ဒန့်သလွန်သီးစားသင့်တဲ့ အကြောင်းရင်း
30-Oct-2016
အသီး၊ အရွက်၊ အပွင့် တစ်ပင်လုံးဆေးဖက်ဝင်တဲ့ ဒန့် သလွန်ဟာ ကျန်းမာရေး အတွက် ဘာတွေကောင်းကျိုး ပြုသလဲဆိုတာ သိထားရအောင် မျှဝေချင်ပါတယ်။ ဒန့်သလွန်သီးဟာ အအေးမိ၊ တုပ်ကွေး၊ လည်ချောင်းနာတာနဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါတွေနဲ့ အဆုတ်ရောဂါ၊ရင်ကျပ်၊ ပန်းနာ၊ တီဘီရောဂါတွေကိုလည်း ပျောက်ကင်းစေပါတယ်။ ကိုယ်ဝန်ဆောင်တွေ၊ နို့တိုက်မိခင်တွေအတွက်လည်း လိုအပ်တဲ့ဗီတာမင်တွေဖြည့်ပေးသလို နို့ထွက်အားလည်းကောင်းစေပါတယ်။ နောက်ပြီးကယ်လ်စီယမ်ဓာတ်လည်းပါလို့့ အရိုးကျန်းမာရေးအတွက်ကောင်းစေကာ သွေးသန့်စင် အောင်လည်း ထောက်ကူပေးပါတယ်။ ဘက်တီးရီးယားပိုးတွေကို မဝင်လာအောင် ကာကွယ်ပေးတဲ့ သဘာဝကာကွယ်ဆေးဖြစ်သလို အစာခြေအင်္ဂါ အဖွဲ့အစည်း ကောင်းကောင်း အလုပ်လုပ်ဖို့ အကျိုးပြုပါတယ်။ ဒန့်သလွန်သီးအစိမ်းကို အရည်ညှစ်၊ သံပရာ ရည်လေးနဲ့ရောပြီး ဝက်ခြံ၊ ဆားဝက်ခြံ၊ တင်းတိပ်နဲ့အရေပြား ပြဿနာတွေကိုလည်း ကုသနိုင်တယ်လို့ဆိုပါတယ်။ ဒန့်သလွန်သီးနဲ့ ဒန့်သလွန်ရွက် ပုံမှန်စားပေးမယ်ဆိုရင် ကင်ဆာရောဂါ ဖြစ်ပွားမှုကို ၈၀ရာခိုင်နှုန်းကာကွယ်ပေးနိုင်ပြီး အထူးသဖြင့် အမျိုးသမီးတွေ ရင်သားကင်ဆာမဖြစ်ပွားအောင် ကာကွယ်ပေးနိုင်ပါတယ်။ နောက်ပြီး အူနဲ့ကိုယ်တွင်းပိုင်းအနာရောဂါ ဖြစ်ပွားတာတွေကို သက်သာပျောက်ကင်းစေတဲ့အပြင် မျက်စိအမြင်အာရုံကောင်းစေဖို့လည်း အကျိုးပြုပါတယ်။ အမျိုးသမီးတွေ ဓမ္မတာလာချိန် နာကျင်ကိုက်ခဲရင်လည်း ဒန့်သလွန်သီးဟင်းချိုလေးချက်သောက်ရင် သက်သာစေသလို သားအိမ်ရောဂါတွေမဖြစ်ဖို့လည်း ထောက်ကူပေးတယ်လို့ဆိုပါတယ်။ ဒါတင်မက ဒန့်သလွန်သီးနဲ့အရွက်ဟာ ဦးခေါင်းထိခိုက်ဒဏ်ရာ တွေအမြန်သက်သာဖို့အတွက်လည်း အကျိုးပြုတဲ့အပြင် ကိုယ်ခံစွမ်းအားကောင်းအောင်လည်း ကူညီနိုင်ပါတယ်။ သွေးလည်ပတ်မှု ကောင်းစေပြီး ဆီးချိုဝေဒနာရှင်တွေအတွက်လည်း သွေးတွင်း သကြားဓာတ်ကိုလျှော့ချပေးနိုင်စွမ်းရှိပါတယ်။
Ref:
7 day daily news journal
No.874
Friday, October 2, 2015
Source:
Healthbenefitstimes.com
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
