ကိုယ်တွင်းအဆိပ်အတောက်တွေရှင်းချင်တယ်ဆိုရင်
30-Oct-2016
အရွယ်တင်နုပျိုစေဖို့၊ ခန္ဓာကိုယ်အားပြန်ပြည့်စေဖို့နဲ့ နိုးကြားတက်ကြွနေစေဖို့ အတွက် ခန္ဓာကိုယ်တွင်း အဆိပ်အတောက်တွေ ဖယ်ရှားပေးဖို့ လိုအပ်လာပါတယ်။ ဒီလိုဖယ်ရှားရာမှာ ဟင်းသီးဟင်းရွက်နဲ့ သစ်သီးဖျော်ရည် လတ်လတ်ဆတ်ဆတ် သောက်တာ အန္တရာယ်အကင်းဆုံးဖြစ်တာမို့ ဘယ်ဖျော်ရည်တွေက ကောင်းကျိုးပြုတယ်ဆိုတာ မျှဝေပေးလိုက်ပါတယ်။ ၁။ လတ်ဆတ်တဲ့ ပန်းသီးဖျော်ရည်မှာ ဓာတ်တိုးဆန့်ကျင်ဂုဏ်သတ္တိနဲ့ အာဟာရဓာတ်တွေ ပါဝင်ပြီး ကျောက်ကပ်နဲ့ အသည်းကို သန့်စင်ပြီးသားဖြစ်စေပါတယ်။ ၂။ ရေကတော့ အစာခြေဖျက်အားကောင်းစေပြီး မကောင်းတဲ့အမှုန်အမွှားနဲ့ အဆိပ်အတောက်တွေကို အစာခြေလမ်းကြောင်းကတစ်ဆင့် ဖယ်ရှားပေးတဲ့ အရိုးရှင်းဆုံး သဘာဝဆေးပဲဖြစ်ပါတယ်။ ၃။ မုန်လာဥနီ(ဗီတွတ်)ဖျော်ရည်ဖြစ်ပြီး သတ္တု ဓာတ်၊ ဓာတ်တိုးဆန့်ကျင်ဂုဏ်သတ္တိတွေနဲ့ ဗီတာမင်တွေ ပါဝင်တာကြောင့် အသည်းကို သန့်စင်စေတဲ့အပြင် သွေးအားနည်းတာကို ပုံမှန်ဖြစ်စေကာ ကိုလက်စထရောအဆင့်ကိုလည်း ထိန်းညှိပေးနိုင်ပါတယ်။ ၄။ သံပရာရည်မှာပါတဲ့ ဆီထရစ်အက်စစ်က အစာခြေမှု၊ ချက်မှုအတွက် ထောက်ကူသလို ကင်ဆာဖြစ်စေတဲ့ အဆိပ်အတောက်တွေကို ဖယ်ရှားပေးတယ်လို့ ဆိုပါတယ်။ ၅။ မုန်လာဥနီဖျော်ရည်မှာလည်း ဗီတာမင်အေနဲ့ သတ္တုဓာတ်တွေ ပါဝင်ပြီးအစာမကြေတာတွေ၊ ဝမ်းချုပ်တာတွေ နဲ့ အူတွင်းကပ်ပါးကောင်တွေကို
ဖယ်ရှားပေးပါတယ်။ ၆။ လတ်လတ်ဆတ်ဆတ် လိမ္မော်သီးဖျော်ရည်ကလည်း သတ္တုဓာတ်နဲ့ ဗီတာမင်တွေ ကြွယ်ဝစွာ ပါဝင်ပြီး ကိုယ်တွင်းဆဲလ်တွေ မပျက်စီးအောင် ကာကွယ်ပေးနိုင်စွမ်း ရှိပါတယ်။ ၇။ လက်ဖက်စိမ်း(ဂရင်းတီး) ဟာဆိုရင်လည်း ကင်ဆာနဲ့ အခြားသောရောဂါတွေ မဖြစ်ရလေအောင် ကာကွယ်ပေးတယ် လို့ဆိုပါတယ်။ ဒေါက်ခွရွက်၊ ပန်းဂေါ်ဖီစိမ်းနဲ့ ကိုက်လန်လိုမျိုး ဟင်းရွက်စိမ်းတွေကို ဖျော်ရည်လုပ်သောက်နိုင်သလို ဟင်းသီးဟင်းရွက်စုံနဲ့ သစ်သီးစုံဖျော်ရည် ပျစ်ပျစ် (Smoothie) တွေကလည်း ခန္ဓာကိုယ်တွင်းအဆိပ် အတောက်တွေကို ဖယ်ရှားပေးနိုင်ပါတယ်။
Ref: wellnessbin
7daydaily
No.727 Friday, May 8, 2015
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
