လိမ္မော်ရည်စစ်စစ် သောက်သုံးခြင်းဟာ ၆ နာရီကြာ လန်းဆန်းနေစေနိုင်
30-Oct-2016
သင် ပင်ပန်းတယ်လို့ ခံစားနေရပါသလား။ အဲဒါဆိုရင်တော့ ကော်ဖီမဖျော်လိုက်ပါနဲ့။ လိမ္မော်ရည် သောက်ဖို့ ကြိုးစားကြည့်လိုက်ပါ။ သုတေသနတစ်ခုက ရှာဖွေတွေ့ရှိခဲ့တာကတော့ လက်ရှိမှာ ပေါ်ပြူလာ အဖြစ်ဆုံး အချိုရည် Orange Juice ဟာ နိုးကြားမှု ၊ အာရုံစူးစိုက်မှု နဲ့ တုံ့ပြန်မှု တို့ကို အားကောင်းစေနိုင်တယ် ဆိုတာပါပဲ။ ဒီထက်ပိုပြီး အသုံးဝင်တာက လိမ္မော်ရည်ရဲ့ သက်ရောက်မှုတွေဟာ နာရီပေါင်းများစွာထိ အကျုံုးဝင် နေတာကြောင့်ပါ။ မနက်စာ အနေနဲ့ လိမ္မော်ရည် သောက်သုံးသူတွေဟာ မွန်းလွဲ ချိန်လောက်ထိ လန်းဆန်းနေစေမှာပါ။ ထို သုတေသနမှာတော့ ရီဒင်း တက္ကသိုလ်က သုတေသီတွေဟာ လူငယ်အမျိုးသား ၂၄ ယောကကို ဘက်ထရီက တစ်ဆင့် ၂ ရက်ကြာ စိတ်ပိုင်းဆိုင်ရာ စစ်ဆေးမှု ပြုလုပ်ခဲ့ပါတယ်။ ထို ၂ ရက်ထဲက ၁ ရက်မှာတော့ လိမ္မော်ရည် တစ်ခွက်သောက်သုံးစေပြီး ကျန် ၁ ရက်မှာတော့ သကြားရည်ထည့်သွင်းထားပြီး လိမ္မော်ရည်လို အရသာမျိုးရှိတဲ့ ဖျော်ရည်တွေ သောက်သုံးစေခဲ့ပါတယ်။ ထို အမျိုးသားတွေ လိမ္မော်ရည် အစစ် ကို သောက်သုံးရတဲ့နေ့မှာတော့ မြန်ဆန်မှု နဲ့ အာရုံစိုက်နိုင်မှု အပိုင်းတွေမှာ ပိုမိုကောင်းမွန်နေတာကို စိတ်ပိုင်းဆိုင်ရာ စစ်ဆေးမှု တွေအရ သိခဲ့ရပါတယ်။ ဒါ့အပြင် ထိုအမျိုးသားတွေဟာ ၆ နာရီ အကြာအထိ လန်းဆန်းနေတာကိုလည်း စစ်ဆေးမှုမှာတွေ့ခဲ့ ပြန်ပါတယ်။ အဲဒီလို လိမ္မော်ရည် သောက်ပြီး လန်းဆန်းနေရခြင်း အကြောင်းအရင်းက တော့ Flavonoids လို့ ခေါ်တဲ့ ကျန်းမာရေး ကောင်းမွန်စေတဲ့ ဆေးဖက်ဝင် ဓါတု ပစ္စည်း တစ်မျိုးကြောင့်ဖြစ်ပြီး ထို Flavonoids ကိုတော့ လိမ္မော်ရည်ကဲ့သို့သော အရည်ရွှမ်းတဲ့ အဝါရောင် သစ်သီးတွေနဲ့ ဟင်းသီးဟင်းရွက် အများစု မှာ ရှာဖွေတွေ့ရှိနိုင်တယ်လို့ သိရပါတယ်။ ထို ဓါတု ပစ္စည်းဟာ ဦးနှောက် ရဲ့ သွေးလည်ပတ်မှုကို ပိုမိုကောင်းမွန်စေပြီး ဦးနှောက်ဆဲလ်တွေကြားက သတင်းအချက်အလက် ပို့ဆောင်မှု ကို သက်သာ ချောမွေ့စေပါတယ်။ နောက်ဆုံး သုတေသန အရတော့ တစ်နေ့ကို လိမ္မော်ရည် ၂၄၀ မီလီလီတာ ခန့်သောက်သုံးခြင်းဟာ ကျန်းမာရေးအတွက် အကျိုးရှိစေတယ်ဆိုတာပါပဲ။ ထိုလေ့လာမှု ကိုတော့ ဥရောပ ဂျာနယ်တစ်စောင်ဖြစ်တဲ့ Journal of Nutririon မှာ ပုံနှိပ်ဖော်ပြခဲ့ပါတယ်။
Ref :
Mario
သစ်ထူးလွင်(ကျန်းမာရေး)
1.10.2015
Source : Dailymail
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
