နဂါးမောက်သီး၏ အစွမ်း ( Dragon fruit)
30-Oct-2016
လျှားစောင်း လက်ပတ် အနွယ်ဝင် နားဂါးမောက်သီး ပင်ဟာ တောင်အမေရိက တိုက်နဲ့ မက္ကစီကို ဒေသတို့မှာ စတင် တွေ့ရှိခဲ့ကြပြီး ယခုအခါ မှာတော့ အာရှနိုင်ငံများဖြစ်တဲ့ ထိုင်း၊ ဗီယက်နမ်၊ ဖိလစ်ပိုင်တို့မှာ စီးပွားဖြစ် မြောက်မြားစွာ စိုက်ပျိုး လာကြပြီဖြစ်ပါတယ်။ကျွန်တော်တို့ မြန်မာနိုင်ငံမှာတော့ နဂါးမောက်သီးဟာ ခေတ်စားလာတာ မကြာသေးဘူးလို့ ဆိုရပါမယ်။ ယခင်ကတော့ နိုင်ငံခြားကနေသာ တင်သွင်းလာတာဖြစ်ပြီး ခုနောက်ပိုင်းမှာမှ ပြည်တွင်းမှာ အထူးသဖြင့် ရှမ်းပြည်နယ် ဘက်တွေမှာ စိုက်ပျိုးလာကြတာ တွေ့ရှိရပြီး ရန်ကုန် မှာတော့ မြေပဒေသာ ကျွန်းထဲမှာ အပင် တစ်ချို့ တွေ့ခဲ့ရပါတယ်။
အရသာ အနေနဲ့ ထူးထူးခြားခြား ကောင်းလှတယ် မဆိုနိုင်ပေမဲ့ ကျန်းမာရေး အတွက် ကောင်းမွန်တာမို့ ထင်ရှားလာတဲ့ အသီးလည်း ဖြစ်ပါတယ်။ အရည်ရွှမ်းပြီး အနည်းငယ်ချိုတဲ့ အရသာ ရှိပါတယ်။ အနက်ရောင် အစေ့လေးပေါင်း မြောက်မြားစွာ ပါ၀င်ပြီး နဂါးမောက်သီး အမှည့် အခွံဟာ အများအားဖြင့် နီရဲတဲ့ အရောင်အဆင်း ရှိပြီး အဝါရောင်လည်း ရှိတတ်ပါတယ်။အတွင်းသားမှာ အဖြူရောင်နဲ့ အနီရောင် နှစ်မျိုး ရှိပါတယ်။
နဂါးမောက်သီးဟာ သွေးတွင်းရှိ သကြားဓာတ်ကို လျော့ချပေးနိုင်စွမ်း ရှိသောကြောင့် သွေးတိုး ဆီးချိုး သမားအတွက် အလွန်သင့်တော်တဲ့ အသီးဖြစ်ပါတယ်။ ကင်ဆာ ဖြစ်စေနိုင်သော ဓာတ်တိုး ပစ္စည်းကို လျော့ချပေးနိုင်သောကြောင့် ကင်ဆာကို ကာကွယ်ပေးခြင်း၊ ကိုလက် စထရောကို လျှော့ချပေးနိုင်ခြင်း၊ အသားအရေကို ချောမွတ် စိုပြေစေခြင်း၊ အစာစားချင်စိတ်ကို တိုးပွားစေခြင်း၊ အစာခြေဖျက်ခြင်းကို အားပေးခြင်း၊ အဆီများကို ခြေဖျက်ခြင်း၊ သွားနှင့် အရိုးများကို ခိုင်မာစေခြင်း၊ မှတ်ဉာဏ်အားနှင့် မျက်လုံးအားကောင်းစေခြင်း၊ ဒဏ်ရာများကို သက်သာ ပျောက်ကင်းစေခြင်း စတဲ့ ကောင်းကျိုးများစွာ ပေးနိုင်တဲ့ အသီး ဖြစ်ပါတယ်။ နလံထ လူမမာများ အတွက် အထူးသင့်လျော်သော အသီး ဖြစ်ပါတယ်။
Ref:
မြဝတီ
Myawady Health
September 30 •2015
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
