ဂျင်း၏ ကျန်းမာရေးအကျိုးကျေးဇူးများ
30-Oct-2016
ဂျင်းဟာ အလွန်ဆေးဝင်တဲ့ အစားအစာတစ်မျိုးဖြစ်သလို ဆေးဖော်စပ်ရာ မှာလည်း အလွန်အစွမ်းထက်တဲ့ သဘာဝဆေးတစ်မျိုး ဖြစ်ပါတယ်။ ဂျင်းပြုတ်ရည်ကို အမျိုးသမီးများသာမက အမျိုးသားများလည်း မကြာခဏ သောက်သုံးပေးနိုင်ပါတယ်။
ဆေးဖက်ဝင်အောင် ဂျင်းပြုတ်ရည် ပြုတ်နည်း
(၁) ဂျင်းတက်ကို အခွံခွါ၊ အကွင်းလိုက်ပါးပါးလှီး၍ ပွတ်ပွတ်ဆူနေသော ရေနွေးအိုးထဲကို ထည့်ပါ။
(၂) အနည်းဆုံး ၁၀ မိနစ်၊ ၁၅ မိနစ်ခန့် ပြုတ်ထားပါ။
(၃) ရေနွေးအိုးကို အောက်ချ၊ အဖုံးအုပ်ထားပြီး ၁၀ မိနစ်ခန့် ထားပါ။
(၄) ခပ်နွေးနွေးလေးဖြစ်ရင် ခွက်ထဲကို ဂျင်းပြုတ်ရည်ထည့်၍ ရှောက်သီး တစ်စိတ် ညစ်ထည့်ပါ။
(၅) ပျားရည် လက်ဖက်စားဇွန်း ၂ ဇွန်းလောက်ထည့်ပါ။ ပူစီနံရွက် ၂ ရွက်ခန့် ထည့်၍ သောက်ပါ။
ဂျင်းကို ဂျင်းပြုတ်ရည်လုပ်သောက်နိုင်ရုံမကပဲ ဂျင်းသုပ်လုပ်စားခြင်း၊ ဟင်းချက်ရာတွင် ထည့်သွင်းစားသုံးခြင်း စသဖြင့် အမျိုးစုံးပြုလုုပ်၍ စားသုံးပေးနိုင်ပါတယ်။ ဂျင်းမှာပါ၀င်တဲ့ Manganese ဓါတ်ဟာ Testosterone ထုတ်လွတ်မှု များပြားသည့်အတွက် မျိုးအောင်နှုန်း ကို ပိုမိုမြင့်တက်လာစေပါတယ်။ သွေးလည်ပတ်မှုကို အားကောင်းလာစေသည့်အတွက် အမျိုးသားများအတွက် အိမ်ထောင်မှုသုခကို ပြည့်ဝစေပါတယ်။ ဂျင်းမှာပါ၀င်တဲ့ ဗီတာမင်ဓါတ် တစ်မျိုးဟာ နှလုံးသွေးကြောကျဉ်းစေတဲ့ သွေးခဲများကိုလည်း လျှော့ချပေးနိုင်သည့်အတွက် နှလုံးရောဂါနှင့် အူမကြီးကင်ဆာဖြစ်ပွါးမှုများကိုပါ လျှော့ချပေးနိုင်ပါတယ်။သွေးထဲမှာပါ၀င်နေတဲ့ အချိုဓါတ်များကိုလည်း လျှော့ချပေးနိုင်သည့် အတွက် ဆီးချိုသွေးချိုသမားများလည်း ဂျင်းကို မကြာခဏ စားသုံးပေးသင့်ပါတယ်။ လွယ်ကူသက်သာသောနည်းဖြင့် ကျန်းမာရေးအတွက် အကျိုးရှိစွာ အသုံးပြုနိုင်ကြပါစေ။
Ref:
စောနွဲ ့နေဆိုင်(ပူတာအို)
ကိုးကာား - Health Benefits of Ginger
Myawady Health
September 24 •2015
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
