Print

အရိုးပွခြင်းမှ ကာကွယ်ရန် စားသုံးသင့်သည့် ဓာတ်စာများ

  29-Oct-2016
Preview Image

အရိုးပွခြင်းဟာ သွေးဆုံးခါနီး အမျိုးသမီးများနဲ့ အသက်အရွယ်ကြီးတဲ့ အမျိုးသားတွေမှာ အတွေ့ရများတဲ့ ရောဂါလည်း ဖြစ်ပါတယ်။ ကမ္ဘာပေါ်မှာရှိတဲ့ လူဦးရေ သန်းပေါင်း ၂ဝဝ ခန့်ဟာ အရိုးပွခြင်းကို ခံစားနေကြရပါတယ်။ အသက် ၅ဝ နဲ့ အထက်ရှိတဲ့ အမျိုးသမီး သုံးဦးမှာ တစ်ဦးဟာ အရိုးပွခြင်းကြောင့် အရိုးကျိုးခြင်း ခံစား နေရတယ်။ အရိုးကျိုးခြင်းရဲ့ ၈၅ ရာခိုင်နှုန်းမှာ လက်ဖျံရိုးကရ၅ရာခိုင်နှုန်း၊ လက်မောင်းရိုးရဝရာခိုင်နှုုန်း၊ တင်ပါးဆုံရိုးနဲ့ ကျောရိုးမကြီးတွေမှာ ဖြစ်တတ်ပါတယ်။ အရိုးပွခြင်း ဖြစ်နိုင်သူတွေဟာ စတီးရွိုက်ခေါ်တဲ့ ဟော်မုန်းဆေး တာရှည်သုံးစွဲသူတွေ၊ စောစောစီးစီး မီးယပ်သွေးဆုံးသူ၊ လှုပ်ရှားမှုနဲ့လေ့ကျင့်ခန်း ပြုလုပ်ခြင်း နည်းသူ၊ နေ့စဉ် နာရီဝက် (အပြေး၊လမ်းလျှောက်၊ စက်ဘီးစီး) မလုပ်သူများ၊ အာဟာရ ပြည့်ဝစွာမစားသူ၊ ဆေးလိပ်သောက်သူ၊ အရက် အလွန်အကျွံသောက်သူ၊ မျိုးရိုးထဲမှာ အရိုးပွရောဂါ ရှိသူများနဲ့ အရိုးကျိုးသူများမှာ အရိုးပွခြင်း ဖြစ်နိုင်တယ်။ အရိုးပွခြင်း ရှိ၊ မရှိကို ဘီအမ်ဒီ (Bone Mass Density) လို့ ခေါ်တဲ့ အရိုးသိပ်သည်းဆ တိုင်းခြင်း ဖြင့်သာ သိနိုင်ပါတယ်။ အရိုးပွခြင်းကြောင့် ဒဏ်ရာ မပြင်းထန်ပေမယ့် အနည်းငယ် ထိခိုက်ရုံနဲ့ အရိုးကျိုး လွယ်ခြင်း ဖြစ်နိုင်ပါတယ်။

အရိုးပွခြင်း ကာကွယ်ဖို့

အရိုးပွခြင်း ကာကွယ်ဖို့ ကယ်လ်စီယမ်ဓာတ်ကို ငယ်ရွယ်စဉ်က စပြီး လုံလောက်စွာ စားသုံးသင့်တယ်။ နို့၊ နို့ခဲ၊ ဒိန်ချဉ်၊ အရိုးပါတဲ့ငါး၊ ပင်လယ်စာများ စားသင့်ပါတယ်။ ကိုယ်လက် လှုပ်ရှားခြင်း မည်သူမဆို နေ့စဉ် နာရီဝက် (အပြေး၊ လမ်းလျှောက်၊ စက်ဘီးစီး) လုပ်သင့်တယ်။ ဆေးလိပ်၊ အရက် ရှောင်ရမယ်။ စားသောက်ခြင်း လူတိုင်း နေ့စဉ် ကယ်လ်စီယမ်နှင့် ဗီတာမင်ဒီပါတဲ့ အစားအစာများကို လုံလောက်စွာ စားသင့်တယ်။ 

ဘဝဆုံး

အရိုးပွခြင်းကြောင့် အရိုးကျိုးပါက ဘဝ အရည်အသွေး ကျဆင်းနိုင်တယ်။ မိသားစု သို့မဟုတ် တစ်ယောက်ယောက်အပေါ်မှာ မှီခိုအားထားရလို့ မိသားစုအတွင်း လူ့အသိုင်းအဝိုင်းအတွင်းမှာ ဝန်ထုပ်ဝန်ပိုး ဖြစ်ရတယ်။

သဘာဝ

အရိုးပွခြင်းဟာ အရိုးမှာပါတဲ့ ထုံးဓာတ်နှင့် မီးစုန်းဓာတ် ပါဝင်မှု နည်းခြင်း၊ ပါရာသိုင်းရွိုက် ဟော်မုန်းနဲ့ ဗီတာမင်ဒီ ထိန်းညှိစနစ် ပျက်ယွင်းခြင်းကြောင့် ဖြစ်လို့ ခန္ဓာကိုယ်က ထုံးဓာတ် စုပ်ယူမှုနဲ့ အရိုးဖြစ်ထွန်းမှု ဆက်စပ် နေတယ်။ လိင်ဟော်မုန်းဖြစ်တဲ့ တက်စတိုစတီရုံး့နဲ့ အီစရိုဂျင်ဟာ ခန္ဓာကိုယ်ရဲ့ ထုံးဓာတ်စုပ်ယူမှုမှာ တိုက်ရိုက် အကျိုးသက်ရောက်မှု ရှိတယ်။ အသက် ကြီးရင့်လာတာနဲ့အမျှ အရိုးဟာ ပါးလွှာ ပွလာပြီး ကြွပ်ဆတ်လာတယ်။ ဒါကို အရိုးပွခြင်းလို့ ခေါ်ပါတယ်။

ဓာတ်စာများ

ထုံးဓာတ်နဲ့ ဖော့စဖိတ်ဓာတ်ဟာ အရိုးဖြစ်ထွန်းမှုမှာ အရေးပါတယ်။ အဲဒီ သတ္တုဓာတ် လုံလောက်ဖို့ နွားနို့၊ ဒိန်ခဲ၊ ဒိန်ချဉ်၊ အစိမ်းရောင်ရှိတဲ့ ဟင်းသီးဟင်းရွက်များ၊ ပဲပိစပ်က ရတဲ့ ပစ္စည်းနဲ့ ငါးကရတဲ့ ထုံးဓာတ်ပါတဲ့ အစားအစာကို စားနိုင်သမျှ အစောဆုံး စားရင် အရိုးပွရောဂါကို ကာကွယ်နိုင်တယ်။ တချို့ အမျိုးသမီးတွေ ဟာနွားနို့နဲ့ နို့ထွက်ပစ္စည်းတွေကို ဝမှာစိုးလို့ မသောက်ကြဘူး။ မလိုင်ထုတ်ထားတဲ့ နို့နဲ့ နို့ထွက်ပစ္စည်း တွေကို စားသောက်သင့်တယ်။ ခန္ဓာကိုယ်အတွက် ထုံးဓာတ်ကြွယ်ဝတဲ့အစားအစာ စားသုံးတာ အကောင်းဆုံးရွေးချယ်မှု ဆိုပေမယ့် တခြားအာဟာရပါဝင်အောင် မျှမျှတတ စားသင့်တယ်။ ဗီတာမင်ဒီ၊ စီ၊ ဇင့်ဓာတ် တို့ရအောင် သစ်သီးနဲ့ သစ်သီးဖျော်ရည်၊ စတော်ဘယ်ရီ၊ မက်မန်းနှင့် ကီဝီသီးတို့ စားသင့်တယ်။ ကြက်သား၊ မှို၊ နာနတ်သီး၊ သစ်တော်သီး၊ ချယ်ရီသီး၊ စွန်ပလွံသီး၊ သကာ၊ တင်လဲ၊ ထောပတ်နဲ့ တစေးတို့မှာ ထုံးဓာတ် ပေါများစွာ ပါဝင်တယ်။ 

Ref: ဒေါက်တာ လွင်သန့်(ဆေး-၂) မြဝတီ Friday, September 26, 2014



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18