အချိုရည်သောက်သုံးခြင်းကြောင့် နှစ်စဉ်လူ၁သိန်း၈သောင်းခန့် သေဆုံးနေ
30-Oct-2016
sugar drink လို့ခေါ်တဲ့ အချိုရည်သောက်သုံးခြင်းဟာ အဝလွန်ခြင်း၊ သွေးချိုဆီးချို၊ နှလုံးသွေးကြောနှင့် ကင်ဆာရောဂါများ ဖြစ်ပွားမှုနှင့် ဆက်စပ်လျက်ရှိသည်။ လူတစ်ယောက်သည် sugar drink များကို တစ်ပတ်လျှင် ၄၅၀ ကယ်လိုရီ ထက်ပို၍ မသောက်သုံးသင့်ကြောင်း American Heart Association (AHA) မှ အကြံပြုထားသည်။ ထိုပမာဏသည် 12oz cola သုံးဘူးထက်လျော့နည်းနေလေသည်။ လူငယ်များအချိုရည်သောက်သုံးခြင်းသည် နာတာရှည်ရောဂါများ ဖြစ်ပွားရန် အခွင့်အလမ်းပိုများနေသည်။ sugardrinkများသောက်သုံးခြင်းကြောင့် နှစ်စဉ်ကမ္ဘာပေါ် တွင် ၁၈၄ ၄၅၀ ယောက်ခန့် သေဆုံး ပြီး အဖြစ်အများဆုံးရောဂါမှာ ဆီးချို ရောဂါဖြစ်ကာ နှလုံးရောဂါနှင့် ကင်ဆာရောဂါများလည်း ဖြစ်ကြ သည်။ လူငယ်များကြား ထိုကဲ့သို့ သော ရောဂါများဖြစ်ပွားခြင်းသည် နိုင်ငံတစ်နိုင်ငံချင်းဆီ၏ လုပ်အား၊ထုတ်လုပ်မှုနှင့်စီးပွားရေးအပေါ်တွင် ဆိုးကျိုးသက်ရောက်မှုကြီးမားနိုင်ပြီး ပြည်သူ့ကျန်းမာရေးအန္တရာယ်အဖြစ် ရှုမြင်သင့်သည်ဟု Prof.Singh မှ ပြောကြားခဲ့ပါသည်။ထို့အပြင်ဝင်ငွေအနည်းပါးဆုံး နှင့်အလယ်အလတ် ပမာဏရှိသော နိုင်ငံများတွင် အဆိုပါရောဂါ ဖြစ်ပွားမှုနှုန်းမှာ ပို၍များကြောင်း၊ ကမ္ဘာ့ နိုင်ငံအများစုတွင် သေဆုံးမှုများထဲမှ ပမာဏတော်တော်များများသည် နေ့ စဉ်စားသုံးမှုပုံစံထဲမှ sugar စားသုံးမှု များခြင်းကြောင့် ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေးအန္တရာယ်အဖြစ် သတ်မှတ်သင့်ပါကြောင်း sugar ပါ၀င်သော အချိုရည်အများစုသည် ကျန်းမာရေးအတွက် မကောင်းဘဲ သောက်သုံးမှုလျော့ချခြင်းသည်သာလျှင် အကောင်းဆုံးဖြစ်ကြောင်း Prof. Singh မှ အကြံပြုခဲ့ပါသည်။
Ref:
Dr. A.Z
Health Updates Journal;No. 177
as in:
Medical News Today
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
