက်သွန်ဖြူတစ်လုံး တစ်နေ့တစ်ကြိမ် အရည်ညှစ်တိုက်ပါ၊  စားပါ။ ကြက်သွန်ဖြူကိုကြိတ်၍ ထွက်လာသောအဆီဖြင့် ရင်ဘတ်ကိုလိမ်းပေးပြီး အဝတ်နှင့် ရင်ဘတ်ကို ပတ်ထားပါ။ အရေပြားကွာခြင်းမရှိတော့ပါ။ ၎င်းအဆီ (အရည်)သည် အရေပြားမှ အတွင်းသို့ စိမ့်ဝင်ပြီး ပိုးများကိုသတ်နိုင်သော အစွမ်းသတ္တိရှိကြောင်း ရှေးဆရာကြီးမှ အဆိုရှိထားပါသည်။ အနာများသည် အရိုးထိအောင်စားတတ်သော အနာများပင်ဖြစ်ပါသည်။ အနာကို ရေနွေး (ဖန်ရည်)ဖြင့် ဆေးကြောပြီး ကြက်သွန်ဖြူကိုထုထောင်းအုံ၍ ပတ်တီးစည်းပေးထားပါ။  ၂၄ နာရီကြာသောအခါ ပတ်တီးကိုဖြေ၍ အသစ်ထပ်မံလိမ်းပေးပါ။ အနာတွင်ရှိသော ပိုးများကိုသတ်နိုင်သော သတ္တိရှိပါသည်။

အကြောအခြင်ကိုက်ခဲပါက ကြက်သွန်ဖြူကိုအရည်ထုတ်၍ ပွတ်လိမ်းခြင်းဖြင့် ပျောက်ကင်း၏။ နားပြည်ယိုခြင်းကို နှမ်းဆီငါးကျပ်သားတွင် ကြက်သွန်ဖြူ အနည်းအငယ်၊ လေးညှင်းနှစ်ပွင့်ခန့် ထည့်ပြုတ်၍ နားအတွင်း ပူနွေးနွေး ထည့်ပေးပါ။ နားပြည်ယို၊ နား ကိုက်၊ နားထိုင်း ပျောက်ကင်း၏။

ရာသီမြုံ၍ ဒုက္ခရောက်သော် ကြက်သွန်ဖြူ ၊ စမုံနက်၊ ဆား၊ မန်ကျည်းသီးမှည့်၊ ထန်းလျက်ငါးကျပ်သားစီ၊ မိဿသ လင်သုံးကျပ်သား ပေါင်းစပ်၍ ကြိတ် (ရာသီဆိတ်သော်၊ ကြောက်ထိတ်မလန့်၊ ဆီးသီးခန့်လောက်စားသုံးမြောက် က ပျောက်ရဧကန်မလွဲမှန်၏။) အနာဝင်သော် ကြက်သွန်ဖြူ ဥတစ်လုံးနှင့် ငရုတ်ကောင်းခုနစ်စေ့ကို ကြိတ်၍အုံပါ။ ဒူလာ၊ မီးယပ်ပျောက်ဆေး ကြက်သွန်ဖြူဥတစ်လုံးကို ဓားနှင့်အဖျားဘက်ကလှီးပြီး အခေါင်းလုပ်၊ ဘိန်းခြောက် ရွေးသားထည့်၊ မီးကင်၊ မြေသင်းခဲကို အရည်ဖျော်အရည်ကြည်ရအောင် ခေတ္တထား၊ ရေကြည်ဖြင့်ကြက်သွန် ဖြူမီးကင်ကိုကြိတ်၍ပဲနောက်စေ့ခန့်လုံး၍ထား ရောဂါရှင်ကိုချင့်ချိန်တိုက်ပါ။တိုက်သည့်အခါတွင် မြေသင်းခဲ(မြေကြီးကိုမီးရဲအောင် ဖုတ်ထားသောမြေ) အရည်နှင့်ပင်တိုက်ရမည်။ဝဲရောဂါ ပျောက်ကင်းချင်ပါက ကြက်သွန်ဖြူကိုထောင်းပြီး အုန်းဆီနှင့်လိမ်းပေးပါ။ ။

Ref: ကိုကျော်(မင်းဘူး)တိုင်းရင်းဆေး The Mirror Daily Wednesday, August 26, 2015



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18